နီကိုရဲနဲ့ ငယ်ဘဝအမှတ်တရတွေအကြောင်း ရင်ဖွင့်လိုက်တဲ့ စိုင်းစိုင်း

စိုင်းစိုင်းဟာဆိုရင် အောင်မြင်မှုကို အချိန်အကြာဆုံးထိန်းထားနိုင်တဲ့အနုပညာရှင်တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပြီး ဒီနေ့အချိန်အထိလည်း အအောင်မြင်ဆုံးထိပ်တန်းအနုပညာရှင်တစ်ဦးဖြစ်နေဆဲပါ။ စိုင်းစိုင်းဟာ အနုပညာကို သက်ဝင်ယုံကြည်သူဖြစ်ပြီး ရုပ်ရှင်ဂီတတင်မကပဲ စာပေကိုလည်းလေ့လာလိုက်စားသူတစ်ဦးဖြစ်ပါတယ်။ စိုင်းစိုင်းက သူ့ရဲ့ လူမှုကွန်ယက်မှာ ရင်တွင်းဖြစ် ကဗျာတွေ စာသားလေးတွေကို တင်လေ့ရှိသလို သူ့ကိုယ်ပိုင် ဝတ္ထုစာအုပ်တွေထွက်ရှိထားသူလည်းဖြစ်ပါသေးတယ်။စိုင်းစိုင်းက လူမှုကွန်ယက်မှာ ဘဝထဲက သူမှတ်မိတဲ့ ရင်ထဲမှာ ခံစားရတဲ့ အကြောင်းအရာလေးတွေကို ကျွန်တော်နဲ့တစ်ခါက ဆိုတဲ့စာသားလေးနဲ့ တွဲပြီးရေးသားမျှဝေလေ့ရှိပါတယ်။ မကြာသေးမီကတော့ စိုင်းစိုင်းက သူ့ရဲ့ လူမှုကွန်ယက်မှာ ငယ်စဉ် အနုပညာလောကထဲစတင်ဝင်ရောက်ခါစက မှတ်ဉာဏ်တွေနဲ့ စာရေးဆရာ နီကိုရဲနဲ့ ရင်းနှီးခဲ့ရတဲ့အမှတ်တရတွေကို ပြန်ပြောင်းပြောပြလာခဲ့ပါတယ်။

စိုင်းစိုင်းက ဆရာနီကိုရဲနဲ့ အရင်ဆုံးခင်ခဲ့ကြောင်းကို “ကျနော် ရန်ကုန်ရောက်လာပြီးတော့ ယောင်ခြောက်ဆယ်နဲ့ ယက်ယက်ကန်ကန်ဖြစ်နေတဲ့အချိန်မှာ (စာရေးဆရာ) ဆရာနီကိုရဲနဲ့ စပြီးခင်ပါတယ် ကျနော်က ဘုရင့်နောင်မှာနေတယ် သူက သင်္ကန်းကျွန်းမှာ နှစ်ယောက်သား သုဝဏ္ဏက လက်ဖက်ရည်ဆိုင်မှာ သွားသွားထိုင်တယ် ကျနော်မတောက်တခေါက်ရေးထားတဲ့စာတွေလည်း အတင်းဖတ်ခိုင်းတာပေါ့ကိုရဲက ဇာတ်ညွှန်းရေးဆရာလည်းဖြစ်တော့ သူနဲ့အတူတူ ရှုတင်တွေလည်း လျှောက်လိုက်ပေါ့ဗျာ”လို့ ပြောပြထားပြီး နီကိုရဲနဲ့ ရုပ်ရှင်ရိုက်ဖြစ်ခဲ့ပြီး ရုပ်ရှင်နယ်ပယ်ထဲဝင်လာခဲ့ဖြစ်ပုံကိုလည်း “တစ်ရက်တော့ ကိုရဲက ဗီဒီယိုရိုက်ရအောင်ကွာ ငါ့မှာပိုက်ဆံဒီလောက်ရှိတယ် မင်းမှာဘယ်လောက်ရှိလဲတဲ့ ကျနော်လည်း သူငယ်ချင်း ၃ ယောက်ကို မြှောက်ပေးပြီး ပိုက်ဆံစုကြတယ် RC2 က queen မမ တစ်ယာက်ကိုလည်း သူ့အိမ်မှာ သွားစည်းရုံးတယ် ပထမဆုံး camera ရှေ့မှာ စရိုက်ဖူးခဲ့တဲ့ဟာပေါ့ အဲဒီနေ့က အခုလိုမိုးတွင်းတစ်ရက်ပဲဆိုတာ မှတ်မိတယ် အဲ့ဇာတ်ကားလည်း ပြီးအောင် မရိုက်လိုက်ရပါဘူး ထွက်လာဖို့ဆိုတာဝေးရော ပထမဆုံး ရှုတင်စတည်တဲ့နေ့က ကိုရဲဒါရိုက်တာလုပ်တာဟေ့ဆိုပြီး ဆရာကျောင်း (ဒီဇိုင်းမျိုးဆွေသန်း ) က လာရှိုးတာခင်ဗျ အဲ့နေ့မှာ ဆရာကျောင်းနဲ့ ရင်းနှီးသွားတယ်ဆိုပါတော့ နောက်ရက်ကျတော့ ဆရာကျောင်းကျနော့်ကိုဖုန်းဆက်လာပြီးတော့ စီးရီးကြော်ငြာ ရိုက်စရာရှိလို့ သန်လျင်မှာသွားရိုက်ကြရအောင်တဲ့ .. အိုကေ ချမယ်ဗျာ.. ကျိုက်ခေါက်ဘုရားနားမှာရိုက်တာ မြန်မာသံသီချင်း ပုဆိုးနဲ့ ဘာနဲ့”လို့ ဖောက်သည်ချထားပါတယ်။

