Idol အျဖစ္ကေန သရုပ္ေဆာင္မင္းသားအျဖစ္ေအာင္ျမင္သြားတဲ့ စြဲမက္ဖြယ္ကုိရီးယားမင္းသားမ်ား

အခ်ိဳ႕သူေတြက အနုပညာကုိဝါသနာပါေပမယ့္ အနုပညာေလာကထဲကုိ ကုိယ္တကယ္ဝါသနာပါတဲ့လမ္းေၾကာင္းနဲ႔ဝင္ခြင့္ရခ်င္မွရၾကတာပါ။ အခ်ိဳ႕ကေတာ့ ဝါသနာပါတဲ့အရာေတြအကုန္လံုးကုိဖန္တီးခြင့္ရတဲ့ကံေကာင္းသူေတြလည္းရွိၾကပါတယ္။ ပရိသတ္ၾကီးအတြက္ Idol အျဖစ္ကေန သရုပ္ေဆာင္မင္းသားအျဖစ္ေအာင္ျမင္သြားတဲ့ ကုိရီးယားဆယ္လီေတြကိုေဖာ္ျပေပးလိုက္ပါတယ္။

Jun Ho



Jun Ho ကုိေတာ့ 2PM အဖြဲ႕ထဲက အေခ်ာေလးအျဖစ္ေတာ္ေတာ္မ်ားမ်ားသိၾကမွာပါ။ Jun Ho ဟာ JYP Entertainment ရဲ႕ Idol တစ္ဦးျဖစ္ခဲ့ျပီး 2013 မွာ Cold Eyes ရုပ္ရွွင္ဇာတ္ကားနဲ႔ သရုပ္ေဆာင္တစ္ဦးအျဖစ္စတင္ပြဲထြက္လာခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ ရုပ္ရွင္ေတြဆက္တိုက္ရိုက္ျပီး မင္းသားအျဖစ္ပရိသတ္ေတြအားေပးလက္ခံမႈကုိရလာခဲ့တာလည္းျဖစ္ပါတယ္။

Park Hyun Sik




ျပစ္မ်ိဳးမွဲ႕မထင္ေအာင္ေခ်ာတဲ့ မင္းသားေလး Hyun Sik ကေတာ့ Strong Woman Do Bong Soon ဇာတ္လမ္းတြဲနဲ႔ပရိသတ္ေတြရင္ထဲကုိေရာက္လာခဲ့သူေလးဆိုရင္မမွားပါဘူး။ Hyun Sik ဟာ ZE:A အဖြဲ႕ရဲ႕ အဖြဲ႕ဝင္ Idol တစ္ဦးျဖစ္ခဲ့ျပီး 2012 မွာ I Remember You ဇာတ္လမ္းတြဲနဲ႔ စတင္ျပီးလူသိမ်ားေက်ာ္ၾကားလာခဲ့တာပါ။ အဲဒီေနာက္မွာ The Heirs, High Society နဲ႔ Suits ဇာတ္လမ္းတြဲေတြလည္းဇာတ္တိုက္ဆိုသလိုရိုိုက္ျပီး ေအာင္ျမင္လာခဲ့တာပါ။

D.O



Exo ရဲ႕ D.O, Do Kyung Soo ေလးကေတာ့ 2014 မွာစျပီး ရုပ္ရွင္ဇာတ္လမ္းတြဲေလးေတြထဲမွာ ပါဝင္လာခဲ့ျပီး It’s Okay, That’s Love ဆိုတဲ့ ဇာတ္လမ္းတြဲမွာလည္းပါဝင္သရုပ္ေဆာင္ခဲ့ပါတယ္။ D.O ရဲ႕ သရုပ္ေဆာင္မႈေတြဟာ ပရိသတ္ေတြရဲ႕တခဲနက္ခ်ီးက်ဴးအားေပးမႈေတြရခဲ့ျပီး Baeksang ဆုေတြဘာေတြရဲ႕ ဆန္ခါတင္စာရင္းေတြပါဝင္ခဲ့ပါတယ္။ အခုေနာက္ပုိင္းမွာလည္း D.O က သရုပ္ေဆာင္အလုပ္ေတြဆက္လုပ္ေနဆဲပဲျဖစ္ပါတယ္။

Yook Sun Jae

Yook Sun Jae ကို ျမန္မာနုိင္ငံမွာလူသိမ်ားသြားေစတာကေတာ့ Goblin ဇာတ္လမ္းတြဲလို႔ဆိုရမွာပါ။ Goblin ထဲမွာ မွင္စာရဲ႕တူအျဖစ္သရုုပ္ေဆာင္ခ်က္ေတြဟာ ပရိသတ္ေတြရဲ႕ရင္ထဲကုိဝင္ေရာက္သြားခဲ့တယ္ဆုိရင္လည္းမမွားပါဘူး။ Yook Sun Jae ဟာ BTOB boy band ရဲ႕ အဖြဲ႕ဝင္တစ္ဦးျဖစ္ခဲ့ျပီး သရုပ္ေဆာင္အျဖစ္ 2013 မွာကတည္းက စတင္ဝင္ေရာက္လာခဲ့တာျဖစ္ပါတယ္။

Ong Seong Woo

Ong Seong Woo ကေတာ့ Produce 101 ထဲမွာဝင္ေရာက္ယွဥ္ျပိဳင္ခဲ့သူပါ။ သူဟာ Wanna One ရဲ႕ အဖြဲ႕ဝင္တစ္ဦးလည္းျဖစ္ျပီး သရုပ္ေဆာင္ေလာကကုိ Eighteen ဆိုတဲ့ Drama နဲ႔ ဝင္ေရာက္လာခဲ့ပါတယ္။ ခ်စ္ဖို႔ေကာင္းျပီးအသည္းယားစရာအမူအရာေလးေတြနဲ႔ ေကာင္မေလးေတြရဲ႕အသည္းကုိ ဖမ္းစားတတ္တဲ့ Ong Seong Woo ဟာအခုလက္ရွိမွာ ေအာင္ျမင္မႈရေနတဲ့ သရုပ္ေဆာင္တစ္ဦးျဖစ္ေနသလို သူဝါသနာပါတဲ့ ဂီကုိလည္းၾကိဳးစားလုပ္ေနဆဲျဖစ္တယ္လို႔သိရပါတယ္။

Unicode

အချို့သူတွေက အနုပညာကိုဝါသနာပါပေမယ့် အနုပညာလောကထဲကို ကိုယ်တကယ်ဝါသနာပါတဲ့လမ်းကြောင်းနဲ့ဝင်ခွင့်ရချင်မှရကြတာပါ။ အချို့ကတော့ ဝါသနာပါတဲ့အရာတွေအကုန်လုံးကိုဖန်တီးခွင့်ရတဲ့ကံကောင်းသူတွေလည်းရှိကြပါတယ်။ ပရိသတ်ကြီးအတွက် Idol အဖြစ်ကနေ သရုပ်ဆောင်မင်းသားအဖြစ်အောင်မြင်သွားတဲ့ ကိုရီးယားဆယ်လီတွေကိုဖော်ပြပေးလိုက်ပါတယ်။

Jun Ho

Jun Ho ကိုတော့ 2PM အဖွဲ့ထဲက အချောလေးအဖြစ်တော်တော်များများသိကြမှာပါ။ Jun Ho ဟာ JYP Entertainment ရဲ့ Idol တစ်ဦးဖြစ်ခဲ့ပြီး 2013 မှာ Cold Eyes ရုပ်ရှှင်ဇာတ်ကားနဲ့ သရုပ်ဆောင်တစ်ဦးအဖြစ်စတင်ပွဲထွက်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရုပ်ရှင်တွေဆက်တိုက်ရိုက်ပြီး မင်းသားအဖြစ်ပရိသတ်တွေအားပေးလက်ခံမှုကိုရလာခဲ့တာလည်းဖြစ်ပါတယ်။

Park Hyun Sik

ပြစ်မျိုးမှဲ့မထင်အောင်ချောတဲ့ မင်းသားလေး Hyun Sik ကတော့ Strong Woman Do Bong Soon ဇာတ်လမ်းတွဲနဲ့ပရိသတ်တွေရင်ထဲကိုရောက်လာခဲ့သူလေးဆိုရင်မမှားပါဘူး။ Hyun Sik ဟာ ZE:A အဖွဲ့ရဲ့ အဖွဲ့ဝင် Idol တစ်ဦးဖြစ်ခဲ့ပြီး 2012 မှာ I Remember You ဇာတ်လမ်းတွဲနဲ့ စတင်ပြီးလူသိများကျော်ကြားလာခဲ့တာပါ။ အဲဒီနောက်မှာ The Heirs, High Society နဲ့ Suits ဇာတ်လမ်းတွဲတွေလည်းဇာတ်တိုက်ဆိုသလိုရိိုုက်ပြီး အောင်မြင်လာခဲ့တာပါ။

D.O

Exo ရဲ့ D.O, Do Kyung Soo လေးကတော့ 2014 မှာစပြီး ရုပ်ရှင်ဇာတ်လမ်းတွဲလေးတွေထဲမှာ ပါဝင်လာခဲ့ပြီး It’s Okay, That’s Love ဆိုတဲ့ ဇာတ်လမ်းတွဲမှာလည်းပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ D.O ရဲ့ သရုပ်ဆောင်မှုတွေဟာ ပရိသတ်တွေရဲ့တခဲနက်ချီးကျူးအားပေးမှုတွေရခဲ့ပြီး Baeksang ဆုတွေဘာတွေရဲ့ ဆန်ခါတင်စာရင်းတွေပါဝင်ခဲ့ပါတယ်။ အခုနောက်ပိုင်းမှာလည်း D.O က သရုပ်ဆောင်အလုပ်တွေဆက်လုပ်နေဆဲပဲဖြစ်ပါတယ်။

Yook Sun Jae

Yook Sun Jae ကို မြန်မာနိုင်ငံမှာလူသိများသွားစေတာကတော့ Goblin ဇာတ်လမ်းတွဲလို့ဆိုရမှာပါ။ Goblin ထဲမှာ မှင်စာရဲ့တူအဖြစ်သရုုပ်ဆောင်ချက်တွေဟာ ပရိသတ်တွေရဲ့ရင်ထဲကိုဝင်ရောက်သွားခဲ့တယ်ဆိုရင်လည်းမမှားပါဘူး။ Yook Sun Jae ဟာ BTOB boy band ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပြီး သရုပ်ဆောင်အဖြစ် 2013 မှာကတည်းက စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

Ong Seong Woo

Ong Seong Woo ကတော့ Produce 101 ထဲမှာဝင်ရောက်ယှဉ်ပြိုင်ခဲ့သူပါ။ သူဟာ Wanna One ရဲ့ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး သရုပ်ဆောင်လောကကို Eighteen ဆိုတဲ့ Drama နဲ့ ဝင်ရောက်လာခဲ့ပါတယ်။ ချစ်ဖို့ကောင်းပြီးအသည်းယားစရာအမူအရာလေးတွေနဲ့ ကောင်မလေးတွေရဲ့အသည်းကို ဖမ်းစားတတ်တဲ့ Ong Seong Woo ဟာအခုလက်ရှိမှာ အောင်မြင်မှုရနေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်နေသလို သူဝါသနာပါတဲ့ ဂီကိုလည်းကြိုးစားလုပ်နေဆဲဖြစ်တယ်လို့သိရပါတယ်။

Tags: