ပရိသတ်တွေ သူ့အတွက် မငြင်းခုန်ကြဖို့ မေတ္တာရပ်ခံလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်

စိုင်းစိုင်းဟာဆိုရင် အောင်မြင်မှုကို အချိန်အကြာဆုံးထိန်းထားနိုင်တဲ့အနုပညာရှင်တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပြီး ဒီနေ့အချိန်အထိလည်း အအောင်မြင်ဆုံးထိပ်တန်းအနုပညာရှင်တစ်ဦးဖြစ်နေဆဲပါ။ စိုင်းစိုင်းဟာ အနုပညာကို သက်ဝင်ယုံကြည်သူဖြစ်ပြီး ရုပ်ရှင်ဂီတတင်မကပဲ စာပေကိုလည်းလေ့လာလိုက်စားသူတစ်ဦးဖြစ်ပါတယ်။ စိုင်းစိုင်းဟာ ဒီနေ့ဒီအချိန်အထိ အောင်မြင်တဲ့ သီချင်းပေါင်းများစွာကို ရေးသားသီဆိုထားခဲ့သလို ပရိသတ်အားပေးမှုအများဆုံးရရှိထားခဲ့သူတစ်ဦးဖြစ်တာနဲ့အညီ စိုင်းစိုင်းရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ အများသူငှာတွေထက် အဆရာထောင်ချီအောင် များပြားတဲ့ တိုက်ခိုက်မှုတွေဝေဖန်မှုတွေခံခဲ့ရသူတစ်ဦးလည်းဖြစ်ပါတယ်။ ဒါပေမယ့် စိုင်းစိုင်းက ဝေဖန်တိုက်ခိုက်မှုတွေကို ဂရုထားလေ့မရှိပဲ သူချစ်တဲ့အနုပညာလမ်းကိုသာ တစိုက်မတ်မတ်ဆက်လက်လျှောက်လှမ်းလာခဲ့သူပါ။

ပြီးခဲ့တဲ့ ရက်ကတော့ Facebook အသုံးပြုသူတစ်ဦးက စိုင်းစိုင်းကို ဝေဖန်ပြောဆိုတဲ့ post တစ်ခုတင်ထားခဲ့ပြီး အဲဒီပို့စ်အောက်မှာ စိုင်းစိုင်းကို စီးပွားရေးသမားလို့ ဝေဖန်သူတွေလည်းရှိခဲ့တဲ့အပြင် အခြားသူတွေရဲ့ ဝေဖန်မှုတွေလည်းအများအပြားတွေ့ရပါတယ်။ စိုင်းစိုင်းကလည်း အဲဒီပိုစ့်အောက်မှာ comment အချို့ဝင်ပေးခဲ့ပြီး စိုင်းစိုင်းရဲ့ ပရိသတ်တွေက ဝေဖန်သူတွေကို လူအင်အားအလုံးအရင်းနဲ့ ပြန်လည်ချေပခဲ့တဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ စိုင်းစိုင်းက သူ့ရဲ့လူမှုကွန်ယက်ကနေတစ်ဆင့် သူ့သဘောထားကို ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ စိုင်းစိုင်းက အခုလိုအချိန်ကြီးမှာ ပရိသတ်တွေကို သူ့ကြောင့်အချင်းများတာမျိုး မဖြစ်စေချင်ကြောင်းနဲ့ သူနဲ့ပတ်သက်ပြီးငြင်းခုန်တာတွေမလုပ်ဖို့ ပြောထားခဲ့ပါတယ်။ “ကျနော်လည်းကိုယ့်သီချင်း ကိုယ့်ဂီတနဲ့ ကိုယ့်အလုပ်တွေကိုပဲ အာရုံစိုက်မယ် ကျနော့်ပရိသတ်တွေလည်း ကျနော်နဲ့ပတ်သက်ပြီး ငြင်းခုန်တာတွေ ဘာတွေမလုပ်ဖို့ မေတ္တာရပ်ခံပါတယ် အခုလို Covid ကာလ အားလုံး စိတ်ရှုပ်ရတဲ့အချိန်မှာ ဘာမဟုတ်တဲ့ ကျနော့်ကိစ္စနဲ့ အချင်းများရတာ အားနာလှပါတယ် ကျနော့် Fan တွေလည်း အခုကျနော့်ကို ကာကွယ်ပေးဖို့မလိုအပ်နေသေးပါဘူးအကူအညီလိုတဲ့အခါတောင်းပါမယ်”လို့ ပြောထားခဲ့တာပါ။

