Infinity War ရုပ်ရှင်နောက်ကွယ်က လူသိနည်းတဲ့ အချက်များ

0
215

၂၀၁၈ ခုနှစ်မှာ Marvel ရဲ့ Infinity War ရုပ်ရှင်ဟာ စံချိန်ပေါင်းများစွာ ချိုးဖျက်ခဲ့ပြီး ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ကားစာရင်းမှာ စတုတ္ထနေရာထိ ရောက်ရှိခဲ့ပါတယ်။ အခု ၂၀၁၉ မှာလည်း သူ့ရဲ့နောက်ဆက်တွဲ Avengers: End Game ကိုမြင်ရဦးမှာမို့ ပြောချင်လွန်းလို့ ပရိသတ်တွေအတွက် Infinity War ရုပ်ရှင်ရဲ့ နောက်ကွယ်က အချက်အလက်တွေကို တင်ဆက်ပေးချင်ပါတယ်။

၁. Spider-Man အဖြစ် သရုပ်ဆောင်တဲ့ Tom Holland ဟာ ဇာတ်ကားအတွက် ဇာတ်ညွှန်းကို ကြိုမဖတ်ခဲ့ရပါဘူး။ ၂၀၁၇ ခုနှစ်က သူ့ရဲ့ဆိုလိုရုပ်ရှင် Spider-Man: Homecoming နဲ့ပတ်သက်ပြီး အရမ်း အာချောင်ခဲ့လို့ပါ။ အခုလည်း နောက်ထွက်မယ့်ရုပ်ရှင်ရဲ့အမည် Spider-Man: Far From Home ကို သူ့ဆီကနေပဲ စပြီး ပေါက်ကြားခဲ့ပြန်ပါတယ်။

၂. Doctor Strange ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကမှ တကိုယ်တော်ရုပ်ရှင်နဲ့ မိတ်ဆက်လာခဲ့ပြီး Infinity War မတိုင်ခင် ကြားကာလမှာ မှော်ပညာကို Time Stone ရဲ့အကူအညီနဲ့ လေ့လာခဲ့ပါတယ်။ ဒါကြောင့် ယခင် ရုပ်ရှင်တုန်းကလို မဟုတ်ဘဲ Infinity War ထဲမှာတော့ ကမ္ဘာပေါ်မှာ အကြမ်းဆုံး မှော်ဆရာ ဖြစ်နေပြီး အခြား ဇာတ်ကောင်တွေထက် ရင့်ကျက်မှုကို ပြသခဲ့တာလို့ ဆိုပါတယ်။

၃. Tom Holland လိုပဲနောက်ထပ်အာချောင်တဲ့သူကတော့ Hulk / Bruce Banner အဖြစ် သရုပ်ဆောင်တဲ့ Mark Ruffalo ပါ။ သူ့ကိုလည်း ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့က ဇာတ်ညွှန်းအတုကိုသာ ဖတ်ခိုင်းခဲ့ပါတယ်။ သူက အင်တာဗျူးတစ်ခုမှာ ဇာတ်ညွှန်းအတုက အစစ်ထက်ပိုကောင်းတယ်လို့ နောက်ပြောင်ခဲ့တယ်။

၎. ငယ်ရွယ်သေးတဲ့ Tom Holland ဟာ Star-lord အဖြစ်သရုပ်ဆောင်တဲ့ Chris Pratt ရဲ့ ပရိသတ်ဖြစ်ပြီး သူနဲ့အတူ အလုပ်လုပ်ရမှာကို ပျော်ရွှင်ခဲ့ပေမယ့် တကယ်တမ်းတွဲလုပ်တဲ့အခါ ရိုက်ကွင်းအတွင်းမှာရော၊ အပြင်မှာပါ အဆက်မပြတ်နောက်ပြောင်နေတတ်တဲ့ Chris Pratt ကြောင့် ရုပ်တည်နဲ့ သရုပ်ဆောင်ဖို့ အလွန် ခက်ခဲကြောင်း ပြောခဲ့ပါတယ်။

၅. ၂၀၁၈ ရဲ့ နောက်ထပ် မှတ်ကျောက်တင်နိုင်တဲ့ Marvel ကားကတော့ Black Panther ပါ။ လူမည်း သရုပ်ဆောင်တွေသာ အဓိကပါဝင်ခဲ့တဲ့ ဒီကားဟာ စံချိန်ပေါင်းများစွာကို ချိုးပြီး အောင်မြင်ခဲ့တယ်။ Thanos အဖြစ် သရုပ်ဆောင်တဲ့ Josh Brolin က သူဟာ Infinity War ရုံတင်ဖို့ တစ်ပတ်အလိုထိကို လက်မှတ်မရလို့ Black Panther ကိုမကြည့်ရသေးဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် Black Panther စတားတွေကို Infinity War မှာ သက်သက်မျက်နှာသာပေးတာမျိုး မရှိပါဘူးလို့ ဆိုပါတယ်။

၆. ဒါရိုက်တာ Russo ညီနောင်ဟာ အစက ဒီကားမှာ Captain Marvel ပါမယ်လို့ ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် တကယ်တမ်း မပါဝင်ခဲ့ဘဲ သက်သက်တစ်ကိုယ်တော် ရုပ်ရှင်နဲ့မှ မိတ်ဆက်လာတော့မှာ ဖြစ်ပြီး End Game မှာလည်း ပါဝင်သွားမှာပါ။

၇. ဒီကားထဲမှာ Bruce Banner (Mark Ruffalo) ဟာ MCU ထဲမှာ ပထမဆုံးအကြိမ်အဖြစ် သူ့ရဲ့ alter-ego ဖြစ်တဲ့ Hulk ကို တိုက်ရိုက်ဆက်သွယ်ခဲ့ပါတယ်။

၈. ဘတ်ဂျက်ပမာဏ ဒေါ်လာသန်း ၃၁၆ ကနေ ၄၀၀ အတွင်း သတ်မှတ်ခဲ့တဲ့ Infinity War ဇာတ်ကားဟာ လက်ရှိ စူပါဟီးရိုးရုပ်ရှင်တွေထဲမှာ ဘတ်ဂျက်အများဆုံး အကုန်ကျခံထားတဲ့ ကားပါ။