အဲဒီနောက်မှာ ကြော်ငြာတွေ VCD တွေရိုက်ပြီး ပရိသတ်အသိအမှတ်ပြုခံခဲ့ရပုံကို “ကြော်ငြာရိုက်တဲ့နေ့လည်မှာ ဓာတ်ပုံဦးပီတာက ဆိုင်ကယ်ကြီးနဲ့ပေါက်ချလာတယ် ဘာတွေလုပ်နေကြပြန်ပြီလဲဆိုပြီး လာရှိုးတာပါပဲ အဲဒီနေ့မှာပဲ ဦးပီတာနဲ့ ရင်းနှီးသွားပြန်ပါတယ် နောက်တစ်ပတ်လောက်ကျတော့ ဦးပီတာဖုန်းဆက်လာပြီး ငါလည်း စီးရီးကြော်ငြာရိုက်မလို့တဲ့ ကန်တော်ကြီးဗိုလ်ချုပ်ပန်းခြံတဲ့ ကျနော်လည်း အဲ့ဒီတော့မှ ကန်တော်ကြီးဆိုတာရောက်ဖူးတာပဲ အိုက်တင် ဘယ်လိုသင်လဲဆိုတော့ မင်းလုပ်တတ်သလို လုပ်ကွာတဲ့ အဲလိုနဲ့ ကြော်ငြာတစ်ခုရိုက်ဖြစ်ကြတယ် နောက်တစ်ပတ်ကျတော့ နောက်ထပ်တစ်ခွေတဲ့ အဲဒီအခါကျတော့မှ Smile နဲ့ ကျနော်နဲ့ကို တနိုင်ငံလုံးသတိထားမိခဲ့ကြတာပါ ကို Alex ဆိုတဲ့သီချင်းနဲ့ ကျနော်လည်း အတွဲခွေကြော်ငြာမှန်သမျှရိုက်ရတော့တာပဲ အဲဒီကနေ VCD ဆိုတာကြီးပေါ်လာတော့ VCD မင်းသားအလုပ်ရသွားတာပေါ့ တစ်ပုဒ် ၄၀၀၀ တစ်ရက် ၂ ပုဒ်ရိုက်ရင် ၈၀၀၀ ယူပြီးပြန် လွမ်းတတ်ရင်တော့ လွမ်းချင်စရာ ကျနော့်ဘဝဖြစ်စဉ်မှာ ကိုနီကိုရဲ ဒီဇိုင်းဆရာကျောင်းနဲ့ ဓာတ်ပုံဦးပီတာတို့ကို ဒီစာနဲ့ ဂါရဝပြုပါတယ် အံ့ဩစရာ ဒီပုဂ္ဂိုလ်တွေနဲ့ ကျနော် အမှတ်တရဓာတ်ပုံ တစ်ပုံမှကိုမရှိတာပဲ ဒါနဲ့ ငယ်ငယ်က ကျနော်တို့ သူငယ်ချင်း ၂ ယောက်ပုံပဲ ဒီစာမှာအမှတ်တရထည့်သွင်းပါတယ် ဒီပုံတောင် Smile ပေးထားလို့ ကျနော့်မှာရှိနေတာ”လို့ရေးထားပြီး smile ပေးထားတဲ့ ဓာတ်ပုံလေးနဲ့ တွဲတင်ထားခဲ့ပါတယ်။

