Ex Justin Bieber ရဲ့ မင်္ဂလာပွဲအပြီးမှာ ဆံပင်ပုံစံ အသစ်နဲ့အရမ်းလန်းနေတဲ့ Selena Gomez




Unicode

အသက်၂၇ နှစ်အရွယ် အဆိုတော် သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့ Selena Gomez ကတော့ ပရိသတ်တွေကြားမှာ မိတ်ဆက်ပေးစရမလိုလောက်အောင် နာမည်ကျော်ကြားပြီးသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ ငယ်စဉ်ကလေးဘဝကတည်းက ဘာနေးလ်နှစ် သူငယ်ချင်းများဆိုတဲ့ ရုပ်သံစီးရီးတစ်ခုမှာ ပါဝင်သရုပ်ဆောင်ပြီး သူမရဲ့ အနုပညာအလုပ်ကို စတင်လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ Hollywood Record နဲ့ စာချုပ်ချုပ်ဆိုပြီး တီးဝိုင်းအဖွဲ့တစ်ဖွဲ့ကိုတည်ထောင်ကာ Kiss & Tell စီးရီးထုတ်ဝေဖြန့်ချိခဲ့ပါတယ်။ အဲ့ဒီခွေကတော့ Billboard မှာ နံပါတ်၉နေရာရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။

JBနဲ့လမ်းခွဲခဲ့ပြီးနောက်ပိုင်းမှာ လောကဓံတရားရဲ့ အနိမ့်အမြင်တွေကို ကောင်းကောင်းကြီးရင်ဆိုင်ခဲ့ရတဲ့ Selena တစ်ယောက်ကတော့ အခုချိန်မှာ အရာကိုရင်ဆိုင်ဖို့အထိ ရင့်ကျက်နေတဲ့ စိတ်အခြေနေကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက် ဖြစ်နေပါပြီ။ အခုအချိန်မှတော့ Selena ဟာ အောင်မြင်မှုတွေကို ပြန်လည်ရယူဖို့ အသင့်အနေထားဖြစ်နေပြီဆိုတာကို ယုံကြည်လို့ရတဲ့ ပုံလေးတွေဟာ ပါပါရာဇီ တွေရဲ့ လက်ချက်နဲ့ အွန်လိုင်းပေါ်မှာ ရောက်လာခဲ့ပါတယ်။ အဲ့ဒီပုံလေးမှာတော့ Selena ဟာဆံပင်ပုံစံအသစ်နဲ့ အလှကြီးလှနေပြီး ဘာမဆိုပြုံးပြုံးလေးနဲ့ ရင်ဆိုင်သွားမယ်ဆိုတဲ့ အားအင်ပြည့်ဖြိုးတဲ့ ခြေလှမ်းတွေနဲ့လျှောက်လှမ်းလာတဲ့ပုံကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က သူမအပြင်ထွက်လာတဲ့အချိန်မှာ ပါပါရာဇီတစ်ယောက်ရဲ့ လက်စွမ်းနဲ့ ရိုက်ကူးနိုင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအချိန်ကတော့ သူရဲ့ EX တစ်ယောက်ဖြစ်တဲ့ JB ရဲ့ မင်္ဂလာပွဲပြီးတာလည်း သိပ်မကြာသေးတဲ့ ရက်ပိုင်းလေးပဲဖြစ်နေပါတယ်။ JB နဲ့ Selena ကို အားပေးသူတွေကတော့ သူတို့နှစ်ယောက်သာ ဘဝလက်တွဲဖော်တွေအဖြစ် မြင်ချင်ကြပေမယ့်လည်း အခုတော့ အရာအားလုံးဟာ တိတိပပ ပြီးဆုံးသွားခဲ့ပါပြီ။ JB ကတော့ အိမ်ထောင်ရက်သားကျပြီး ဘဝတစ်ခုကို စတင်သွားပြီဖြစ်ပေမယ့်လည်း Selena တစ်ယောက်ကတော့ ချစ်သူတစ်ယောက်ကို တရားဝင်ချပြဖို့ အခြေနေထိရှိမနေသေးတာကတော့ ကြေကွဲစရာပါပဲ။ ဒါပေမယ့်လည်း Selena ရဲ့ အမာခံဖန်တွေကတော့ Selenaကို ဒီလိုပုံစံလေးနဲ့သာ မြင်ချင်ကြောင်းပြောထားကြပါတယ်။