Kaitlynn Carter နဲ႔ လမ္းခြဲလိုက္တဲ့ Miley Cyrus

မင္းသားေခ်ာ Laim Hemsworth နဲ႔ လမ္းခြဲၿပီး သိပ္မၾကာခင္မွာပဲ Miley Cryus က သူရဲ႕ အမ်ိဳးသမီးခ်စ္သူျဖစ္တဲ့ Kaitlynn Carter နဲ႔ တြဲခုတ္လာခဲ့တာ အားလံုးလည္းသိၾကၿပီးျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္စတြဲစဥ္တုန္းကေတာ့ Laim ရဲ႕ သဝန္တိုမႈကို လိုခ်င္လို႔ မိန္းကေလးတစ္ေယာက္နဲ႔ တြဲတယ္ဆိုၿပီး သတင္းထြက္လာပါေသးတယ္။ ေနာက္ပိုင္း သူတို႔ႏွစ္ေယာက္ရဲ႕ တကယ္တြဲေနတာဆိုတာ သိသာတဲ့အခ်က္ေတြေၾကာင့္ ပရိသတ္ေတြက Miley တစ္ေယာက္ ဘာေတြစတန္႔ထြင္ေနျပန္ၿပီလဲဆိုၿပီး အျမင္အမ်ိဳးမ်ိဳး ေဝဖန္သံေတြအမ်ိဳးမ်ိဳးထြက္လာျပန္ခဲ့ပါတယ္။

ဘယ္လိုပဲေနေန တစ္ခုခုဆိုရင္ အေကာင္းမေျပာခံရတဲ့သူဟာ Miley တစ္ေယာက္ ပါပဲ။ သူ႔ပရိသတ္ေတြဟာ သူ႔ရဲ႕ ေပၚဦးစ ဆယ္ေက်ာ္သက္အရြယ္က ခပ္ေအးေအး ခပ္ရိုးရိုးပံုစံ ေက်းလက္သီခ်င္းေတြ သီဆိုတဲ့ေကာင္မေလးတစ္ေယာက္ အျဖစ္သာျမင္ခ်င္ၾကေပမယ့္လည္း Miley တစ္ေယာက္ကေတာ့ တကယ့္ကို ေျပာင္းလဲမႈအႀကီးႀကီးေတြ လုပ္ခဲ့သူပါ။ တကယ္ေတာ့ Miley ဟာ အခ်စ္ႀကီးခ်စ္တတ္သူတစ္ေယာက္ ျဖစ္တာပါ။ သူ႔ရဲ႕ အခ်စ္ေရးမတည္ၿငိမ္မႈေတြအေပၚမွာ Wrecking Ball သီခ်င္းနဲ႔လည္း ေပါက္ကြဲခဲ့ဖူးသူတစ္ေယာက္ပါ။



အခု Kait နဲ႔သူနဲ႔ လမ္းခြဲလိုက္ၿပီဆိုတဲ့အေၾကာင္းကို US Weekly သတင္းဌာနကေန အတည္ျပဳေပးခဲ့ပါတယ္။ သူတို႔ေတြရဲ႕ ခ်စ္သူသက္တမ္းကေတာ့ တစ္လ ဆိုတဲ့အခ်ိန္ေလးသာ ၾကာခဲ့တာကေတာ့ တကယ့္ကို ဝမ္းနည္းစရာပါပဲ။ သူတို႔ေတြ လမ္းခြဲခဲ့တဲ့ အေၾကာင္းရင္းကို ေသခ်ာမသိရေသးေပမယ့္လို႔ သူတို႔ႏွစ္ေယာက္လမ္းခြဲခဲ့တယ္ဆိုတဲ့အေၾကာင္းကေတာ့ တကယ္မွန္ကန္ေၾကာင္းကေတာ့ အမွန္ပါပဲ ။ Miley တစ္ေယာက္ ႏွလံုးသားေရးကိစၥေတြမွာေတာ့ တစ္ခါက ၿငိမ္သက္ေနခဲ့ေပမယ့္ အခုခ်ိန္မွာေတာ့ တည္ၿငိမ္ေနတဲ့ ေရကန္ထဲကို ခဲေလးတစ္လံုး က်သြားသလို ျဖစ္ေနၿပီ။ Miley တစ္ေယာက္လည္း အခ်စ္သစ္နဲ႔ အျမန္းဆံုးေတြ႔ၿပီး ေပ်ာ္ရႊင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။




