Avengers: Endgame ႐ုပ္ရွင္အတြက္ ေအာ္စကာ ဆန္ခါတင္စာရင္း ၁၂​ ဆု အထိ ဝင္ေရာက္ယွဥ္ၿပိဳင္ေပမဲ့ သ႐ုပ္ေဆာင္ဆု မပါဝင္ခဲ့

ဒစၥေနးရဲ႕ Avengers: Endgame ႐ုပ္ရွင္ဟာ ျပည္တြင္းဝင္ေငြ ေဒၚလာ 858.3 သန္း နဲ႔ ႏိုင္ငံတကာဝင္ေငြ ေဒၚလာ 2.796 ဘီလ်ံအထိ ဝင္ေငြစံခ်ိန္တင္ ရရွိၿပီး ဒီႏွစ္အတြင္းမွာ ဝင္ေငြအေကာင္းဆုံး ႐ုပ္ရွင္အျဖစ္ ရပ္တည္ကာ ေအာင္ပြဲခံသြားခဲ့တာျဖစ္ပါတယ္။

ေသာက္ေသာက္လဲ ေငြဝင္ခဲ့တဲ့ Avengers:Endgame အတြက္ အခုအခါမွာ ဒစၥေနးစတူဒီယိုကေန ေအာ္စကာ႐ုပ္ရွင္ဆု ဆန္ခါတင္စာရင္း ၁၂​ ဆု အထိ ဝင္ေရာက္ထည့္သြင္းယွဥ္ၿပိဳင္ေစခဲ့ၿပီလို႔ သိရပါတယ္။ အဲ့ဒီ စာရင္းထဲမွာေတာ့ ၁၂ ဆုလုံးမွာ သ႐ုပ္ေဆာင္ဆု မပါဝင္ခဲ့ဘူးလို႔ သိရွိရပါတယ္။



MCU ရဲ႕ အဓိကဇာတ္ေကာင္ႀကီး Iron Man ႀကီးအတြက္ေတာင္ မင္းသား ေရာဘတ္ေဒါင္းနင္းဂ်ဴနီယာကို ေအာ္စကာ သ႐ုပ္ေဆာင္ဆု လ်ာထားစာရင္းမွာ ထည့္သြင္းယွဥ္ၿပိဳင္ေစခဲ့ျခင္း မရွိခဲ့တာကို ေတြ႕ခဲ့ရပါတယ္။ပ႐ိူဂ်ဴဆာ Kevin Feige အတြက္ အေကာင္းဆုံး႐ုပ္ရွင္ဆု အျဖစ္ ထည့္သြင္းယွဥ္ၿပိဳင္ထားေစသလို အေကာင္းဆုံးဒါ႐ိုက္ဆု နဲ႔ အေကာင္းဆုံး ဇာတ္ၫႊန္းဆုေတြပါ ထည့္သြင္းထားေစခဲ့တာပါ။

ဒါ့အ​ျပင္ နည္းပညာပိုင္းဆိုင္ရာ ဖန္တီးမႈဆုေတြအေနနဲ႔ အသံပိုင္းဆိုင္ရာ ေအာ္စကာဆုေတြ နဲ႔ အထူးျပဳလုပ္ခ်က္ပိုင္းဆိုင္ရာ ေအာ္စကာဆုေတြကိုပါ ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္းရွိထားခဲ့ၿပီး ႐ုပ္ရွင္႐ိုက္ကူးေရးပညာဆုကိုပါ ပါဝင္ယွဥ္ၿပိဳင္ထားတာပါ။




ဒီေနရာမွာ မင္းသား ေရာဘတ္ေဒါင္းနင္းအတြက္ ေအာ္စကာဆု ယွဥ္ၿပိဳင္ျခင္းမျပဳခဲ့တာကိုေတာ့ အံ့အားသင့္သူတခ်ိဳ႕ရွိခဲ့ေပမဲ့ သ႐ုပ္ေဆာင္ နဲ႔ ဇာတ္႐ုပ္ အင္အားမ်ားျပားလြန္းတာေၾကာင့္ အခုလို သ႐ုပ္ေဆာင္ တဦးတည္းကြက္ေ႐ြးၿပီး ပါဝင္ယွဥ္ၿပိဳင္ျခင္းကို မျပဳလုပ္ေစ ခဲ့တာျဖစ္နိင္ဖြယ္ရွိေၾကာင္း ခန္႔မွန္းခ်က္ေတြလည္း ရွိခဲ့ပါတယ္။