အဲဒီလို ငယ်စဉ်ဘဝမှာ ကြော်ငြာလေးတွေ VCD လေးတွေရိုက်ပြီး အခုလို ထိပ်တန်းအဆိုတော်မင်းသားတစ်ယောက်အဖြစ် ရောက်အောင် လှမ်းတက်လာနိုင်ခဲ့တဲ့ စိုင်းစိုင်းကတော့ လေးစားစရာပါပဲ။ ဒါ့အပြင် အောင်မြင်မှုကိုနှစ်တွေအကြာကြီးထိန်းထားနိုင်တာကလည်း ပိုလို့တောင်လေးစားစရာကောင်းနေပါသေးတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် စိုင်းစိုင်းရဲ့ ငယ်ဘဝအမှတ်တရစာသားလေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးရော စိုင်းစိုင်းကို ချစ်ကြလား။ ရုပ်ရှင်ရုံတွေပြန်ဖွင့်ရင် စိုင်းစိုင်းရဲ့ ပိတောက်ကတဲ့ ဂီတ ကို သွားရောက်ကြည့်ရှုအားပေးကြဦးမှာလား။ပြောခဲ့ကြပါဦး။

Zawgyi

စုိင္းစုိင္းဟာဆိုရင္ ေအာင္ျမင္မႈကုိ အခ်ိန္အၾကာဆံုးထိန္းထားနုိင္တဲ့အနုပညာရွင္ေတြထဲမွာ တစ္ဦးအပါအဝင္ျဖစ္ျပီး ဒီေန႔အခ်ိန္အထိလည္း အေအာင္ျမင္ဆံုးထိပ္တန္းအနုပညာရွင္တစ္ဦးျဖစ္ေနဆဲပါ။ စုိင္းစိုင္းဟာ အနုပညာကုိ သက္ဝင္ယံုၾကည္သူျဖစ္ျပီး ရုပ္ရွင္ဂီတတင္မကပဲ စာေပကုိလည္းေလ့လာလိုက္စားသူတစ္ဦးျဖစ္ပါတယ္။ စုိင္းစိုင္းက သူ႔ရဲ႕ လူမႈကြန္ယက္မွာ ရင္တြင္းျဖစ္ ကဗ်ာေတြ စာသားေလးေတြကုိ တင္ေလ့ရွိသလို သူ႔ကုိယ္ပုိင္ ဝတၳဳစာအုပ္ေတြထြက္ရွိထားသူလည္းျဖစ္ပါေသးတယ္။စုိင္းစို္င္းက လူမႈကြန္ယက္မွာ ဘဝထဲက သူမွတ္မိတဲ့ ရင္ထဲမွာ ခံစားရတဲ့ အေၾကာင္းအရာေလးေတြကုိ ကြ်န္ေတာ္နဲ႔တစ္ခါက ဆိုတဲ့စာသားေလးနဲ႔ တြဲျပီးေရးသားမွ်ေဝေလ့ရွိပါတယ္။ မၾကာေသးမီကေတာ့ စို္င္းစိုင္းက သူ႔ရဲ႕ လူမႈကြန္ယက္မွာ ငယ္စဥ္ အနုပညာေလာကထဲစတင္ဝင္ေရာက္ခါစက မွတ္ဥာဏ္ေတြနဲ႔ စာေရးဆရာ နီကုိရဲနဲ႔ ရင္းနွိီးခဲ့ရတဲ့အမွတ္တရေတြကုိ ျပန္ေျပာင္းေျပာျပလာခဲ့ပါတယ္။

