Joker ရုပ္ရွင္က 2019 အတြက္စိတ္ပ်က္စရာအေကာင္းဆံုးလို႔ ေရးသားေဖာ္ျပလိုက္တဲ့The Guardian

ဒီအပတ္ထဲကေတာ့ ကမၻာ့ရုပ္ရွင္ေလာကမွာ ဆူဆူညံညံ ျဖစ္ေစတဲ့ တစ္ခုျဖစ္ေနပါၿပီ ။ အဲ့ဒီလိုျဖစ္ရျခင္းအေၾကာင္းရာကေတာ့ ပရိသတ္ေတြအမ်ားႀကီးက ေမွ်ာ္လင့္ေနတဲ့ ရုပ္ရွင္ကားတစ္ကား က ႏိုင္ငံတကာရုပ္ရွင္ရံုေတြေပၚမွာ ေရာက္ရိွေနၿပီျဖစ္ပါတယ္။ ဒီဇာတ္လမ္းကေတာ့ ႏိုင္ငံတကာ ရုပ္ရွင္ဆိုင္ရာ ဝဘ္ဆိုဒ္ေတြမွာေတာ့ Rating အၾကမ္းႀကီးေတြရထားပါတယ္။ ဒါေပမယ့္ တစ္ဖက္ကေတာ့ က်ေနာ္တို႔မေမွ်ာ္လင့္ထားတဲ့ အျပစ္တင္ေျပာဆိုမႈေတြကိုလည္း ၾကားေတြ႕ေနရပါတယ္။ တကယ္ဆိုရင္ Joker ရုပ္ရွင္ဟာ ဗင္းနစ္ရုပ္ရွင္ျပပြဲမွာ ျပသၿပီး ဆုတစ္ဆုလက္ခံရၿပီးကတည္းက ေဝဖန္သံေတြထြက္လာခဲ့တဲ့ကားပါ။ အဲ့ဒီေနာက္မွာေတာ့ Premiere Show မွာလည္း သတင္းေထာက္ေတြကို Ban ခဲ့တာေၾကာင့္ မီဒီယာေတြနဲ႔ ရုပ္ရွင္နဲ႔ၾကားက ရာသီဥတုဟာ တျဖည္းျဖည္းေမွာင္မိုက္လာပါတယ္။

ဒီဇာတ္ကားရဲ႕ အေစာပိုင္းကာလေတြက သရုပ္ေဆာင္ေရြးခ်ယ္မႈေတြျပဳလုပ္ေနခ်ိန္မွာလည္း တကယ့္ကို သရုပ္ေဆာင္ပိုင္းဆိုင္ရာမွာ လွ်မ္းလွ်မ္းေတာက္ဆိုတဲ့ ပုဂၢိဳလ္ေတြကိုပဲ ဦးတည္ခဲ့တာပါ။ Suicide Squad ထဲက Joker ကေတာ့ အေတာ္ကို ေမာ္ဒန္ဆန္ပါတယ္။ Classic ဆန္တဲ့ အခုJoker ေနရာမွာသရုပ္ေဆာင္ဖို႔ လ်ာထားခဲ့တဲ့ စာရင္းမွာဆိုရင္ Leonardo ႀကီးေတာင္ ပါပါေသးတယ္။ ဒါေပမယ့္လည္း Joaquin Phoenix ႀကီးသရုပ္ေဆာင္မယ္လည္း ဆိုေတာ့ တကယ့္ကိုေပ်ာ္ရႊင္ဝမ္းသာစရာေကာင္းခဲ့ပါတယ္။ Joaquin Phoenix ဆိုတဲ့ သရုပ္ေဆာင္ကလည္း သရုပ္ေဆာင္ျခင္းအတတ္န႔ဲ ဇာတ္ေကာင္စီးေျမာမႈမွာ ဘယ္သူနဲ႔မွမတူေအာင္ လုပ္ေဆာင္ႏိုင္စြမ္းရိွသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဒီJoker ဇာတ္ရုပ္အတြက္ ရယ္သံတစ္ခုကို ကိုယ္ပိုင္ဟန္ျဖစ္ေနေအာင္ ေလ့က်င့္ခဲ့ၾကရတယ္ဆိုတဲ့ အင္တာဗ်ဳးေတြမွာ ေျဖေလ့ရိွပံုေတြ ။ ၿပီးေတာ့ သူရဲ႕ ရုပ္ပိုင္းဆိုင္ရာ ျပင္ဆင္ခ်က္ေတြကို ၾကားသိရတနာေတြကလည္း က်ေနာ္တို႔စိတ္ဝင္စားမႈေတြကို ျမွင့္တင္ေပးခဲ့ပါတယ္။



ဒါေပမယ့္ နာမည္ႀကီး သတင္းဝဘ္ဆိုဒ္တစ္ခုျဖစ္တဲ့ The Guardian ကေတာ့ Joker ဇာတ္ကားကို ျပင္းျပင္းထန္ထန္ကို ေဝဖန္ထားပါတယ္။ သူတို႔ရ႕ဲ ေဝဖန္ခ်က္ေတြကေတာ့ DC Hater ေတြအတြက္ေတာ့ အေတာ္ကို ဝမ္းသာစရာေကာင္းတဲ့ ထိုးႏွက္ခ်င္ေတြနဲ႔တိုက္ခိုက္ခံေနရတာပါ။ The Guardian ရဲ႕ သတင္းတစ္ပုဒ္မွာ တစ္ႏွစ္ရဲ႕ စိတ္ပ်က္စရာအေကာင္းဆံုး ကိစၥႀကီးက ေရာက္ရိွလာပါၿပီ လို႔အစခ်ီၿပီး Joker ရုပ္ရွင္ကို ပယ္ပယ္နယ္နယ္ကို ေဝဖန္ထားပါတယ္။ တကယ္ စိတ္ပ်က္စရာေကာင္းမေကာင္းကေတာ့ က်ေနာ္တို႔ကိုယ္တိုင္ သြားၾကည့္ၿပီးမွပဲ ဆံုးျဖတ္ရမယ့္ သေဘာမွာရိွေနပါတယ္။