ဒါ့အပြင် ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း စိုင်းစိုင်းက အကောင်းဘက်ကမြင်ပြီး ပိုပြီးကြိုးစားသွားမှာဖြစ်ကြောင်းနဲ့ ရှေ့ဆက်ပြီး အပြောမခံရအောင် အားထုတ်သွားမှာဖြစ်တယ်လို့လည်း “ဝေဖန်မှုတွေကနေလည်း ကျနော့်အတွက် ရှေ့ဆက်ဖို့ Energy တွေရရှိပါတယ် ( ဥပမာ ကျနော့်ကို ကော်ပီဆိုတယ်လို့ ပြောကြရင် ကိုယ်ပိုင်သီချင်းနဲ့ အောင်မြင်အောင်လုပ်ဖို့က ကျနော့်တာဝန်ပါ ၊ ကျနော့်ကို အိုက်တင်ညံ့တယ်ပြောကြရင် ကောင်းတယ်လို့ လက်ခံသည်အထိ လေ့ကျင့်ဖို့ကျနော်ပြင်ဆင်ရမှာပါ ) ကျနော် အပြောမခံရဖို့ ကျနော်ကြိုးစားပါမယ် Negative တွေကို Positive ဖြစ်အောင်အားထုတ်ပါမယ် ကျနော့်ကို အားပေးတာနဲ့ ကျနော့်ကိုပေးတဲ့ ချစ်ခြင်းမေတ္တာတွေကနေ Positive Energy အပြည့်ရရှိတာမို့ အဲဒါတွေက ကျနော် မသေမချင်းကြိုးစားဖို့ လုံလောက်ပါတယ် မတူညီတဲ့အမြင်တွေနဲ့ကျနော့်အကြောင်းစိတ်ဝင်တစားပြောကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ် ကျနော့်ကို ကြိုးစားခွင့်သာပေးပါ အားလုံးကိုလေးစားပါတယ် အဆင်ပြေကြပါစေခင်ဗျား”လို့ ပြောကြားထားခဲ့တာပါ။

ပြောချင်လွန်းလို့ပရိသတ်ကြီးထဲမှာ စိုင်းစိုင်းရဲ့ပရိသတ်တွေရှိရင် စိုင်းစိုင်းအတွက်နဲ့ ငြင်းခုန်တာတွေမလုပ်ပဲ ကိုယ်ချစ်တဲ့အနုပညာရှင်ကို ယုံကြည်မှုအပြည့်နဲ့ အေးချမ်းစွာ အားပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။ ပရိသတ်ကြီးရော စိုင်းစိုင်းကို ချစ်ကြလား။ စိုင်းစိုင်းရဲ့နောက်ထပ်အနုပညာတွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Zawgyi