စုိင္းစုိင္းက ဆရာနီကုိရဲနဲ႔ အရင္ဆံုးခင္ခဲ့ေၾကာင္းကုိ “က်ေနာ္ ရန္ကုန္ေရာက္လာၿပီးေတာ့ ေယာင္ေျခာက္ဆယ္နဲ႔ ယက္ယက္ကန္ကန္ျဖစ္ေနတဲ့အခ်ိန္မွာ (စာေရးဆရာ) ဆရာနီကိုရဲနဲ႔ စၿပီးခင္ပါတယ္ က်ေနာ္က ဘုရင့္ေနာင္မွာေနတယ္ သူက သကၤန္းကြၽန္းမွာ ႏွစ္ေယာက္သား သုဝဏၰက လက္ဖက္ရည္ဆိုင္မွာ သြားသြားထိုင္တယ္ က်ေနာ္မေတာက္တေခါက္ေရးထားတဲ့စာေတြလည္း အတင္းဖတ္ခိုင္းတာေပါ့ကိုရဲက ဇာတ္ၫႊန္းေရးဆရာလည္းျဖစ္ေတာ့ သူနဲ႔အတူတူ ရႈတင္ေတြလည္း ေလွ်ာက္လိုက္ေပါ့ဗ်ာ”လို႔ ေျပာျပထားျပီး နီကုိရဲနဲ႔ ရုပ္ရွင္ရုိက္ျဖစ္ခဲ့ျပီး ရုပ္ရွင္နယ္ပယ္ထဲဝင္လာခဲ့ျဖစ္ပံုကုိလည္း “တစ္ရက္ေတာ့ ကိုရဲက ဗီဒီယို႐ိုက္ရေအာင္ကြာ ငါ့မွာပိုက္ဆံဒီေလာက္ရွိတယ္ မင္းမွာဘယ္ေလာက္ရွိလဲတဲ့ က်ေနာ္လည္း သူငယ္ခ်င္း ၃ ေယာက္ကို ေျမႇာက္ေပးၿပီး ပိုက္ဆံစုၾကတယ္ RC2 က queen မမ တစ္ယာက္ကိုလည္း သူ႔အိမ္မွာ သြားစည္း႐ုံးတယ္ ပထမဆုံး camera ေရွ႕မွာ စ႐ိုက္ဖူးခဲ့တဲ့ဟာေပါ့ အဲဒီေန႔က အခုလိုမိုးတြင္းတစ္ရက္ပဲဆိုတာ မွတ္မိတယ္ အဲ့ဇာတ္ကားလည္း ၿပီးေအာင္ မ႐ိုက္လိုက္ရပါဘူး ထြက္လာဖို႔ဆိုတာေဝးေရာ ပထမဆုံး ရႈတင္စတည္တဲ့ေန႔က ကိုရဲဒါ႐ိုက္တာလုပ္တာေဟ့ဆိုၿပီး ဆရာေက်ာင္း (ဒီဇိုင္းမ်ိဳးေဆြသန္း ) က လာရႈိးတာခင္ဗ် အဲ့ေန႔မွာ ဆရာေက်ာင္းနဲ႔ ရင္းႏွီးသြားတယ္ဆိုပါေတာ့ ေနာက္ရက္က်ေတာ့ ဆရာေက်ာင္းက်ေနာ့္ကိုဖုန္းဆက္လာၿပီးေတာ့ စီးရီးေၾကာ္ျငာ ႐ိုက္စရာရွိလို႔ သန္လ်င္မွာသြား႐ိုက္ၾကရေအာင္တဲ့ .. အိုေက ခ်မယ္ဗ်ာ.. က်ိဳက္ေခါက္ဘုရားနားမွာ႐ိုက္တာ ျမန္မာသံသီခ်င္း ပုဆိုးနဲ႔ ဘာနဲ႔”လို႔ ေဖာက္သည္ခ်ထားပါတယ္။