Unicode

ဒီအပတ်ထဲကတော့ ကမ္ဘာ့ရုပ်ရှင်လောကမှာ ဆူဆူညံညံ ဖြစ်စေတဲ့ တစ်ခုဖြစ်နေပါပြီ ။ အဲ့ဒီလိုဖြစ်ရခြင်းအကြောင်းရာကတော့ ပရိသတ်တွေအများကြီးက မျှော်လင့်နေတဲ့ ရုပ်ရှင်ကားတစ်ကား က နိုင်ငံတကာရုပ်ရှင်ရုံတွေပေါ်မှာ ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ နိုင်ငံတကာ ရုပ်ရှင်ဆိုင်ရာ ဝဘ်ဆိုဒ်တွေမှာတော့ Rating အကြမ်းကြီးတွေရထားပါတယ်။ ဒါပေမယ့် တစ်ဖက်ကတော့ ကျနော်တို့မမျှော်လင့်ထားတဲ့ အပြစ်တင်ပြောဆိုမှုတွေကိုလည်း ကြားတွေ့နေရပါတယ်။ တကယ်ဆိုရင် Joker ရုပ်ရှင်ဟာ ဗင်းနစ်ရုပ်ရှင်ပြပွဲမှာ ပြသပြီး ဆုတစ်ဆုလက်ခံရပြီးကတည်းက ဝေဖန်သံတွေထွက်လာခဲ့တဲ့ကားပါ။ အဲ့ဒီနောက်မှာတော့ Premiere Show မှာလည်း သတင်းထောက်တွေကို Ban ခဲ့တာကြောင့် မီဒီယာတွေနဲ့ ရုပ်ရှင်နဲ့ကြားက ရာသီဥတုဟာ တဖြည်းဖြည်းမှောင်မိုက်လာပါတယ်။

ဒီဇာတ်ကားရဲ့ အစောပိုင်းကာလတွေက သရုပ်ဆောင်ရွေးချယ်မှုတွေပြုလုပ်နေချိန်မှာလည်း တကယ့်ကို သရုပ်ဆောင်ပိုင်းဆိုင်ရာမှာ လျှမ်းလျှမ်းတောက်ဆိုတဲ့ ပုဂ္ဂိုလ်တွေကိုပဲ ဦးတည်ခဲ့တာပါ။ Suicide Squad ထဲက Joker ကတော့ အတော်ကို မော်ဒန်ဆန်ပါတယ်။ Classic ဆန်တဲ့ အခုJoker နေရာမှာသရုပ်ဆောင်ဖို့ လျာထားခဲ့တဲ့ စာရင်းမှာဆိုရင် Leonardo ကြီးတောင် ပါပါသေးတယ်။ ဒါပေမယ့်လည်း Joaquin Phoenix ကြီးသရုပ်ဆောင်မယ်လည်း ဆိုတော့ တကယ့်ကိုပျော်ရွှင်ဝမ်းသာစရာကောင်းခဲ့ပါတယ်။ Joaquin Phoenix ဆိုတဲ့ သရုပ်ဆောင်ကလည်း သရုပ်ဆောင်ခြင်းအတတ်နဲ့ ဇာတ်ကောင်စီးမြောမှုမှာ ဘယ်သူနဲ့မှမတူအောင် လုပ်ဆောင်နိုင်စွမ်းရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီJoker ဇာတ်ရုပ်အတွက် ရယ်သံတစ်ခုကို ကိုယ်ပိုင်ဟန်ဖြစ်နေအောင် လေ့ကျင့်ခဲ့ကြရတယ်ဆိုတဲ့ အင်တာဗျုးတွေမှာ ဖြေလေ့ရှိပုံတွေ ။ ပြီးတော့ သူရဲ့ ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်ချက်တွေကို ကြားသိရတနာတွေကလည်း ကျနော်တို့စိတ်ဝင်စားမှုတွေကို မြှင့်တင်ပေးခဲ့ပါတယ်။



ဒါပေမယ့် နာမည်ကြီး သတင်းဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ The Guardian ကတော့ Joker ဇာတ်ကားကို ပြင်းပြင်းထန်ထန်ကို ဝေဖန်ထားပါတယ်။ သူတို့ရဲ့ ဝေဖန်ချက်တွေကတော့ DC Hater တွေအတွက်တော့ အတော်ကို ဝမ်းသာစရာကောင်းတဲ့ ထိုးနှက်ချင်တွေနဲ့တိုက်ခိုက်ခံနေရတာပါ။ The Guardian ရဲ့ သတင်းတစ်ပုဒ်မှာ တစ်နှစ်ရဲ့ စိတ်ပျက်စရာအကောင်းဆုံး ကိစ္စကြီးက ရောက်ရှိလာပါပြီ လို့အစချီပြီး Joker ရုပ်ရှင်ကို ပယ်ပယ်နယ်နယ်ကို ဝေဖန်ထားပါတယ်။ တကယ် စိတ်ပျက်စရာကောင်းမကောင်းကတော့ ကျနော်တို့ကိုယ်တိုင် သွားကြည့်ပြီးမှပဲ ဆုံးဖြတ်ရမယ့် သဘောမှာရှိနေပါတယ်။