စုိင္းစုိင္းဟာဆိုရင္ ေအာင္ျမင္မႈကုိ အခ်ိန္အၾကာဆံုးထိန္းထားနုိင္တဲ့အနုပညာရွင္ေတြထဲမွာ တစ္ဦးအပါအဝင္ျဖစ္ျပီး ဒီေန႔အခ်ိန္အထိလည္း အေအာင္ျမင္ဆံုးထိပ္တန္းအနုပညာရွင္တစ္ဦးျဖစ္ေနဆဲပါ။ စုိင္းစိုင္းဟာ အနုပညာကုိ သက္ဝင္ယံုၾကည္သူျဖစ္ျပီး ရုပ္ရွင္ဂီတတင္မကပဲ စာေပကုိလည္းေလ့လာလိုက္စားသူတစ္ဦးျဖစ္ပါတယ္။ စုိင္းစိုင္းဟာ ဒီေန႔ဒီအခ်ိန္အထိ ေအာင္ျမင္တဲ့ သီခ်င္းေပါင္းမ်ားစြာကုိ ေရးသားသီဆိုထားခဲ့သလို ပရိသတ္အားေပးမႈအမ်ားဆံုးရရွိထားခဲ့သူတစ္ဦးျဖစ္တာနဲ႔အညီ စုိင္းစုိင္းရဲ႕ အနုပညာသက္တမ္းတစ္ေလွ်ာက္မွာ အမ်ားသူငွာေတြထက္ အဆရာေထာင္ခ်ီေအာင္ မ်ားျပားတဲ့ တုိက္ခိုက္မႈေတြေဝဖန္မႈေတြခံခဲ့ရသူတစ္ဦးလည္းျဖစ္ပါတယ္။ ဒါေပမယ့္ စုိင္းစုိင္းက ေဝဖန္တိုက္ခိုက္မႈေတြကုိ ဂရုထားေလ့မရွိပဲ သူခ်စ္တဲ့အနုပညာလမ္းကိုသာ တစိုက္မတ္မတ္ဆက္လက္ေလွ်ာက္လွမ္းလာခဲ့သူပါ။

ျပီးခဲ့တဲ့ ရက္ကေတာ့ Facebook အသံုးျပဳသူတစ္ဦးက စုိင္းစိုင္းကုိ ေဝဖန္ေျပာဆိုတဲ့ post တစ္ခုတင္ထားခဲ့ျပီး အဲဒီပို႔စ္ေအာက္မွာ စိုု္င္းစိုင္းကုိ စီးပြားေရးသမားလို႔ ေဝဖန္သူေတြလည္းရွိခဲ့တဲ့အျပင္ အျခားသူေတြရဲ႕ ေဝဖန္မႈေတြလည္းအမ်ားအျပားေတြ႕ရပါတယ္။ စုိင္းစုိင္းကလည္း အဲဒီပုိစ့္ေအာက္မွာ comment အခ်ိဳ႕ဝင္ေပးခဲ့ျပီး စုိင္းစုိင္းရဲ႕ ပရိသတ္ေတြက ေဝဖန္္သူေတြကို လူအင္အားအလံုးအရင္းနဲ႔ ျပန္လည္ေခ်ပခဲ့တဲ့ ျဖစ္ရပ္တစ္ခုျဖစ္ပြားခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ စုိင္းစိုင္းက သူ႔ရဲ႕လူမႈကြန္ယက္ကေနတစ္ဆင့္ သူ႔သေဘာထားကုိ ပရိသတ္ေတြကုိ အသိေပးခဲ့ပါတယ္။ စုိင္းစိုင္းက အခုလိုအခ်ိန္ၾကီးမွာ ပရိသတ္ေတြကုိ သူ႔ေၾကာင့္အခ်င္းမ်ားတာမ်ိဳး မျဖစ္ေစခ်င္ေၾကာင္းနဲ႔ သူနဲ႔ပတ္သက္ျပီးျငင္းခုန္တာေတြမလုပ္ဖို႔ ေျပာထားခဲ့ပါတယ္။ “က်ေနာ္လည္းကိုယ့္သီခ်င္း ကိုယ့္ဂီတနဲ႔ ကိုယ့္အလုပ္ေတြကိုပဲ အာ႐ုံစိုက္မယ္ က်ေနာ့္ပရိသတ္ေတြလည္း က်ေနာ္နဲ႔ပတ္သက္ၿပီး ျငင္းခုန္တာေတြ ဘာေတြမလုပ္ဖို႔ ေမတၱာရပ္ခံပါတယ္ အခုလို Covid ကာလ အားလုံး စိတ္ရႈပ္ရတဲ့အခ်ိန္မွာ ဘာမဟုတ္တဲ့ က်ေနာ့္ကိစၥနဲ႔ အခ်င္းမ်ားရတာ အားနာလွပါတယ္ က်ေနာ့္ Fan ေတြလည္း အခုက်ေနာ့္ကို ကာကြယ္ေပးဖို႔မလိုအပ္ေနေသးပါဘူးအကူအညီလိုတဲ့အခါေတာင္းပါမယ္”လို႔ ေျပာထားခဲ့တာပါ။