Unicode



ဒစ္စနေးရဲ့ Avengers: Endgame ရုပ်ရှင်ဟာ ပြည်တွင်းဝင်ငွေ ဒေါ်လာ 858.3 သန်း နဲ့ နိုင်ငံတကာဝင်ငွေ ဒေါ်လာ 2.796 ဘီလျံအထိ ဝင်ငွေစံချိန်တင် ရရှိပြီး ဒီနှစ်အတွင်းမှာ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်အဖြစ် ရပ်တည်ကာ အောင်ပွဲခံသွားခဲ့တာဖြစ်ပါတယ်။

သောက်သောက်လဲ ငွေဝင်ခဲ့တဲ့ Avengers:Endgame အတွက် အခုအခါမှာ ဒစ္စနေးစတူဒီယိုကနေ အော်စကာရုပ်ရှင်ဆု ဆန်ခါတင်စာရင်း ၁၂ ဆု အထိ ဝင်ရောက်ထည့်သွင်းယှဉ်ပြိုင်စေခဲ့ပြီလို့ သိရပါတယ်။ အဲ့ဒီ စာရင်းထဲမှာတော့ ၁၂ ဆုလုံးမှာ သရုပ်ဆောင်ဆု မပါဝင်ခဲ့ဘူးလို့ သိရှိရပါတယ်။

MCU ရဲ့ အဓိကဇာတ်ကောင်ကြီး Iron Man ကြီးအတွက်တောင် မင်းသား ရောဘတ်ဒေါင်းနင်းဂျူနီယာကို အော်စကာ သရုပ်ဆောင်ဆု လျာထားစာရင်းမှာ ထည့်သွင်းယှဉ်ပြိုင်စေခဲ့ခြင်း မရှိခဲ့တာကို တွေ့ခဲ့ရပါတယ်။ပရိူဂျူဆာ Kevin Feige အတွက် အကောင်းဆုံးရုပ်ရှင်ဆု အဖြစ် ထည့်သွင်းယှဉ်ပြိုင်ထားစေသလို အကောင်းဆုံးဒါရိုက်ဆု နဲ့ အကောင်းဆုံး ဇာတ်ညွှန်းဆုတွေပါ ထည့်သွင်းထားစေခဲ့တာပါ။

ဒါ့အပြင် နည်းပညာပိုင်းဆိုင်ရာ ဖန်တီးမှုဆုတွေအနေနဲ့ အသံပိုင်းဆိုင်ရာ အော်စကာဆုတွေ နဲ့ အထူးပြုလုပ်ချက်ပိုင်းဆိုင်ရာ အော်စကာဆုတွေကိုပါ ဝင်ရောက်ယှဉ်ပြိုင်ခြင်းရှိထားခဲ့ပြီး ရုပ်ရှင်ရိုက်ကူးရေးပညာဆုကိုပါ ပါဝင်ယှဉ်ပြိုင်ထားတာပါ။

ဒီနေရာမှာ မင်းသား ရောဘတ်ဒေါင်းနင်းအတွက် အော်စကာဆု ယှဉ်ပြိုင်ခြင်းမပြုခဲ့တာကိုတော့ အံ့အားသင့်သူတချို့ရှိခဲ့ပေမဲ့ သရုပ်ဆောင် နဲ့ ဇာတ်ရုပ် အင်အားများပြားလွန်းတာကြောင့် အခုလို သရုပ်ဆောင် တဦးတည်းကွက်ရွေးပြီး ပါဝင်ယှဉ်ပြိုင်ခြင်းကို မပြုလုပ်စေ ခဲ့တာဖြစ်နိင်ဖွယ်ရှိကြောင်း ခန့်မှန်းချက်တွေလည်း ရှိခဲ့ပါတယ်။

Tags: