Home Alone နဲ႔ Night At The Museum ကို ျပန္လည္ရိုက္ကူးမယ္ဆိုတဲ့ Disney

ငယ္ဘဝရဲ႕အေကာင္းဆံုးအခ်ိန္ေတြဟာ ကြင္းျပင္က်ယ္ႀကီးမွာ ေျပးလႊားကစားၾကရတာနဲ႔ ဇာတ္ကားေတြၾကည့္ေနရတဲ့အခ်ိန္ေတြပဲျဖစ္ပါတယ္။ အသက္ရြယ္ႀကီးရင့္လာတာနဲ႔ အမွ်ပဲ က်ေနာ္တို႔ ရဲ႕ အမွတ္တရေတြကလည္းတျဖည္းျဖည္း ေဝဝါးေပ်ာက္ကြယ္စျပဳလာမွပါ ။ အခုဒီဘက္ႏွစ္ပိုင္းမွာေတာ့ က်ေနာ္တို႔ရဲ႕ ငယ္ဘဝက ဇာတ္ကားတခ်ို႕ကို Reboot လုပ္ၿပီး ျပန္လည္ရိုက္ကူးၿပီး ရုပ္ရွင္ရံုေတြေပၚကို ျပန္လည္ ေရာက္႐ွိလာၿပီး က်ေနာ္တို႔ရဲ႕ အမွတ္တရေတြကိုျပန္လည္ တူးေဖာ္ခြင့္ရရိွလာပါၿပီ။

အထူးသျဖင့္ Disneyက ဇာတ္ကားေတြကို ျပန္လည္အသက္သြင္းရာမွာေတာ့ က်ေနာ္တို႔ေတြအႀကိဳက္ျဖစ္ခဲ့ရတဲ့ ဇာတ္ကားေတြလည္း ႐ိွခဲ့တာ အသိပါပဲ ။ Disney Studio ကေတာ့ အခုဆိုရင္ Marvel ဇာတ္ကားေတြကို ေတာင္ရိုက္ကူးတင္ဆက္ဖို႔ အခြင့္အေရးကို ရရိွထားၿပီးၿပီးပဲ ျဖစ္ပါတယ္။ အခုလည္း သူတို႔က ၉၀ ခုႏွစ္ဖြားေတြရဲ႕ အသည္းစြဲဇာတ္ကား ႏွစ္ကားကိုျပန္လည္ Reboot အျဖစ္ရိုက္ကူးဖို႔ ႀကံရြယ္ေနၾကတယ္လို႔ သိရပါတယ္။ အဲ့ဒီဇာတ္ကားေတြအေၾကာင္းကို နည္းနည္းစီျပန္ေျပာၾကည့္ရင္း က်ေနာ္တို႔ အမွတ္တရေလးေတြကို ျပန္တူးစြၾကည့္ၾကေအာင္ ။



Disney Reboot လုပ္ဖို႔စဥ္းစားထားတဲ့ ဇာတ္ကားတစ္ကားကေတာ့ Home Alone ပါ ။ Home Alone ရုပ္ရွင္ကို ၁၉၉၀ ခုနွစ္မွာရိုက္ကူးထုတ္လုပ္ခဲ့တာပါ။ Mc Callister မိသားစုက ခရစၥမတ္ရံုးပိတ္ရက္မွာ ပဲရစ္ကို သြားဖို႔စီစဥ္ေနၾကပါတယ္ ။ ကယ္ဗင္တစ္ေယာက္ သူ႔အစ္ကိုနဲ႔စကားမ်ားရာမွ အိမ္ရဲ႕ထပ္ခိုးေပၚမွာသြားေနဖို႔ ျပစ္ဒဏ္ေပျခင္းကိုခံလိုက္ရပါတယ္။ အဲ့ဒီေန႔က ညပိုင္းမွာ ရာသီဥတု ဆိုးရြားတာေၾကာင့္ မီးမ်ားျပတ္ေတာက္ကာ ႏိႈးစက္သံမျမည္တာေၾကာင့္ တမိသားစုလံုး အိပ္ရာထေနာက္က်ၿပီး ေလယာဥ္ခ်ိန္ မမီေတာ့တာေၾကာင့္ ပ်ာယီးပ်ာယာနဲ႔သြားၾကရင္း ထပ္ခိုးေပၚမွာ အိပ္ေပ်ာ္ေနတဲ့ ကယ္ဗင္ကို ေမ့ခဲ့ၾကပါတယ္။ အဲ့ဒီအေၾကာင္းကို အေျခခံၿပီး တလြဲျဖစ္ရတဲ့ သူခိုးႏွစ္ေယာက္နဲ႔ အေၾကာင္းေတြကိုရယ္စရာေကာင္းတဲ့ ဇာတ္ကားကို Disney က ျပန္လည္ အသက္သြင္းဖို႔ျပင္ဆင္ေနပါၿပီ။




ေနာက္ထပ္ Disney ျပန္လည္ အသက္သြင္းရိုက္ကူးဖို႔ စီစဥ္ေနတဲ့ ဇာတ္လမ္းကေတာ့ Night At The Museum ပဲျဖစ္ပါတယ္။ Night At The Museum ဇာတ္ကားကေတာ့ က်ေနာ္တို႔ ေတြကို စိတ္လွုပ္ရွားမႈအေပးႏိုင္ဆံုးဇာတ္ကားတစ္ကားျဖစ္ပါတယ္ ။ ညေရာက္မွာ အသက္ဝင္လာတတ္တဲ့ ဇာတ္လမ္းတစ္ခုကေတာ့ တကယ္ဒီဘက္ ေခတ္ပံုစံေတြ နည္းပညာေတြနဲ႔ ျပန္လည္ရိုက္ကူးမယ္ဆိုရင္ တကယ္ကို အေတာ္ေကာင္းမြန္မယ့္ ဇာတ္လမ္းတစ္ခုျဖစ္လာမွာပါ။

Unicode

ငယ်ဘဝရဲ့အကောင်းဆုံးအချိန်တွေဟာ ကွင်းပြင်ကျယ်ကြီးမှာ ပြေးလွှားကစားကြရတာနဲ့ ဇာတ်ကားတွေကြည့်နေရတဲ့အချိန်တွေပဲဖြစ်ပါတယ်။ အသက်ရွယ်ကြီးရင့်လာတာနဲ့ အမျှပဲ ကျနော်တို့ ရဲ့ အမှတ်တရတွေကလည်းတဖြည်းဖြည်း ဝေဝါးပျောက်ကွယ်စပြုလာမှပါ ။ အခုဒီဘက်နှစ်ပိုင်းမှာတော့ ကျနော်တို့ရဲ့ ငယ်ဘဝက ဇာတ်ကားတချို့ကို Reboot လုပ်ပြီး ပြန်လည်ရိုက်ကူးပြီး ရုပ်ရှင်ရုံတွေပေါ်ကို ပြန်လည် ရောက်ရှိလာပြီး ကျနော်တို့ရဲ့ အမှတ်တရတွေကိုပြန်လည် တူးဖော်ခွင့်ရရှိလာပါပြီ။



အထူးသဖြင့် Disneyက ဇာတ်ကားတွေကို ပြန်လည်အသက်သွင်းရာမှာတော့ ကျနော်တို့တွေအကြိုက်ဖြစ်ခဲ့ရတဲ့ ဇာတ်ကားတွေလည်း ရှိခဲ့တာ အသိပါပဲ ။ Disney Studio ကတော့ အခုဆိုရင် Marvel ဇာတ်ကားတွေကို တောင်ရိုက်ကူးတင်ဆက်ဖို့ အခွင့်အရေးကို ရရှိထားပြီးပြီးပဲ ဖြစ်ပါတယ်။ အခုလည်း သူတို့က ၉၀ ခုနှစ်ဖွားတွေရဲ့ အသည်းစွဲဇာတ်ကား နှစ်ကားကိုပြန်လည် Reboot အဖြစ်ရိုက်ကူးဖို့ ကြံရွယ်နေကြတယ်လို့ သိရပါတယ်။ အဲ့ဒီဇာတ်ကားတွေအကြောင်းကို နည်းနည်းစီပြန်ပြောကြည့်ရင်း ကျနော်တို့ အမှတ်တရလေးတွေကို ပြန်တူးစွကြည့်ကြအောင် ။

Disney Reboot လုပ်ဖို့စဉ်းစားထားတဲ့ ဇာတ်ကားတစ်ကားကတော့ Home Alone ပါ ။ Home Alone ရုပ်ရှင်ကို ၁၉၉၀ ခုနှစ်မှာရိုက်ကူးထုတ်လုပ်ခဲ့တာပါ။ Mc Callister မိသားစုက ခရစ္စမတ်ရုံးပိတ်ရက်မှာ ပဲရစ်ကို သွားဖို့စီစဉ်နေကြပါတယ် ။ ကယ်ဗင်တစ်ယောက် သူ့အစ်ကိုနဲ့စကားများရာမှ အိမ်ရဲ့ထပ်ခိုးပေါ်မှာသွားနေဖို့ ပြစ်ဒဏ်ပေခြင်းကိုခံလိုက်ရပါတယ်။ အဲ့ဒီနေ့က ညပိုင်းမှာ ရာသီဥတု ဆိုးရွားတာကြောင့် မီးများပြတ်တောက်ကာ နှိုးစက်သံမမြည်တာကြောင့် တမိသားစုလုံး အိပ်ရာထနောက်ကျပြီး လေယာဉ်ချိန် မမီတော့တာကြောင့် ပျာယီးပျာယာနဲ့သွားကြရင်း ထပ်ခိုးပေါ်မှာ အိပ်ပျော်နေတဲ့ ကယ်ဗင်ကို မေ့ခဲ့ကြပါတယ်။ အဲ့ဒီအကြောင်းကို အခြေခံပြီး တလွဲဖြစ်ရတဲ့ သူခိုးနှစ်ယောက်နဲ့ အကြောင်းတွေကိုရယ်စရာကောင်းတဲ့ ဇာတ်ကားကို Disney က ပြန်လည် အသက်သွင်းဖို့ပြင်ဆင်နေပါပြီ။

နောက်ထပ် Disney ပြန်လည် အသက်သွင်းရိုက်ကူးဖို့ စီစဉ်နေတဲ့ ဇာတ်လမ်းကတော့ Night At The Museum ပဲဖြစ်ပါတယ်။ Night At The Museum ဇာတ်ကားကတော့ ကျနော်တို့ တွေကို စိတ်လှုပ်ရှားမှုအပေးနိုင်ဆုံးဇာတ်ကားတစ်ကားဖြစ်ပါတယ် ။ ညရောက်မှာ အသက်ဝင်လာတတ်တဲ့ ဇာတ်လမ်းတစ်ခုကတော့ တကယ်ဒီဘက် ခေတ်ပုံစံတွေ နည်းပညာတွေနဲ့ ပြန်လည်ရိုက်ကူးမယ်ဆိုရင် တကယ်ကို အတော်ကောင်းမွန်မယ့် ဇာတ်လမ်းတစ်ခုဖြစ်လာမှာပါ။