James Bond မင္းသားႀကီး Roger Moore ရဲ႕ လူသိနည္းတဲ့ အခ်က္မ်ား

သူလွ်ိဳဇာတ္ကားေတြထဲမွာ လူေတြအႀကိဳက္ဆံုး ဇာတ္ကားေတြနဲ႔ အေအာင္ျမင္ဆံုး ဇာတ္ကားေတြကေတာ့ James Bond ဇာတ္ကားေတြပါပဲ ။ James Bond ဇာတ္ကားဟာ ေအာင္ျမင္မႈက ဘယ္ေလာက္ထိေအာင္ျမင္မႈေတြရရိွခဲ့လည္း ဆိုရင္ေတာ့ အခုခ်ိန္ထိ ဇာတ္ကား ေပါင္း၂၀ ေက်ာ္ကို သရုပ္ေဆာင္ ၇ ေယာက္နဲ႔ရိုက္ကူး တင္ဆက္ေပးႏိုင္တဲ့အထိပါပဲ ။ အဲ့ဒီထဲမွာေတာ့ က်ေနာ္တို႔ ရ႕ဲအခ်စ္ေတာ္မင္းသားႀကီး Roger Moore လည္း အပါဝင္ျဖစ္ပါတယ္။ Bond ရုပ္ရွင္ရဲ႕ မူလမင္းသားႀကီး ျဖစ္တဲ့ Sean Connery ရုိက္ကူးေရးေတြနားတဲ့အခ်ိန္မွာေတာ့ Roger Moore ဟာ Sean ေနရာကို အစားထိုးသရုပ္ေဆာင္ဖို႔ အခြင့္အေရးရလာခဲ့ပါတယ္။ သူရဲ႕ Bond ရုပ္ရွင္ေတြကလည္း ပရိသတ္ေတြၾကားမွာေရပန္းစား လူႀကိဳက္မ်ားခဲ့တဲ့ ဇာတ္ကားေတြျဖစ္ခဲ့ပါတယ္။ အခုက်ေနာ္တို႔ ေျပာခ်င္လြန္းလို႔ ပရိသတ္ေတြကို ေဖာ္ျပေပးသြားမယ့္အေၾကာင္းအရာေလးကေတာ့ James Bond မင္းသားႀကီး Roger Moore ရဲ႕ သိနည္းတဲ့အေၾကာင္းေလးေတြပဲျဖစ္ပါတယ္။

1973 ခုႏွစ္က ရိုက္ကူးတင္ဆက္ခဲ့တဲ့ Live and Let Die ဆိုတဲ့ 007 Sequel တစ္ခုျဖစ္တဲ့ ဘြန္းရုပ္ရွင္မွာ James Bond အျဖစ္ပါဝင္သရုပ္ေဆာင္ခဲ့ၿပီး ေနာက္ပိုင္းမွာ Bond ရုပ္ရွင္ကို စတင္သရုပ္ေဆာင္ခဲ့သူတစ္ဦးျဖစ္ပါတယ္။ သူရဲ႕နာမည္အရင္းကေတာ့ Roger George Moore ျဖစ္ပါတယ္။ သူ႔ကို ၁၄ ရက္ ေအာက္တိုဘာလ ၁၉၂၇ ခုႏွစ္မွာေမြးဖြားခဲ့ပါတယ္။ သူရဲ႕ သရုပ္ေဆာင္အလုပ္အျဖစ္ ပထမဆံုး သရုပ္ေဆာင္ခဲ့တဲ့ ဇာတ္ကားကေတာ့ ၁၉၄၅ ခုႏွစ္က ရုိက္ကူးထုတ္လႊင့္ခဲ့တဲ့ Caesar and Cleopatra ဇာတ္ကားျဖစ္ပါတယ္။



အဲ့ဒီဇာတ္ကားမွာေတာ့ သူဟာ ဇာတ္ရံတစ္ေယာက္အျဖစ္နဲ႔သာ ပါဝင္သရုပ္ေဆာင္ခြင့္ရခဲ့တာပါ ။ အဲ့ဒီဇာတ္ကားရဲ႕ ဒါရိုက္တာျဖစ္သူ Hurst ကေတာ့ Roger Moore ရဲ႕ ဆြဲေဆာင္မႈကို သက္ဝင္ၿပီး သူ႔ကို ေတာ္ဝင္ျပဇာတ္ အႏုပညာေက်ာင္းမွာ ေက်ာင္းစရိတ္ေထာက္ပံ့ေပးၿပီး သရုပ္ေဆာင္ပညာန႔ဲ အႏုပညာရပ္ ဆိုင္ရာေတြကို ၃ ႏွစ္ေလ့လာသင္ယူေစခဲ့ပါတယ္။

