Kaitlynn Carter နဲ႔ လမ္းခြဲျပီးေနာက္္ ျမန္ျမန္ဆန္ဆန္ၾကီး ခ်စ္သူအသစ္ရသြားတဲ့ Miley Cyrus

Miley ဟာဆိုရင္ေတာ့ စိတ္အေျပာင္းအလဲျမန္သူတစ္ဦးလို႔ေျပာရမွာပါပဲ။ သူနွစ္ရွည္လမ်ားခ်စ္လာခဲ့တဲ့ ခင္ပြန္းျဖစ္သူ Liam Hemsworth နဲ႔ လက္ထပ္ျပီးသိပ္မၾကာခင္မွာပဲ ကြာရွင္းခဲ့ျပီးေနာက္ တစ္လမျပည့္ခင္ မိန္းကေလးခ်စ္သူ Kaitlynn Carter နဲ႔ တြဲခုတ္လာခဲ့တာ တစ္ကမၻာလံံုးအျမင္ပါ။ အဲဒီမိန္းကေလးခ်စ္သူနဲ႔ အားလပ္ရက္ခရီးေတြဘာေတြထြက္၊ေပ်ာ္ရႊင္ေနျပီး တစ္လမျပည့္ခင္မွာ ထပ္ျပီး လမ္းခြဲသြားျပန္ပါတယ္။ ဒီတစ္ခါေတာ့ Miley တစ္ေယာက္တည္ျငိမ္သြားတာပဲျဖစ္ျဖစ္ အရင္အၾကိမ္ေတြလိုပဲ Liam နဲ႔ ျပန္ေပါင္းထုပ္တာပဲျဖစ္ျဖစ္လုပ္ေတာ့မယ္လို႔ ပရိသတ္ေတြက ေမွ်ာ္လင့္ေနၾကတုန္းမွာပဲဘယ္သုူမွမထင္ထားတာၾကီးလုပ္လိုက္ျပန္ပါျပီ။

အဲဒါကေတာ့ နွစ္လအတြင္းခင္ပြန္းနဲ႔ေရာ ခ်စ္သူေကာင္မေလးနဲ႔ပါ ဆက္တိုက္ဆိုသလိုျပတ္စဲထားတဲ့ Miley ဟာ အခုလည္း ေနာက္ထပ္ခ်စ္သူတစ္ေယာက္ရသြားျပန္တာပါ။ Miley ရဲ႕ ခ်စ္သူအသစ္ကေတာ့ Cody Simpson ပါ။ ဟုတ္ပါတယ္။ ေကာင္မေလးေတြအသည္းစြဲရူးသြပ္ခဲ့ရတဲ့ ေရႊေရာင္ဆံပင္ေတြ၊မ်က္ဝန္းျပာျပာေတြနဲ႔ အဆိုေတာ္ Cody Simpson ပါပဲ။ Miley နဲ႔ Cody ဟာ နွစ္ေတြအၾကာၾကီး သူငယ္ခ်င္းေတြအျဖစ္ရွိေနခဲ့ၾကျပီး Miley က Cody ကုိေတာ့ အရာရာဖြင့္ဟတိုင္ပင္တတ္တယ္လို႔သိရပါတယ္။ Miley ရဲ႕ ခ်စ္သူေတြနဲ႔တြဲေနစဥ္အခ်ိန္တစ္ေလွ်ာက္လံုးမွာလည္း Cody က သူငယ္ခ်င္းအေနနဲ႔ရွိေနေပးခဲ့ျပီး အရာအားလံုးကုိမွ်ေဝခံစားခဲ့ပါတယ္တဲ့။



