Big Match မတိုင်မှီ ပြိုင်ဖက်ကို ချီးကျူးခဲ့တဲ့ ဂွာဒီ

0
40

မန်ချက်စတာစီးတီးနည်းပြ ဂွာဒီယိုလာက ယခုလာမည့်အပါတ်မှာ ယှဉ်ပြိုင်ကစားသွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တပွဲအဖြစ် အိမ်ကွင်းအီတီဟတ်မှာ ချဲလ်ဆီးအသင်းကို ယှဉ်ဆိုင်ကစားသွားရဖို့ရှိနေပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ ကြားရက်က အဲဗာတန်အသင်းကို ၂ဂိုးပြတ်အနိုင်ယူပြီး လီဗာပူးအသင်းကို ဖြတ်ကျော်ကာ အမှတ်ပေးဇယားထိပ်ကို ဦးဆောင်ထားတာဖြစ်ပါတယ်။

ဒါကြောင့် ယခုတွေ့ဆုံနေတဲ့ ချဲလ်ဆီးအသင်းနဲ့ ပွဲစဉ်ဟာ သူတို့အသင်းရဲ့ ချန်ပီယံဆုဖလား ကာကွယ်ဖို့ ကြိုးစားရာမှာ အရေးပါတဲ့ ပွဲစဉ်တစ်ခုဖြစ်ပါတယ်။ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူဂွာဒီယိုလာမှ ချဲလ်ဆီးအသင်းအပေါ် မှတ်ချက်ပြုပြောကြာခဲ့ရာမှာ-
“အာဆင်နယ်၊ အဲဗာတန်တို့နဲ့ ကစားခဲ့တဲ့ ပွဲတွေမှာ ကျွန်တော်တို့အသင်းရဲ့ အကောင်းဆုံး ပုံစံကို ပြသနိုင်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလည်း ကျွန်တော်တို့အတွက် ခက်ခဲကြီးကျယ်တဲ့ ကျော်ဖြတ်မှုတစ်ခုနဲ့ ကြုံရဦးမှာပါ။ ကျွဲရိုင်းတကောင်လို တောင့်တင်းတဲ့ အသင်းတသင်းကို ဖြတ်ကျော်ရမှာဖြစ်ပါတယ်။”

“ချဲလ်ဆီးအသင်းက ကျွန်တော်အသင်းနဲ့ မကစားမှီပြင်ဆင်ချိန် ကြားမှာ ၁ပါတ်တာအချိန်ရခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အသင်းကလည်း အကောင်းဆုံးဖြစ်အောင်ပြင်ဆင်ပြီး ယှဉ်ပြိုင်ကစားသွားကြမှာပါ။ ကျွန်တော်တို့အသင်းအတွက် နောက်ဆုံးဗိုလ်လုပွဲလို သဘောထားပြီး ရင်ဆိုင်ကစားသွားမှာပါ။” ဟုပြောကြားသွားခဲ့ပါတယ်။

“ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်တို့ကို ကိုင်တွယ်ခဲ့တုံးက ဆာအဲလက်စ်နဲ့ ရာဖာတို့ရဲ့ လိဂ်ပွဲစဉ်ရေးဆွဲမှုအပေူ ညည်းတွားဝေဖန်မှုတွေပြုလုပ်ခဲ့တာကို ခဏခဏကြားခဲ့ရပါတယ်။ ဒီလိုဝေဖန်မှုတွေရှိပေမယ့် ကျင်းပရေးကော်မတီနဲ့ တာဝန်ရှိတဲ့သူတွေက ဘာမှတုံ့ပြန်ဆောင်ရွက်ပေးတာ မရှိပါဘူး”

“အခုတော့ သူတို့ဘာကြောင့် ဝေဖန်ခဲ့ကြတာလည်းဆိုတာကို ကျွန်တော်လည်း လက်ခံသဘောပေါက်လာခဲ့ပါပြီ။ ပြိုင်ပွဲတခုကို ဦးတည်ယှဉ်ပြိုင်ခဲ့ရင် အသင်းကသက်သောင့်သက်သာ ယှဉ်ပြိုင်လို့ရပါတယ်။ ပြိုင်ပွဲ ၄ခု ၅ခုလောက် ကစားရပြီဆိုရင် ကျွန်တော်တို့အသင်းဟာ အရာရာမှာ ထိန်းပြီးပြင်ဆင်ကစားရပါတယ်။ ပွဲစဉ်ဇယာမှာ အတိအကျရေးဆွဲထားတော့လည်း ကျွန်တော့်က ကစားရတော့မှာပေါ့” ဟု ပရီးမီးယားလိဂ် ပွဲစဉ်ဇယားရေးဆွဲမှုအပေါ် ဝေဖန်သွားခဲ့ကြောင်း သိရှိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here