Donald Trump နဲ့ အမှတ်တရတွေကို သတိရနေတဲ့ သျှားထွဋ်အိန္ဒြာ

0
78

သျှားထွဋ်အိန္ဒြာဆိုတဲ့ မြန်မာဆန်သူ ညိုချော Miss Universe Myanmar လေးကိုအားလုံးမှတ်မိကြဦးမှာပါ။ သျှားထွဋ်ဟာ နိုင်ငံတကာစင်မြင့်ထက်မှာ မြန်မာနိုင်ငံကို မျက်နှာမငယ်ရအောင် အပြစ်ပြောမခံရအောင် တတ်အားသမျှစွမ်းဆောင်ပေးခဲ့တဲ့ ဂုဏ်ထူးဆောင် Miss တစ်ဦးဖြစ်ပြီး ပရိသတ်တွေရဲ့ချစ်ခင်လေးစားခြင်းခံရတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သျှားထွဋ်က မော်ဒယ်အဖြစ် အနုပညာလမ်းထက်မှာလျှောက်လှမ်းနေသလို တတ်နိုင်သမျှအနုပညာအလုပ်တွေကိုအားသွန်ခွန်စိုက်လုပ်နေဆဲဖြစ်ပါတယ်။

တကယ့် မြန်မာစစ်စစ်ရုပ်သွင်နဲ့ ရွှေဝါရောင်အသားအရည်ကိုပိုင်ဆိုင်ထားတဲ့ သျှားထွဋ်အိန္ဒြာဟာ ပေါ့သေးသေးတော့မဟုတ် ခေသူမဟုတ်လို့ဆိုရမှာပါ။ သျှားထွဋ်က မြန်မာနိုင်ငံကိုယ်စားပြုတစ်ယောက်အနေနဲ့ ကမ္ဘာ့ခေါင်းဆောင်ကြီးတွေနဲ့ ဖက်လှဲတကင်း ခင်မင်ရင်းနှီးစွာ ဆက်ဆံခဲ့ဖူးသူတစ်ဦးလည်းဖြစ်ပါသေးတယ်။ မကြာသေးမီက သျှားထွဋ်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပရိသတ်တွေပါးစပ်အဟောင်းသားဖြစ်စေမယ့် ဓာတ်ပုံတွေကိုချပြလိုက်ခဲ့ပါတယ်။ အဲဒါကတော့ အမေရိကန်သမ္မတ Donald Trump နဲ့ ဓာတ်ပုံတွေပါပဲ။

သျှားထွဋ်က Donald Trump နဲ့ မိုင်ယာမီမှာတွေ့ခဲ့တာဖြစ်ပြီး Donald Trump က မြန်မာအလှမယ်လေး သျှားထွဋ်နဲ့ ပြုံးရွှင်စွာပဲဓာတ်ပုံတွေရိုက်ပေးနေခဲ့တာပါ။ သျှားထွဋ်ဟာ 2014 တုန်းက အလှမယ်ပြိုင်ပွဲအတွက်သွားနေစဉ်မှာ အမေရိကန်သမ္မတနဲ့တွေ့ခဲ့တာလို့ယူဆရပါတယ်။ သျှားထွဋ်က Donald Trump နဲ့ ပြုံးပျော်ကြည်နူးနေတဲ့ ဓာတ်ပုံတွေနဲ့အတူ “အိုင့် ကိုအထင်မသေးပါနဲ့လို့ အိုင် မပြောခဲ့ဘူးလား။ Throwback with Mr.Donald Trump at Doral,Miami”လို့ ရေးတင်ထားခဲ့ပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော သျှားထွဋ်အိန္ဒြာလို ကျက်သရေအပေါင်းနဲ့ပြည့်စုံပြီး ဂုဏ်သိက္ခာရှိတဲ့ မြန်မာအလှမယ်လေးကို ချစ်ကြလား။ သျှားထွဋ်ရဲ့အနုပညာအလုပ်တွေကိုရောအားပေးကြလား။ ပြောခဲ့ကြပါဦး။

Can’t Wait To Say

LEAVE A REPLY

Please enter your comment!
Please enter your name here