ဒါ့အျပင္ ေဝဖန္မႈေတြနဲ႔ ပတ္သက္ျပီးေတာ့လည္း စိုင္းစို္င္းက အေကာင္းဘက္ကျမင္ျပီး ပိုျပီးၾကိဳးစားသြားမွာျဖစ္ေၾကာင္းနဲ႔ ေရွ႕ဆက္ျပီး အေျပာမခံရေအာင္ အားထုတ္သြားမွာျဖစ္တယ္လို႔လည္း “ေဝဖန္မႈေတြကေနလည္း က်ေနာ့္အတြက္ ေရွ႕ဆက္ဖို႔ Energy ေတြရရွိပါတယ္ ( ဥပမာ က်ေနာ့္ကို ေကာ္ပီဆိုတယ္လို႔ ေျပာၾကရင္ ကိုယ္ပိုင္သီခ်င္းနဲ႔ ေအာင္ျမင္ေအာင္လုပ္ဖို႔က က်ေနာ့္တာဝန္ပါ ၊ က်ေနာ့္ကို အိုက္တင္ညံ့တယ္ေျပာၾကရင္ ေကာင္းတယ္လို႔ လက္ခံသည္အထိ ေလ့က်င့္ဖို႔က်ေနာ္ျပင္ဆင္ရမွာပါ ) က်ေနာ္ အေျပာမခံရဖို႔ က်ေနာ္ႀကိဳးစားပါမယ္ Negative ေတြကို Positive ျဖစ္ေအာင္အားထုတ္ပါမယ္ က်ေနာ့္ကို အားေပးတာနဲ႔ က်ေနာ့္ကိုေပးတဲ့ ခ်စ္ျခင္းေမတၱာေတြကေန Positive Energy အျပည့္ရရွိတာမို႔ အဲဒါေတြက က်ေနာ္ မေသမခ်င္းႀကိဳးစားဖို႔ လုံေလာက္ပါတယ္ မတူညီတဲ့အျမင္ေတြနဲ႔က်ေနာ့္အေၾကာင္းစိတ္ဝင္တစားေျပာၾကတဲ့သူေတြအားလုံးကို ေက်းဇူးတင္ပါတယ္ က်ေနာ့္ကို ႀကိဳးစားခြင့္သာေပးပါ အားလုံးကိုေလးစားပါတယ္ အဆင္ေျပၾကပါေစခင္ဗ်ား”လို႔ ေျပာၾကားထားခဲ့တာပါ။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးထဲမွာ စို္င္းစုိင္းရဲ႕ပရိသတ္ေတြရွိရင္ စိုင္းစိုင္းအတြက္နဲ႔ ျငင္းခုန္တာေတြမလုပ္ပဲ ကုိ္ယ္ခ်စ္တဲ့အနုပညာရွင္ကုိ ယံုၾကည္မႈအျပည့္နဲ႔ ေအးခ်မ္းစြာ အားေပးၾကဖို႔ တိုက္တြန္းလုိက္ပါတယ္ေနာ္။ ပရိသတ္ၾကီးေရာ စို္င္းစုိင္းကုိ ခ်စ္ၾကလား။ စုိင္းစုိင္းရဲ႕ေနာက္ထပ္အနုပညာေတြကုိေရာ အားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။