Deepika Padukone ရဲ႕ လူသိနည္းတဲ့အခ်က္မ်ား

အိႏိၵယ မင္းသမီးေခ်ာ Deepika ကေတာ့ အာရွမွာတင္မဟုတ္ဘဲ Hollywood မွာပါ ေနရာတစ္ခုရၿပီး သူမရဲ႕ ေခ်ာေမာလွပမႈေၾကာင့္ လူသိမ်ားထင္ရွားပါတယ္။ 1986ခုႏွစ္ ဇန္နဝါရီလာ ၅ရက္ေန႔မွာ ေမြးဖြားခဲ့တဲ့ Deepika ကေတာ့ အခုဆိုရင္ အသက္အားျဖင့္ ၃၃ ႏွစ္ရိွပါၿပီ။ သူရဲ႕ ေမြးဖြားရာဇာတ္တိကေတာ့ ဒိန္းမိတ္ႏိုင္ငံျဖစ္ပါတယ္။ 2018 ခုႏွစ္က Time မဂၢဇင္းက စစ္တမ္းေကာက္ယူခဲ့တဲ့ Influencer အေယာက္္ ၁၀၀ စာရင္းထဲမွာလည္း ပါဝင္ခဲ့ပါတယ္။ အိႏိၵယ ႏိုင္ငံရဲ႕ သရုပ္ေဆာင္ေၾကးအျမင့္ဆံုး မင္းသမီးထဲက တစ္ေယာက္လည္း ျဖစ္ပါတယ္။

ဒိန္းမတ္ႏိုင္ငံမွာ ေမြးဖြားခဲ့ေပမယ့္ သူ႔ကို ေမြးဖြားၿပီး ၁၁ လသမီးအရြယ္မွာပဲ သူတို႔မိသားစုဟာ အိႏိၵယကို ေျပာင္းေရႊ႕လာခဲ့ပါတယ္။ သူရဲ႕ ပထမဆံုးူ အႏုပညာေျခလွမ္းကေတာ့ Farah Khan ရဲ႕ Om Shanti Om သီခ်င္းမွာ ပါဝင္သရုပ္ေဆာင္ရျခင္းပဲ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူ႔ကို လူအမ်ားသတိထားမိၿပီး သရုပ္္ေဆာင္ေလာကထဲကို စတင္ေရာက္ရိွလာတာပါ ။ ၾကက္ေတာင္အားကစားကို ႏိုင္ငံေတာအဆင့္ထိ ကစားႏိုင္တာကို လူေတြသိၾကေပမယ့္ သူရဲ႕ Baseball အားကစားမွာလည္း ၾကက္ေတာင္မွာလို ထူးခၽြန္မႈမ်ိဳးရိွတာကိုေတာ့ လူေတြ သတိမထားမိၾကပါဘူး ။



ဂ်ဴဂ်စ္ဆုကိုလည္း ကၽြမ္းက်င္ၿပီး အက္ရွင္ခန္းေတြရိုက္ကူးရာမွာလည္း လူစားထိုးရိုက္ကူးျခင္းကို တတ္ႏိုင္သမွ်ေရွာင္ရွားသူတစ္ဦးျဖစ္ပါတယ္။ အမီတာဘဂ်မ္းကေတာ့ သူရဲ႕ စံျပပုဂၢိဳလ္တစ္ဦးျဖစ္ပါတယ္။ သူရဲ႕ ပထမဆံုး Hollywood ရုပ္ရွင္ကေတာ့ ၂၀၁၇ ခုႏွစ္က ရိုက္ကူးရံုတင္ခဲ့တဲ့ XXX : Return of Xander Cage ပဲျဖစ္ပါတယ္။ အခုခ်ိန္မွာသူဟာ ဇာတ္ကားေပါင္း ၃၀ နီးပါးမွာ သရုပ္ေဆာင္ရိုက္ကူးခဲ့ၿပီးျဖစ္သလို ကမၻရုပ္ရည္အလွဆံုးနဲ႔ ဆြဲေဆာင္မႈအရိွဆံုး အမ်ိဳးသမီးဆယ္ေေယာက္ စာရင္းမွာလည္း ခဏခဏ မွတ္တမ္းတင္ခံရသူတစ္ဦးလည္း ျဖစ္ပါတယ္။