အသက္ ၁၈ႏွစ္အရြယ္အေရာက္မွာေတာ့ ၿဗိတိန္ရဲ႕ စစ္မႈမထမ္းမေနရ ဥပေဒေၾကာင့္ ေတာ္ဝင္ၾကည္းတပ္မွာ စစ္မႈထမ္းၿပီး ၁၉၄၆ ခုႏွစ္ စက္တင္ဘာလ ၂၁ ရက္ေန႕မွာေတာ့ ဒုဗိုလ္အျဖစ္ေပးအပ္ျခင္းကို ခံခဲ့ရပါတယ္။ သူရဲ႕ တပ္မေတာ္မွာ တာဝန္ထမ္းေဆာင္ခဲ့တဲ့ ကိုယ္ပိုင္အမွတ္ကေတာ့ ၃၇၂၃၉၄ ျဖစ္ပါတယ္။ တကၠသိုလ္တက္ေရာက္ခဲ့ေပမယ့္လည္း ဘြဲ႔မရခဲ့ပါဘူး ။ အဲလိဇဘတ္ဘုရင္မ ၂ ရဲ႕ ပရိဟိတ လုပ္ငန္းေတြမွာ စြမ္းစြမ္းတမံ ပါဝင္ ေဆာင္ရြက္မႈေတြေၾကာင့္ ၂၀၀၃ ခုႏွစ္မွေတာ့ ဘုရင္မႀကီးက သူေကာင္းျပဳ ျခင္းကိုခံခဲ့ရၿပီး Sir ဘြဲ႔ရခဲ့ပါတယ္။




၂၀၀၈ ခုႏွစ္မွာေတာ့ ျပင္သစ္ႏိုင္ငံရဲက အစိုးရအဖြဲ႕ကေနၿပီး Roger Moore ကို Ordre des Arts et des Lettres ဘြဲ႔ကို အပ္ႏွင္းခ်ီးျမွင့္ခဲ့ပါတယ္။ သက္တမ္းအရွည္ဆံုး James Bond မင္းသားတစ္ဦးျဖစ္ၿပီး စုစုေပါင္း Bond ရုပ္ရွင္ ၆ခုကို ရိုက္ကူးခဲ့သူတစ္ေယာက္ လည္းျဖစ္ပါတယ္။ ၂၃ရက္ ေမလ ၂၀၁၇ ခုႏွစ္ သူ အသက္ ၈၉ ႏွစ္အရြယ္မွာေတာ့ ဆြစ္ဇာလန္ႏိုင္ငံ Crans-Montana အရပ္မွာ ဘဝတစ္ပါးကို ကူးေျပာင္းသြားခဲ့ပါတယ္။



Unicode

သူလျှိုဇာတ်ကားတွေထဲမှာ လူတွေအကြိုက်ဆုံး ဇာတ်ကားတွေနဲ့ အအောင်မြင်ဆုံး ဇာတ်ကားတွေကတော့ James Bond ဇာတ်ကားတွေပါပဲ ။ James Bond ဇာတ်ကားဟာ အောင်မြင်မှုက ဘယ်လောက်ထိအောင်မြင်မှုတွေရရှိခဲ့လည်း ဆိုရင်တော့ အခုချိန်ထိ ဇာတ်ကား ပေါင်း၂၀ ကျော်ကို သရုပ်ဆောင် ၇ ယောက်နဲ့ရိုက်ကူး တင်ဆက်ပေးနိုင်တဲ့အထိပါပဲ ။ အဲ့ဒီထဲမှာတော့ ကျနော်တို့ ရဲ့အချစ်တော်မင်းသားကြီး Roger Moore လည်း အပါဝင်ဖြစ်ပါတယ်။ Bond ရုပ်ရှင်ရဲ့ မူလမင်းသားကြီး ဖြစ်တဲ့ Sean Connery ရိုက်ကူးရေးတွေနားတဲ့အချိန်မှာတော့ Roger Moore ဟာ Sean နေရာကို အစားထိုးသရုပ်ဆောင်ဖို့ အခွင့်အရေးရလာခဲ့ပါတယ်။ သူရဲ့ Bond ရုပ်ရှင်တွေကလည်း ပရိသတ်တွေကြားမှာရေပန်းစား လူကြိုက်များခဲ့တဲ့ ဇာတ်ကားတွေဖြစ်ခဲ့ပါတယ်။ အခုကျနော်တို့ ပြောချင်လွန်းလို့ ပရိသတ်တွေကို ဖော်ပြပေးသွားမယ့်အကြောင်းအရာလေးကတော့ James Bond မင်းသားကြီး Roger Moore ရဲ့ သိနည်းတဲ့အကြောင်းလေးတွေပဲဖြစ်ပါတယ်။

1973 ခုနှစ်က ရိုက်ကူးတင်ဆက်ခဲ့တဲ့ Live and Let Die ဆိုတဲ့ 007 Sequel တစ်ခုဖြစ်တဲ့ ဘွန်းရုပ်ရှင်မှာ James Bond အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းမှာ Bond ရုပ်ရှင်ကို စတင်သရုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူရဲ့နာမည်အရင်းကတော့ Roger George Moore ဖြစ်ပါတယ်။ သူ့ကို ၁၄ ရက် အောက်တိုဘာလ ၁၉၂၇ ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။ သူရဲ့ သရုပ်ဆောင်အလုပ်အဖြစ် ပထမဆုံး သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားကတော့ ၁၉၄၅ ခုနှစ်က ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ Caesar and Cleopatra ဇာတ်ကားဖြစ်ပါတယ်။

အဲ့ဒီဇာတ်ကားမှာတော့ သူဟာ ဇာတ်ရံတစ်ယောက်အဖြစ်နဲ့သာ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့တာပါ ။ အဲ့ဒီဇာတ်ကားရဲ့ ဒါရိုက်တာဖြစ်သူ Hurst ကတော့ Roger Moore ရဲ့ ဆွဲဆောင်မှုကို သက်ဝင်ပြီး သူ့ကို တော်ဝင်ပြဇာတ် အနုပညာကျောင်းမှာ ကျောင်းစရိတ်ထောက်ပံ့ပေးပြီး သရုပ်ဆောင်ပညာနဲ့ အနုပညာရပ် ဆိုင်ရာတွေကို ၃ နှစ်လေ့လာသင်ယူစေခဲ့ပါတယ်။

အသက် ၁၈နှစ်အရွယ်အရောက်မှာတော့ ဗြိတိန်ရဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် တော်ဝင်ကြည်းတပ်မှာ စစ်မှုထမ်းပြီး ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့မှာတော့ ဒုဗိုလ်အဖြစ်ပေးအပ်ခြင်းကို ခံခဲ့ရပါတယ်။ သူရဲ့ တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကိုယ်ပိုင်အမှတ်ကတော့ ၃၇၂၃၉၄ ဖြစ်ပါတယ်။ တက္ကသိုလ်တက်ရောက်ခဲ့ပေမယ့်လည်း ဘွဲ့မရခဲ့ပါဘူး ။ အဲလိဇဘတ်ဘုရင်မ ၂ ရဲ့ ပရိဟိတ လုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ ပါဝင် ဆောင်ရွက်မှုတွေကြောင့် ၂၀၀၃ ခုနှစ်မှတော့ ဘုရင်မကြီးက သူကောင်းပြု ခြင်းကိုခံခဲ့ရပြီး Sir ဘွဲ့ရခဲ့ပါတယ်။

၂၀၀၈ ခုနှစ်မှာတော့ ပြင်သစ်နိုင်ငံရဲက အစိုးရအဖွဲ့ကနေပြီး Roger Moore ကို Ordre des Arts et des Lettres ဘွဲ့ကို အပ်နှင်းချီးမြှင့်ခဲ့ပါတယ်။ သက်တမ်းအရှည်ဆုံး James Bond မင်းသားတစ်ဦးဖြစ်ပြီး စုစုပေါင်း Bond ရုပ်ရှင် ၆ခုကို ရိုက်ကူးခဲ့သူတစ်ယောက် လည်းဖြစ်ပါတယ်။ ၂၃ရက် မေလ ၂၀၁၇ ခုနှစ် သူ အသက် ၈၉ နှစ်အရွယ်မှာတော့ ဆွစ်ဇာလန်နိုင်ငံ Crans-Montana အရပ်မှာ ဘဝတစ်ပါးကို ကူးပြောင်းသွားခဲ့ပါတယ်။