Chris Evan ကိုလူကြိုက်များရခြင်းရဲ့ အဓိကအကြောင်းရင်းများ









Unicode

စတိဗ်ရော်ဂျာဆိုတဲ့ Captain America နေရာကနေသရုပ်ဆောင်ခဲ့တဲ့ Chris Evans ဆိုတဲ့ ခပ်ဖြောင့်ဖြောင့် လူတစ်ယောက်ကတော့ မိန်းကလေးတွေ ရဲ့ နှလုံးသည်းပွတ်မှာ နေရာတစ်ခုကို ပိုင်ဆိုင်ထားနိုင်သူတစ်ယောက် ဖြစ်ပါတယ် ။ သူကတော့ ၁၉၈၁ ခုနှစ်မှာမွေးဖွားခဲ့တဲ့သူတစ်ယောက် ဖြစ်ပြီး အခုဆိုရင်တော့ အသက်၃၈ နှစ်ရှိပါပြီ။ သူကတော့ အစပိုင်းမှာ သိပ်ပြီးလူသိပ်မသိပေမယ့် ၂၀၀၅ ခုနှစ်မှာတော့ Marvel ရဲ့ Super Hero ဇာတ်လမ်းတစ်ခုဖြစ်တဲ့ Fantastic Four ဇာတ်လမ်းမှာ တော့ သူနဲ့လိုက်တဲ့ကာရိုက်တာဇာတ်ရုပ်ပုံစံဖြစ်တဲ့ Super Hero ဇာတ်ရုပ်ကိုတွေ့ရှိသွားပုံရပါတယ်။ နောက်ပိုင်းမှာတော့ Cap အဖြစ်သရုပ်ဆောင်တဲ့အချိန်ကတော့ သူ့ဘဝရဲ့ အကောင်းဆုံးအချိန်တွေ ဖြစ်နေမှာပါ ။

Chris ကတော့ ခွေးတွေကို အင်မတန်မှ ချစ်တဲ့သူဖြစ်ပါတယ်။ သူ့ခွေးလေးနဲ့ ပျော်ရွှင်စရာကောင်းတဲ့ Video အတိုလေးတွေ နဲ့ အမှတ်တရ ဓာတ်ပုံလေးတွေကို မကြာခဏ Social Media တွေမှာပြန်လည် ဝေမျှပေးခဲ့ပါတယ်။ တစ်ခါက သူရိုက်ကူးရေးတစ်ခုမှာ ရိုက်ကူးရေးလုပ်နေတုန်း မှာ ဒုက္ခရောက်နေတဲ့ခွေးလေးတွေကို သက်ဆိုင်ရာနယ်မြေက တိရစ္ဆာန်စောင့်ရှောက်မှုအဖွဲ့အစည်းနဲ့ တိုင်ပင်ပြီး ကူညီခဲ့ထူးပါတယ် ။



Twitter ကိုအသုံးပြုရာမှာလည်း Chris က တရားမျှတမှုတစ်ခုအတွက်သာ သုံးနေတာဖြစ်ပါတယ်။ ဥပမာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ ဒေါ်နယ်ထရမ့်က လူဝန်မှုကြီးကြပ်ရေးက ဝန်ထမ်းတွေကို ဖိအားပေးခိုင်းစေခဲ့တဲ့ ကိစ္စတွေမှာဆိုရင်တော့ သူက Twitter ပေါ်ကနေတစ်ဆင့် တော်တော်တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သူတစ်ယောက်ပါ။ နောက်ပြီးသူဟာ လူကြီးလူကောင်းတစ်ယောက် ပီသတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ပြီးခဲ့နှစ် အကယ်ဒမီပေးပွဲမှာတော့ Regina King ဆုရတဲ့ အချိန်မှာတော့ သူကဘေးကပ်လျက်ခုံမှာ ရှိနေတာမို့ စင်ပေါ်ကို တွဲခေါ်သွားပေးတာမျိုးလည်းလုပ်တတ်သူတစ်ယောက် ဖြစ်ပါတယ်။ နောက်ပြီး သူဟာ နှိမ့်ချဆက်ဆံတတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူရဲ့ရိုက်ကူးရမယ့် ကာရိုက်တာတစ်ခုအတွက်လည်း ကျနော်သေချာ ပြင်ဆင်ပြီး ကျိုးကျိုးနွံနွံ ကြိုးစားသူတစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒီအချက်တွေကတော့ ကျနော် Chris Evan ဆိုတဲ့ သရုပ်ဆောင်တစ်ယောက်ဟာ လူချစ်လူခင်ပေါများပြီး ချစ်ခင်နှစ်လိုဖွယ်ကောင်းတဲ့ လူတစ်ယောက် နာမည်ြ့ကီးနေတာပဲ ဖြစ်ပါတယ်။