Unicode

အိန္ဒိယ မင်းသမီးချော Deepika ကတော့ အာရှမှာတင်မဟုတ်ဘဲ Hollywood မှာပါ နေရာတစ်ခုရပြီး သူမရဲ့ ချောမောလှပမှုကြောင့် လူသိများထင်ရှားပါတယ်။ 1986ခုနှစ် ဇန်နဝါရီလာ ၅ရက်နေ့မှာ မွေးဖွားခဲ့တဲ့ Deepika ကတော့ အခုဆိုရင် အသက်အားဖြင့် ၃၃ နှစ်ရှိပါပြီ။ သူရဲ့ မွေးဖွားရာဇာတ်တိကတော့ ဒိန်းမိတ်နိုင်ငံဖြစ်ပါတယ်။ 2018 ခုနှစ်က Time မဂ္ဂဇင်းက စစ်တမ်းကောက်ယူခဲ့တဲ့ Influencer အယောက် ၁၀၀ စာရင်းထဲမှာလည်း ပါဝင်ခဲ့ပါတယ်။ အိန္ဒိယ နိုင်ငံရဲ့ သရုပ်ဆောင်ကြေးအမြင့်ဆုံး မင်းသမီးထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။



ဒိန်းမတ်နိုင်ငံမှာ မွေးဖွားခဲ့ပေမယ့် သူ့ကို မွေးဖွားပြီး ၁၁ လသမီးအရွယ်မှာပဲ သူတို့မိသားစုဟာ အိန္ဒိယကို ပြောင်းရွှေ့လာခဲ့ပါတယ်။ သူရဲ့ ပထမဆုံးူ အနုပညာခြေလှမ်းကတော့ Farah Khan ရဲ့ Om Shanti Om သီချင်းမှာ ပါဝင်သရုပ်ဆောင်ရခြင်းပဲ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူ့ကို လူအများသတိထားမိပြီး သရုပ်ဆောင်လောကထဲကို စတင်ရောက်ရှိလာတာပါ ။ ကြက်တောင်အားကစားကို နိုင်ငံတောအဆင့်ထိ ကစားနိုင်တာကို လူတွေသိကြပေမယ့် သူရဲ့ Baseball အားကစားမှာလည်း ကြက်တောင်မှာလို ထူးချွန်မှုမျိုးရှိတာကိုတော့ လူတွေ သတိမထားမိကြပါဘူး ။

ဂျူဂျစ်ဆုကိုလည်း ကျွမ်းကျင်ပြီး အက်ရှင်ခန်းတွေရိုက်ကူးရာမှာလည်း လူစားထိုးရိုက်ကူးခြင်းကို တတ်နိုင်သမျှရှောင်ရှားသူတစ်ဦးဖြစ်ပါတယ်။ အမီတာဘဂျမ်းကတော့ သူရဲ့ စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ သူရဲ့ ပထမဆုံး Hollywood ရုပ်ရှင်ကတော့ ၂၀၁၇ ခုနှစ်က ရိုက်ကူးရုံတင်ခဲ့တဲ့ XXX : Return of Xander Cage ပဲဖြစ်ပါတယ်။ အခုချိန်မှာသူဟာ ဇာတ်ကားပေါင်း ၃၀ နီးပါးမှာ သရုပ်ဆောင်ရိုက်ကူးခဲ့ပြီးဖြစ်သလို ကမ္ဘရုပ်ရည်အလှဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီးဆယ်ေယောက် စာရင်းမှာလည်း ခဏခဏ မှတ်တမ်းတင်ခံရသူတစ်ဦးလည်း ဖြစ်ပါတယ်။

Tags:

Leave a Reply