အဲဒီေနာက္မွာ ေၾကာ္ျငာေတြ VCD ေတြရိုက္ျပီး ပရိသတ္္အသိအမွတ္ျပဳခံခ့ဲရပံုကုိ “ေၾကာ္ျငာ႐ိုက္တဲ့ေန႔လည္မွာ ဓာတ္ပုံဦးပီတာက ဆိုင္ကယ္ႀကီးနဲ႔ေပါက္ခ်လာတယ္ ဘာေတြလုပ္ေနၾကျပန္ၿပီလဲဆိုၿပီး လာရႈိးတာပါပဲ အဲဒီေန႔မွာပဲ ဦးပီတာနဲ႔ ရင္းႏွီးသြားျပန္ပါတယ္ ေနာက္တစ္ပတ္ေလာက္က်ေတာ့ ဦးပီတာဖုန္းဆက္လာၿပီး ငါလည္း စီးရီးေၾကာ္ျငာ႐ိုက္မလို႔တဲ့ ကန္ေတာ္ႀကီးဗိုလ္ခ်ဳပ္ပန္းၿခံတဲ့ က်ေနာ္လည္း အဲ့ဒီေတာ့မွ ကန္ေတာ္ႀကီးဆိုတာေရာက္ဖူးတာပဲ အိုက္တင္ ဘယ္လိုသင္လဲဆိုေတာ့ မင္းလုပ္တတ္သလို လုပ္ကြာတဲ့ အဲလိုနဲ႔ ေၾကာ္ျငာတစ္ခု႐ိုက္ျဖစ္ၾကတယ္ ေနာက္တစ္ပတ္က်ေတာ့ ေနာက္ထပ္တစ္ေခြတဲ့ အဲဒီအခါက်ေတာ့မွ Smile နဲ႔ က်ေနာ္နဲ႔ကို တႏိုင္ငံလုံးသတိထားမိခဲ့ၾကတာပါ ကို Alex ဆိုတဲ့သီခ်င္းနဲ႔ က်ေနာ္လည္း အတြဲေခြေၾကာ္ျငာမွန္သမွ်႐ိုက္ရေတာ့တာပဲ အဲဒီကေန VCD ဆိုတာႀကီးေပၚလာေတာ့ VCD မင္းသားအလုပ္ရသြားတာေပါ့ တစ္ပုဒ္ ၄၀၀၀ တစ္ရက္ ၂ ပုဒ္႐ိုက္ရင္ ၈၀၀၀ ယူၿပီးျပန္ လြမ္းတတ္ရင္ေတာ့ လြမ္းခ်င္စရာ က်ေနာ့္ဘဝျဖစ္စဥ္မွာ ကိုနီကိုရဲ ဒီဇိုင္းဆရာေက်ာင္းနဲ႔ ဓာတ္ပုံဦးပီတာတို႔ကို ဒီစာနဲ႔ ဂါရဝျပဳပါတယ္ အံ့ဩစရာ ဒီပုဂၢိဳလ္ေတြနဲ႔ က်ေနာ္ အမွတ္တရဓာတ္ပုံ တစ္ပုံမွကိုမရွိတာပဲ ဒါနဲ႔ ငယ္ငယ္က က်ေနာ္တို႔ သူငယ္ခ်င္း ၂ ေယာက္ပုံပဲ ဒီစာမွာအမွတ္တရထည့္သြင္းပါတယ္ ဒီပုံေတာင္ Smile ေပးထားလို႔ က်ေနာ့္မွာရွိေနတာ”လို႔ေရးထားျပီး smile ေပးထားတဲ့ ဓာတ္ပံုေလးနဲ႔ တြဲတင္ထားခဲ့ပါတယ္။

အဲဒီလို ငယ္စဥ္ဘဝမွာ ေၾကာ္ျငာေလးေတြ VCD ေလးေတြရိုက္ျပီး အခုလို ထိပ္တန္းအဆုိေတာ္မင္းသားတစ္ေယာက္အျဖစ္ ေရာက္ေအာင္ လွမ္းတက္လာနုိင္ခဲ့တဲ့ စုိင္းစိုင္းကေတာ့ ေလးစားစရာပါပဲ။ ဒါ့အျပင္ ေအာင္ျမင္မႈကိုနွစ္ေတြအၾကာၾကီးထိန္းထားနုိင္တာကလည္း ပုိလို႔ေတာင္ေလးစားစရာေကာင္းေနပါေသးတယ္။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးအတြက္ စုိင္းစုိင္းရဲ႕ ငယ္ဘဝအမွတ္တရစာသားေလးေတြကုိေဖာ္ျပေပးလို္က္ပါတယ္ေနာ္။ ပရိသတ္ၾကီးေရာ စုိင္းစုိင္းကုိ ခ်စ္ၾကလား။ ရုပ္ရွင္ရံုေတြျပန္ဖြင့္ရင္ စုိင္းစုိင္းရဲ႕ ပိေတာက္ကတဲ့ ဂီတ ကုိ သြားေရာက္ၾကည့္ရႈအားေပးၾကဦးမွာလား။ေျပာခဲ့ၾကပါဦး။