James Bond နဲ႔ Captain America ကိုတြဲျမင္ရမယ့္ Knives Out ရုပ္ရွင္ကား

ဒီဘက္ႏွစ္ရုပ္ရွင္ေတြမွာေတာ့ ရုပ္ရွင္ကားေတြကို သိပၸံစိတ္ကူးယာဥ္ဇာတ္လမ္းေတြအသားၿပီး ရိုက္ကူးလာတာနဲ႔ တခ်ိန္က ကာတြန္းကားေတြကို Live Action အျဖစ္ျပန္လည္ အသက္သြင္းၾကရင္း၊ ထိတ္လန္႕သည္းဖိုဇာတ္ကားေတြ ရံုတင္လိုက္ နဲ႔ အက္ရွင္အသားေပးဇာတ္လမ္းေတြ နည္းနည္း႐ွားပါးလာမယ္ထင္ပါတယ္။ ဒုစ႐ိုက္ႏွိမ္ႏွင္းေရး ဒါမွမဟုတ္ မႈခင္းတစ္ခုခုကို စံုစမ္းေဖာ္ထုတ္ရတဲ့ လွ်ိဳ႕ဝွက္သည္းဖိုဇာတ္လမ္းေတြဟာ အနည္းငယ္ရွားပါးလာတ့ဲႏွစ္အပိုင္းအျခားတစ္ခုလို႔ဆိုရင္ ရေလာက္တဲ့အေနထားတစ္ခုကို ေရာက္ေနတယ္ထင္ပါတယ္။ တကယ္ေတာ့ က်ေနာ္တို႔ ႏိုင္ငံမွာ ရံုတင္ဇာတ္ကားေတြကပဲ ဒီလိုဇာတ္လမ္းေတြခ်ည္းပဲ ျဖစ္ေနတာလားဆိုတာကလည္း စဥ္းစားစရာပါပဲ ။ အခု ပရိသတ္ေတြ ရင္ခုန္စိတ္လႈပ္ရွားစရာ ဇာတ္လမ္းတစ္ခုရဲ႕ Trailer ဟာ ထြက္ရွိလာခဲ့ပါၿပီ။

အဲ့ဒီဇာတ္လမ္းမွာေတာ့ ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းစြဲ Chris Evan နဲ႔ ဂ်ိမ္းစ္ဘြန္းမင္းသားႀကီး Daniel Craig တို႔ပါဝင္သရုပ္ေဆာင္ထားတဲ့ Knives Out ဆိုတဲ့ ရုပ္ရွင္ဇာတ္ကားရဲ႕ Trailer ဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းက ထြက္ရိွလာခဲ့ပါတယ္။ ဒီဇာတ္ကားကေတာ့ Lopper , The Brother Bloom , Starwars : The Last Jedi စတဲ့ရုပ္ရွင္ေတြကို ရုိက္ကူးပံုေဖာ္ထားတဲ့ ဒါရိုက္တာ Rian Craig က ပံုေဖာ္ရိုက္ကူးထားပါတယ္။ ပါဝင္သရုပ္ေဆာင္မယ့္သူေတြကေတာ့ အေပၚမွာေျပာျပခဲ့တဲ့ မင္းသားႏွစ္ေယာက္အျပင္ တျခားနာမည္ႀကီးသရုပ္ေဆာင္ေတြျဖစ္ၾကတ့ဲ Ana de Armas,Jamie Lee Curtis,Michael Shannon,Don Johnson,Toni Collette,Lakeith Stanfield,Katherine Langford,Jaeden Martell,Christopher Plummerပါဝင္သရုပ္ေဆာင္ထားၾကပါတယ္။



လွ်ိဳ႕ဝွက္သည္းဖို စံုေထာက္ကားတစ္ကားျဖစ္ၿပီး ပရိသတ္ေတြရဲ႕ စိတ္ကို ဘယ္လိုဖမ္းစားႏိုင္မလဲ ၊ ၿပီးေတာ့ ကိန္းဂဏန္းေတြအရ ဘယ္ေလာက္ထိ ေအာင္ျမင္လာမလဲဆိုတာကိုေတာ့ အခုကတည္းကေန တခ်ိဳ႕ရုပ္ရွင္ေဝဖန္ေရး ဝဘ္ဆိုဒ္ေတြကနၿပီးႀကိဳတင္ခန္႔မွန္းေနၾကတာမ်ိဳးေတြကိုလည္း ေတြ႔ျမင္ေနရပါတယ္။ ၉၉ ရာခိုင္ႏႈန္းထိအေကာင္းဘက္မွာ Rating ရထားတဲ့ ဇာတ္ကားတစ္ကားဆိုေတာ့ ေစာင့္ၾကည့္ရံုပါပဲ။ ဒီဇာတ္ကားကို အေမရိကန္ မွာလာမယ့္ ႏိုဝင္ဘာ ၂၇ ရက္ေန႔မွာ ရံုတင္မယ္လို႔ သိရပါတယ္။




Unicode

ဒီဘက်နှစ်ရုပ်ရှင်တွေမှာတော့ ရုပ်ရှင်ကားတွေကို သိပ္ပံစိတ်ကူးယာဉ်ဇာတ်လမ်းတွေအသားပြီး ရိုက်ကူးလာတာနဲ့ တချိန်က ကာတွန်းကားတွေကို Live Action အဖြစ်ပြန်လည် အသက်သွင်းကြရင်း၊ ထိတ်လန့်သည်းဖိုဇာတ်ကားတွေ ရုံတင်လိုက် နဲ့ အက်ရှင်အသားပေးဇာတ်လမ်းတွေ နည်းနည်းရှားပါးလာမယ်ထင်ပါတယ်။ ဒုစရိုက်နှိမ်နှင်းရေး ဒါမှမဟုတ် မှုခင်းတစ်ခုခုကို စုံစမ်းဖော်ထုတ်ရတဲ့ လျှို့ဝှက်သည်းဖိုဇာတ်လမ်းတွေဟာ အနည်းငယ်ရှားပါးလာတဲ့နှစ်အပိုင်းအခြားတစ်ခုလို့ဆိုရင် ရလောက်တဲ့အနေထားတစ်ခုကို ရောက်နေတယ်ထင်ပါတယ်။ တကယ်တော့ ကျနော်တို့ နိုင်ငံမှာ ရုံတင်ဇာတ်ကားတွေကပဲ ဒီလိုဇာတ်လမ်းတွေချည်းပဲ ဖြစ်နေတာလားဆိုတာကလည်း စဉ်းစားစရာပါပဲ ။ အခု ပရိသတ်တွေ ရင်ခုန်စိတ်လှုပ်ရှားစရာ ဇာတ်လမ်းတစ်ခုရဲ့ Trailer ဟာ ထွက်ရှိလာခဲ့ပါပြီ။

အဲ့ဒီဇာတ်လမ်းမှာတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ Chris Evan နဲ့ ဂျိမ်းစ်ဘွန်းမင်းသားကြီး Daniel Craig တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Knives Out ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားရဲ့ Trailer ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်ရှိလာခဲ့ပါတယ်။ ဒီဇာတ်ကားကတော့ Lopper , The Brother Bloom , Starwars : The Last Jedi စတဲ့ရုပ်ရှင်တွေကို ရိုက်ကူးပုံဖော်ထားတဲ့ ဒါရိုက်တာ Rian Craig က ပုံဖော်ရိုက်ကူးထားပါတယ်။ ပါဝင်သရုပ်ဆောင်မယ့်သူတွေကတော့ အပေါ်မှာပြောပြခဲ့တဲ့ မင်းသားနှစ်ယောက်အပြင် တခြားနာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့ Ana de Armas,Jamie Lee Curtis,Michael Shannon,Don Johnson,Toni Collette,Lakeith Stanfield,Katherine Langford,Jaeden Martell,Christopher Plummerပါဝင်သရုပ်ဆောင်ထားကြပါတယ်။



လျှို့ဝှက်သည်းဖို စုံထောက်ကားတစ်ကားဖြစ်ပြီး ပရိသတ်တွေရဲ့ စိတ်ကို ဘယ်လိုဖမ်းစားနိုင်မလဲ ၊ ပြီးတော့ ကိန်းဂဏန်းတွေအရ ဘယ်လောက်ထိ အောင်မြင်လာမလဲဆိုတာကိုတော့ အခုကတည်းကနေ တချို့ရုပ်ရှင်ဝေဖန်ရေး ဝဘ်ဆိုဒ်တွေကနပြီးကြိုတင်ခန့်မှန်းနေကြတာမျိုးတွေကိုလည်း တွေ့မြင်နေရပါတယ်။ ၉၉ ရာခိုင်နှုန်းထိအကောင်းဘက်မှာ Rating ရထားတဲ့ ဇာတ်ကားတစ်ကားဆိုတော့ စောင့်ကြည့်ရုံပါပဲ။ ဒီဇာတ်ကားကို အမေရိကန် မှာလာမယ့် နိုဝင်ဘာ ၂၇ ရက်နေ့မှာ ရုံတင်မယ်လို့ သိရပါတယ်။