Brad Pitt နဲ႔ ဒိတ္ခဲ့တယ္ဆိုတဲ့ ေကာလာဟလေတြကို တုန္႔ျပန္လိုက္တဲ့ Charlize Theron

အသက္ ၄၄ ႏွစ္အရြယ္ရိွတဲ့ Charlize Theron ကိုေတာ့ က်ေနာ္တို႔ျမန္မာ ပရိသတ္ေတြ သိပ္စိမ္းမယ္မထင္ပါဘူး ။ အာဖရိကဖြား သရုပ္ေဆာင္တစ္ေယာက္ အျဖစ္ ေက်ာ္ၾကားသူတစ္ေယာက္လည္း ျဖစ္ၿပီး အလွဆံုး အမ်ိဳးသမီးစာရင္းေတြထဲမွာလဲ ပါဝင္တတ္တဲ့သူကေတာ့ အခုထက္ထိ လွေနပေနတုန္းပါပဲ ။ သူကေတာ့ ေတာင္အာဖရိကရဲ႕ သရုပ္ေဆာင္ေလာကမွာ စံျပပုဂၢိုလ္တစ္ေယာက္ အျဖစ္သတ္မွတ္ျခင္းကိုလည္းခံထားရတဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ ၂၀၁၆ ခုႏွစ္ကစၿပီး သူကေတာ့ ကမၻာ့သရုပ္ေဆာင္ေၾကးအျမင့္ဆံုး မင္းသမီးစာရင္းထဲမွာပါဝင္ခဲ့တာကေတာ့ ယေန႔ထိတိုင္ပါပဲ။

Hancock (2008), Snow White and the Huntsman (2012), Prometheus (2012), Mad Max: Fury Road (2015), The Fate of the Furious (2017)နဲ႔ Atomic Blonde (2017) ဆိုတဲ့ ဇာတ္လမ္းေတြမွာလည္း ပါဝင္သရုပ္ေဆာင္ထားပါတယ္။ သူကေတာ့ ေတာ့ သရုပ္ေဆာင္ထူးခၽြန္ဆုေတြကိုလည္း ပိုင္ဆိုင္ထားႏိုင္သူတစ္ေယာက္ ျဖစ္ပါတယ္။ သူကေတာ့ ေအာက္တိုဘာ ၁၅ရက္ေန႔မွာ ထုတ္လႊင္ခဲ့တဲ့ The Ellen DeGeneres Show မွာေတာ့ သူနဲ႕ပတ္သက္ၿပီးထြက္ေပၚေနတဲ့ ေကာလာဟလေတြကို ေျဖရွင္းခ်က္တစ္ခုေပးလိုက္ပါတယ္။



သူကေတာ့ အသက္ ၅၅ ႏွစ္အရြယ္ရိွတဲ့ ကမၻာေက်ာ္မင္းသားႀကီး Brad Pitt နဲ႔ ခ်ိန္းေတြ႔ေနတယ္ဆိုၿပီး ေကာလာဟလ ေတြထြက္ေနတာျဖစ္ပါတယ္။ Brad Pitt ကေတာ့ဟိုတေလာကလည္း ဒီဇိုင္နာတစ္ေယာက္နဲ႔ ခ်ိန္းေတြ႔ေနတယ္ဆိုၿပီး သတင္းေတြထြက္ခဲ့ပါေသးတယ္။ Charlize Theron ကေတာ့ Brad Pitt နဲ႔ သတင္းနဲ႔ ပတ္သက္ၿပီးေတာ့ “ ကၽြန္မနဲ႔ Brad နဲ႔ ခ်ိန္းေတြ႔ခဲ့ၾကတယ္ဆိုတာ မဟုတ္ပါဘူး ။ တကယ္တမ္းဆိုရင္ သူနဲ႔ ပတ္သက္တဲ့ Relatioship ကိုေတာင္ စိတ္ကူးယဥ္ မၾကည့္ဖူးပါဘူး”ဆိုၿပီးေျပာျပသြားခဲ့ပါတယ္။




Unicode

အသက် ၄၄ နှစ်အရွယ်ရှိတဲ့ Charlize Theron ကိုတော့ ကျနော်တို့မြန်မာ ပရိသတ်တွေ သိပ်စိမ်းမယ်မထင်ပါဘူး ။ အာဖရိကဖွား သရုပ်ဆောင်တစ်ယောက် အဖြစ် ကျော်ကြားသူတစ်ယောက်လည်း ဖြစ်ပြီး အလှဆုံး အမျိုးသမီးစာရင်းတွေထဲမှာလဲ ပါဝင်တတ်တဲ့သူကတော့ အခုထက်ထိ လှနေပနေတုန်းပါပဲ ။ သူကတော့ တောင်အာဖရိကရဲ့ သရုပ်ဆောင်လောကမှာ စံပြပုဂ္ဂိုလ်တစ်ယောက် အဖြစ်သတ်မှတ်ခြင်းကိုလည်းခံထားရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ကစပြီး သူကတော့ ကမ္ဘာ့သရုပ်ဆောင်ကြေးအမြင့်ဆုံး မင်းသမီးစာရင်းထဲမှာပါဝင်ခဲ့တာကတော့ ယနေ့ထိတိုင်ပါပဲ။



Hancock (2008), Snow White and the Huntsman (2012), Prometheus (2012), Mad Max: Fury Road (2015), The Fate of the Furious (2017)နဲ့ Atomic Blonde (2017) ဆိုတဲ့ ဇာတ်လမ်းတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူကတော့ တော့ သရုပ်ဆောင်ထူးချွန်ဆုတွေကိုလည်း ပိုင်ဆိုင်ထားနိုင်သူတစ်ယောက် ဖြစ်ပါတယ်။ သူကတော့ အောက်တိုဘာ ၁၅ရက်နေ့မှာ ထုတ်လွှင်ခဲ့တဲ့ The Ellen DeGeneres Show မှာတော့ သူနဲ့ပတ်သက်ပြီးထွက်ပေါ်နေတဲ့ ကောလာဟလတွေကို ဖြေရှင်းချက်တစ်ခုပေးလိုက်ပါတယ်။

သူကတော့ အသက် ၅၅ နှစ်အရွယ်ရှိတဲ့ ကမ္ဘာကျော်မင်းသားကြီး Brad Pitt နဲ့ ချိန်းတွေ့နေတယ်ဆိုပြီး ကောလာဟလ တွေထွက်နေတာဖြစ်ပါတယ်။ Brad Pitt ကတော့ဟိုတလောကလည်း ဒီဇိုင်နာတစ်ယောက်နဲ့ ချိန်းတွေ့နေတယ်ဆိုပြီး သတင်းတွေထွက်ခဲ့ပါသေးတယ်။ Charlize Theron ကတော့ Brad Pitt နဲ့ သတင်းနဲ့ ပတ်သက်ပြီးတော့ “ ကျွန်မနဲ့ Brad နဲ့ ချိန်းတွေ့ခဲ့ကြတယ်ဆိုတာ မဟုတ်ပါဘူး ။ တကယ်တမ်းဆိုရင် သူနဲ့ ပတ်သက်တဲ့ Relatioship ကိုတောင် စိတ်ကူးယဉ် မကြည့်ဖူးပါဘူး”ဆိုပြီးပြောပြသွားခဲ့ပါတယ်။