Batman မင်းသားကြီး Christian Bale ရဲ့ စိတ်ဝင်စားစရာ အချက်တွေ


၁။




၂။





၃။




၎။


၅။


Unicode

လူအများစုကတော့ Christian Bale ကို သူတို့မျိုးဆက်တစ်ခုလုံးရဲ့အကောင်းဆုံးသရုပ်ဆောင်လို့ သတ်မှတ်ကြတယ်။ ဇာတ်ကောင်တစ်ခုရဲ့ ဇာတ်ရုပ်ကို ပီပြင်ဖို့ ပေါင် ၁၀၀ တိုးလာမှာကိုလည်း မကြောက်သလို ပေါင် ၆၀လောက် ချလိုက်ရမှာကို တွန့်ဆုတ်မနေတတ်ပါဘူး ။ အသက် ၁၃နှစ်သားကစပြီး Steven Spielberg ရဲ့ Empire of the Sun ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ သူရဲ့ အဆိုမိန့်ကောက်နုတ်ချက်တွေ နဲ့ တခြား သူ့အကြောင်းတွေ ရှာပြီးဖတ်ဖို့ဆိုတာ တော်တော်ခဲယဉ်းပါလိမ့်မယ် ။ အခု ကျနောတို့မိတ်ဆွေတွေကို Christian Bale ရဲ့ လူသိနည်းတဲ့အချက်လေးတွေကို ဖော်ပြပေးသွားချင်ပါတယ်။

၁။

သူရဲ့ မိခင်ကတော့ ဆက်ကပ်အဖွဲ့ထဲက လူပြက်တစ်ယောက်ပါ။ Blae တစ်ယောက် ရဲ့ မိခင်ကတော့ ဆက်ကပ် အဖွဲ့တစ်ဖွဲ့ထဲမှာ လူပြက်လုပ်ရင်တင်မကပဲ အကသမားပါလုပ်ခဲ့ရသူတစ်ယောက်ပါ ။ နောက်ပြီး သူ့ဦးလေး သူ့အစ်မကြီးနဲ့ သူရဲ့ အဘိုးတို့ကလည်း ဖျော်ဖြေရေးအဖွဲ့ တစ်ဖွဲ့မှာ လုပ်ကိုင်ခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။

၂။

ဒီအချက်ကတော့ တကယ့်ကို အံ့သြစရာကောင်းတဲ့အချက်တစ်ချက်ပါပဲ။ ကျနော်တို့ရဲ့ အချစ်တော်ကြီး Christian Bale ဟာThe Machinist ဆိုတဲ့ဇာတ်ကားမှာ စိတ်ဖိစီးမှုတွေများနေတဲ့ လူတစ်ယောက်အဖြစ်သရုပ်ဆောင်ဖို့ ပေါင် ၆၀ ပြီး ဇာတ်ကောင်အတွက်ပြင်ဆင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။တချို့လူတွေဆိုရင် ဒီဇာတ်ကားကိုကြည့်ပြီး Bale ကို ဘယ်နေရာကသရုပ်ဆောင်မှန်းမသိရအောင်ကို ဖြစ်ခဲ့ရပါတယ်။

၃။

Bale ကိုတော့ Pirates Of the Caribbean ဇာတ်ကားထဲမှာ သရုပ်ဆောင်ဖို့ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် သူကိုကမ်းလှမ်းချိန်မှာ Jhonny Depp က ဂျက်စပဲရိုးနေရာကနေသရုပ်ဆောင်မယ်ဆိုပြီးရွေးချယ်ပြီးပြီဖြစ်ပါတယ်။ Orlando Bloom သရုပ်ဆောင်သွားတဲ့ နေရာကနေသာ သရုပ်ဆောင်ရမှာကြောင့် သရုပ်မဆောင်ဖြစ်ခဲ့သလားဆိုတာကတော့ စဉ်းစားစရာပါပဲ။

၄။

Chirtian Bale ဟာ Titanic ရုပ်ရှင်ထဲက Jack နေရာမှာ သရုပ်ဆောင်ဖို့ ဝင်ရောက်အရွေးခံခဲ့ဖူးပါတယ်။ ဒါပေမယ့် အင်္ဂလိပ်လူမျိုးသရုပ်ဆောင်နှစ်ယောက်ကို တစ်ကားတည်းသရုပ်ဆောင်ခိုင်းရမှာက အမေရိကန်လူမျိုးသရုပ်ဆောင်တွေအတွက် တရားမျှမှုမရှိဘူးလို့ ထုတ်လုပ်သူကတွေးမိတာကြောင့် Leonardo DiCaprio တစ်ယောက် သရုပ်ဆောင်ခွင့်ရသွားခဲ့တာလို့သိရပါတယ်။ Christian Bale ကြီးသာဆိုရင်လည်း တော်တော်လိုက်ဖက်မယ့် ဇာတ်ရုပ်ပါနော်။

၅။

Christian Bale ကို ဒီအတိုင်း မသိကြတဲ့သူတွေတောင်မှ သူကိုသိတဲ့ အချက်ကတော့ Batman မင်းသားဆိုတဲ့ အချက်တစ်ချက်ပါပဲ။ ဒီဇာတ်ရုပ်ကို ရိုက်ကူးဖို့လည်း သူအတော်ကြိုးစားယူခဲ့ရပါတယ်။ အဲ့ဒီကားမရိုက်ခင် ၅ လလောက်တုန်းက The Machinist ကိုရိုက်ကူးဖို့ ပေါင်၆၀လောက် ဝိတ်ချထားရကနေ Batman ရိုက်ကူးမယ်ဆိုတော့ ပေါင် ၁၀၀တိုးအောင် လုပ်ခဲ့ရသူတစ်ယောက် ဖြစ်တဲ့အတွက် သူကို ကမ္ဘာ့ခန္ဓာကိုယ်အချိုးအစားအပြောင်းလဲနိုင်ဆုံး သရုပ်ဆောင် အဖြစ်လည်း မှတ်ကျောက်တင်ခံခဲ့ရတာ ဖြစ်ပါတယ်။