Black Panther ရုပ်ရှင်အကြောင်း လူသိနည်းတဲ့အချက်များ

0
113

၂၀၁၈ ခုနှစ်မှာ ထွက်ခဲ့တဲ့ Marvel ရဲ့ Cinematic Universe ထဲက ၁၈ ကားမြောက်ဖြစ်တဲ့ Black Panther ဟာ အာဖရိကတိုက်မှာ ရှိတဲ့ လျှို့ဝှက်ပြီး သိပ္ပံပညာရှေ့တန်းရောက်နေတဲ့ နိုင်ငံတစ်ခုနဲ့ သူ့ရဲ့ စူပါဟီးရိုး ဘုရင်အကြောင်းကို အခြေခံထားတာပါ။ ဒီကားဟာ အဓိကဇာတ်ကောင်တွေ အကုန်လုံးကို လူမည်းသရုပ်ဆောင် တွေ အသုံးပြုခဲ့ပြီး အကြီးအကျယ်လွှမ်းမိုးအောင်မြင်မှု ရရှိခဲ့တာကြောင့် ၁.၃ ဘီလီယံကျော် ဝင်ငွေပြန်ရသလို ဆုတွေလည်း အများကြီးရခဲ့၊ ရတော့မယ့် ကားပါ။ Black Panther ဖန်တီးချိန်မှာ လူသိနည်းတဲ့ အချက်တွေကို ပြောချင်လွန်းလို့ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

၁. ဒီကားထဲမှာ ပါဝင်ခဲ့တဲ့ လူဖြူသရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ Martin Freeman ကို အလုပ်လုပ်ရတာ ဘယ်လိုနေလဲ လို့ မေးခဲ့တဲ့အခါ သူက အော် ဒါဟာ လူမည်းသရုပ်ဆောင်တွေ အမြဲတမ်းကြုံတွေ့ခဲ့ရတဲ့ အနေအထားမျိုးပါလား ဆိုပြီး တွေးမိစေတယ်လို့ ဖြေခဲ့ပါတယ်။

၂. Nakia နဲ့ M’Baku တို့အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Lupita Nyong’o နဲ့ Winston Duke တို့ဟာ ယေးလ် တက္ကသိုလ်ရဲ့ ဒရာမာမေဂျာကို တပြိုင်တည်း တက်ရောက်ဖူးသူတွေ ဖြစ်ပြီး ၂၀၁၂ ခုနှစ်က The Avengers ရုပ်ရှင်ကိုလည်း ကြည့်ဖူးခဲ့ကာ ဒီလိုကားမျိုးမှာ ပါခွင့်ရရင်လို့ စိတ်ကူးယဉ်ခဲ့တဲ့ သူတွေပါ။

၃. အဓိကဇာတ်ကောင် T’Challa ရဲ့ဖခင် ဘုရင်ကြီး T’Chaka အဖြစ် John Kani က သရုပ်ဆောင်ခဲ့ပြီး T’Chaka လူငယ်ဘဝ ဇာတ်ဝင်ခန်းကို သူ့ရဲ့သား Atandwa Kani က သရုပ်ဆောင်ခဲ့တယ်။ ဒါ့ကြောင့် ရုပ်ဆင်တူနေတာပါ။

၎. အမျိုးသမီး စစ်သည်တော် Okoye အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Danai Gurira ရဲ့အဆိုအရ ရုပ်ရှင်ထဲမှာ အသုံးပြုတဲ့ ဝါကန်ဒါဘာသာစကားဟာ အပြင်မှာတကယ်ရှိတဲ့ အာဖရိကန် ဘာသာစကားတစ်ခုပါ။ Xhosa လို့ ခေါ်ပြီး T’Chaka အဖြစ် သရုပ်ဆောင်တဲ့ John Kani ရဲ့ မိခင်ဘာသာစကားဖြစ်တယ်လို့ ဆိုပါတယ်။

၅. ဘလက်ပန်သာမှာ အသုံးပြုတဲ့ ကိုယ်ခံပညာဟာ အာဖရိကန် ကိုယ်ခံပညာကို The Creed (2015) နဲ့ Kingsman ထဲက အက်ရှင်ခန်းတွေနဲ့ နည်းနည်းအတုယူ ဖြည့်စွက်ထားတာပါ။

၆. ၁၉၉၀ ခုနှစ်တွေမှာ နာမည်ကြီး သရုပ်ဆောင် Wesley Snipes ဟာ ဘလက်ပန်သာကို အသက်သွင်းဖို့ အရင်ဆုံး ကမ်းလှမ်းခံခဲ့ရပြီး သူကလည်း အလွန်စိတ်ဝင်စားခဲ့ပါတယ်။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် မရိုက်ကူးဖြစ်ခဲ့ဘဲ ၁၉၉၈ ခုနှစ်မှာ အခြားမာဗယ်ကာရိုက်တာဖြစ်တဲ့ ဗန်ပိုင်းယားမုဆိုး Blade အဖြစ် ရုပ်ရှင်သုံးကားကိုသာ ရိုက်ကူးသရုပ်ဆောင်ခဲ့ရပါတယ်။

 

၇. ဘလက်ပန်သာဟာ MCU ရုပ်ရှင်တွေထဲမှာ ရုံစတင်တဲ့ Weekend ကာလမှာတင် အရင်းကြေခဲ့တဲ့ ပထမဆုံးကားပါ။ ထုတ်လုပ်မှုစရိတ်က သန်း ၂၀၀ ရှိပြီး သုံးရက်အတွင်း ပြန်ရခဲ့တာ ၂၀၂ သန်းပါ။

၈. အဓိကဗီလိန် Eric Killmonger အဖြစ် ပါဝင်ခဲ့တဲ့ Michael B. Jordan ဟာ ၂၀၁၃ ခုနှစ်ကလည်း Falcon / Sam Wilson နေရာမှာ ပါဝင်ဖို့ ဝင်လျှောက်ခဲ့ပါသေးတယ်။ ဒါပေမယ့် Anthony Mackie က ရရှိခဲ့ပြီး သူကတော့ ဘလက်ပန်သာမှ မာဗယ်ရုပ်ရှင်ထဲ ပါဝင်ခွင့်ရခဲ့ပါတယ်။