Unicode

မင်းသားချော Laim Hemsworth နဲ့ လမ်းခွဲပြီး သိပ်မကြာခင်မှာပဲ Miley Cryus က သူရဲ့ အမျိုးသမီးချစ်သူဖြစ်တဲ့ Kaitlynn Carter နဲ့ တွဲခုတ်လာခဲ့တာ အားလုံးလည်းသိကြပြီးဖြစ်ပါတယ်။ သူတို့နှစ်ယောက်စတွဲစဉ်တုန်းကတော့ Laim ရဲ့ သဝန်တိုမှုကို လိုချင်လို့ မိန်းကလေးတစ်ယောက်နဲ့ တွဲတယ်ဆိုပြီး သတင်းထွက်လာပါသေးတယ်။ နောက်ပိုင်း သူတို့နှစ်ယောက်ရဲ့ တကယ်တွဲနေတာဆိုတာ သိသာတဲ့အချက်တွေကြောင့် ပရိသတ်တွေက Miley တစ်ယောက် ဘာတွေစတန့်ထွင်နေပြန်ပြီလဲဆိုပြီး အမြင်အမျိုးမျိုး ဝေဖန်သံတွေအမျိုးမျိုးထွက်လာပြန်ခဲ့ပါတယ်။

ဘယ်လိုပဲနေနေ တစ်ခုခုဆိုရင် အကောင်းမပြောခံရတဲ့သူဟာ Miley တစ်ယောက် ပါပဲ။ သူ့ပရိသတ်တွေဟာ သူ့ရဲ့ ပေါ်ဦးစ ဆယ်ကျော်သက်အရွယ်က ခပ်အေးအေး ခပ်ရိုးရိုးပုံစံ ကျေးလက်သီချင်းတွေ သီဆိုတဲ့ကောင်မလေးတစ်ယောက် အဖြစ်သာမြင်ချင်ကြပေမယ့်လည်း Miley တစ်ယောက်ကတော့ တကယ့်ကို ပြောင်းလဲမှုအကြီးကြီးတွေ လုပ်ခဲ့သူပါ။ တကယ်တော့ Miley ဟာ အချစ်ကြီးချစ်တတ်သူတစ်ယောက် ဖြစ်တာပါ။ သူ့ရဲ့ အချစ်ရေးမတည်ငြိမ်မှုတွေအပေါ်မှာ Wrecking Ball သီချင်းနဲ့လည်း ပေါက်ကွဲခဲ့ဖူးသူတစ်ယောက်ပါ။



အခု Kait နဲ့သူနဲ့ လမ်းခွဲလိုက်ပြီဆိုတဲ့အကြောင်းကို US Weekly သတင်းဌာနကနေ အတည်ပြုပေးခဲ့ပါတယ်။ သူတို့တွေရဲ့ ချစ်သူသက်တမ်းကတော့ တစ်လ ဆိုတဲ့အချိန်လေးသာ ကြာခဲ့တာကတော့ တကယ့်ကို ဝမ်းနည်းစရာပါပဲ။ သူတို့တွေ လမ်းခွဲခဲ့တဲ့ အကြောင်းရင်းကို သေချာမသိရသေးပေမယ့်လို့ သူတို့နှစ်ယောက်လမ်းခွဲခဲ့တယ်ဆိုတဲ့အကြောင်းကတော့ တကယ်မှန်ကန်ကြောင်းကတော့ အမှန်ပါပဲ ။ Miley တစ်ယောက် နှလုံးသားရေးကိစ္စတွေမှာတော့ တစ်ခါက ငြိမ်သက်နေခဲ့ပေမယ့် အခုချိန်မှာတော့ တည်ငြိမ်နေတဲ့ ရေကန်ထဲကို ခဲလေးတစ်လုံး ကျသွားသလို ဖြစ်နေပြီ။ Miley တစ်ယောက်လည်း အချစ်သစ်နဲ့ အမြန်းဆုံးတွေ့ပြီး ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Leave a Reply