Deadpool ရုပ်ရှင်ရဲ့ လူသိနည်းတဲ့ အချက်အလက်များ

0
112

၂၀၁၆ ခုနှစ်က ထွက်ခဲ့တဲ့ Deadpool ရုပ်ရှင်ဟာ မာဗယ်ကောမစ်ရဲ့ စူပါဟီးရိုးကို အခြေခံပြီး X-Men Franchise ကို ရုပ်ရှင်ရိုက်ကူးခွင့် ရထားတဲ့ Fox ကုမ္ပဏီမှ ရိုက်ကူးခဲ့တာပါ။ ဒီကားကို ဒေါ်လာ ၅၈ သန်းသာ အကုန်အကျခံ ရိုက်ကူးခဲ့ပေမယ့် သန်း ၈၀၀ နီးပါး ပြန်ရထားတာ ဖြစ်ပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်တွေ အတွက် Deadpool ရုပ်ရှင်ရဲ့ လူသိနည်းတဲ့ အချက်တွေကို ဖော်ပြပေးပါရစေ။

၁. Deadpool ဇာတ်ကားကို ထုတ်လုပ်ဖို့ ပြင်ဆင်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပေမယ့် တကယ်ရိုက်တော့ ၄၈ ရက်အတွင်း အပြီးရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

၂. အဓိကသရုပ်ဆောင် Ryan Reynolds ဟာ ယခင်က မာဗယ်ကောမစ်အခြေခံ Blade ရုပ်ရှင်ထဲမှာ Hannibal King အဖြစ်၊ ဒီစီရဲ့ ၂၀၁၁ Green Lantern ရုပ်ရှင်ထဲမှာ Hal Jordan / Green Lantern အဖြစ် ပါဝင်ခဲ့ဖူးပြီး Deadpool ဇာတ်ကောင်ဟာ သူ့အတွက် နောက်ဆုံးသော ကောမစ်အခြေခံ ကာရိုက်တာကို သရုပ်ဆောင်ခြင်း ဖြစ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။

၃. Deadpool ရုပ်ရှင်ရဲ့ ဘတ်ဂျက်ဟာ ကျန်တဲ့ X-Men, Iron Man, Avengers, Captain America ရုပ်ရှင်တိုင်းထက်ကို ပိုနည်းပါတယ်။

၎. Negasonic Teenage Warhead နေရာမှာ တခြား X-Men ဇာတ်ကောင်တွေကို ထည့်ဖို့ စဉ်းစားခဲ့ကြ သေးပေမယ့် နာမည်ကို ကြိုက်လို့ ဒီဇာတ်ကောင်ကိုထည့်လိုက်တာပါ။ Negasonic ဟာ မူရင်းကောမစ်မှာ စိတ်စွမ်းအားရှင် တစ်ယောက်သာ ဖြစ်ပြီး နာမည်နဲ့လိုက်ဖက်အောင် ပေါက်ကွဲတဲ့ ပါဝါထည့်ပေးလိုက်တာပါ။

၅. Fox ကုမ္ပဏီက ဒီဇာတ်ညွှန်းကို ရေးသားခဲ့တဲ့ Rhett Reese နဲ့ Paul Wernick တို့ကို ပိုက်ဆံပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ သူတို့ကို Ryan Reynolds က သူ့ပိုက်ဆံနဲ့သူ ထုတ်ပေးခဲ့ပြီး ရိုက်ကွင်းပေါ်မှာလည်း ခေါ်ထားခဲ့တယ်။

၆. ခန္ဓာကိုယ်တစ်ခုလုံး ပုံပျက်ပန်းပျက် ဖြစ်နေတဲ့ Deadpool အဖြစ် တစ်ကိုယ်လုံးကို မိတ်ကပ်လိမ်းချယ်ဖို့ ရှစ်နာရီလောက် ကြာပါတယ်။ တစ်ခါ မိတ်ကပ်လိမ်းပြီးရင် ထိုင်လို့၊ အိပ်လို့ မရပါဘူး။

၇. Deadpool ဝတ်စုံရဲ့အောက်မှာ မာဆယ်ကြွက်သားတု အလွှာတွေ ထည့်ထားပေမယ့် Ryan Reynolds ရဲ့ ခန္ဓာကိုယ်က ထွားကျိုင်းပြီးသား ဖြစ်လို့ ပြန်ဖြုတ်ပေးရပါတယ်။ မဟုတ်ရင် အရမ်းကျပ်နေတဲ့အပြင် ကိုယ်ခန္ဓာက အရမ်းတုတ်ခိုင်နေလို့ပါ။

၈. Ryan Reynolds ဟာ ရုပ်ရှင်ရိုက်ကူးရေးက Deadpool ဝတ်စုံကို ပြန်မပေးခဲ့ပါဘူး။ ဘယ်သူမှ သူ့ဆီက ပြန်တောင်းခွင့်မကြုံခဲ့ဘဲ Fox ကုမ္ပဏီ သိသွားတဲ့အခါ သူ့ကို အမှတ်တရအဖြစ် ယူထားဖို့ ခွင့်ပြုလိုက်ပါတယ်။