မၾကာေသးမီရက္ပုိင္းက Los  Angeles က Smoothie ဆိုင္တစ္ဆုိင္မွာ Miley နဲ႔ Cody က အေအးေသာက္ရင္းအတူေပ်ာ္ရႊင္ေနၾကျပီး နမ္းေနၾကတာကုိေတြ႕ခဲ့ရတယ္လို႔ ပရိသတ္ေတြက Twitter မွာတင္လာခဲ့ၾကပါတယ္။ ဒါ့အျပင္အျခားေနရာေတြေတာ္ေတာ္မ်ားမ်ားမွာလည္း သူတို႔ခ်စ္သူနွစ္ဦးအခ်စ္နာလန္ထေနတာကုိျမင္လို္က္ရတဲ့ပရိသတ္ေတြအေတာ္မ်ားမ်ားရွိတယ္ဆုိပါတယ္။ ၾကည့္ရတာ Miley က လူေခ်ာေလး Cody ကုိ သူငယ္ခ်င္းအျဖစ္က အဆင့္တက္ေပးလိုက္ျပီထင္တယ္လို႔ေဝဖန္ေနၾကျပီး ပရိသတ္ေတာ္ေတာ္မ်ားမ်ားက ဒီသတင္းကုိ Liam သာၾကားရင္ ဘယ္လိုတံု႔ျပန္မလဲဆိုတာကုိလည္းသိခ်င္ေနၾကပါတယ္။




ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ Miley နဲ႔ Cody ကုိ သေဘာတူၾကလား။ မၾကာခင္မွာထြက္ရွိလာေတာ့မယ့္ Miley ရဲ႕သီခ်င္းအသစ္ေတြကုိေရာအားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

Unicode

Miley ဟာဆိုရင်တော့ စိတ်အပြောင်းအလဲမြန်သူတစ်ဦးလို့ပြောရမှာပါပဲ။ သူနှစ်ရှည်လများချစ်လာခဲ့တဲ့ ခင်ပွန်းဖြစ်သူ Liam Hemsworth နဲ့ လက်ထပ်ပြီးသိပ်မကြာခင်မှာပဲ ကွာရှင်းခဲ့ပြီးနောက် တစ်လမပြည့်ခင် မိန်းကလေးချစ်သူ Kaitlynn Carter နဲ့ တွဲခုတ်လာခဲ့တာ တစ်ကမ္ဘာလုံံးအမြင်ပါ။ အဲဒီမိန်းကလေးချစ်သူနဲ့ အားလပ်ရက်ခရီးတွေဘာတွေထွက်၊ပျော်ရွှင်နေပြီး တစ်လမပြည့်ခင်မှာ ထပ်ပြီး လမ်းခွဲသွားပြန်ပါတယ်။ ဒီတစ်ခါတော့ Miley တစ်ယောက်တည်ငြိမ်သွားတာပဲဖြစ်ဖြစ် အရင်အကြိမ်တွေလိုပဲ Liam နဲ့ ပြန်ပေါင်းထုပ်တာပဲဖြစ်ဖြစ်လုပ်တော့မယ်လို့ ပရိသတ်တွေက မျှော်လင့်နေကြတုန်းမှာပဲဘယ်သုူမှမထင်ထားတာကြီးလုပ်လိုက်ပြန်ပါပြီ။



အဲဒါကတော့ နှစ်လအတွင်းခင်ပွန်းနဲ့ရော ချစ်သူကောင်မလေးနဲ့ပါ ဆက်တိုက်ဆိုသလိုပြတ်စဲထားတဲ့ Miley ဟာ အခုလည်း နောက်ထပ်ချစ်သူတစ်ယောက်ရသွားပြန်တာပါ။ Miley ရဲ့ ချစ်သူအသစ်ကတော့ Cody Simpson ပါ။ ဟုတ်ပါတယ်။ ကောင်မလေးတွေအသည်းစွဲရူးသွပ်ခဲ့ရတဲ့ ရွှေရောင်ဆံပင်တွေ၊မျက်ဝန်းပြာပြာတွေနဲ့ အဆိုတော် Cody Simpson ပါပဲ။ Miley နဲ့ Cody ဟာ နှစ်တွေအကြာကြီး သူငယ်ချင်းတွေအဖြစ်ရှိနေခဲ့ကြပြီး Miley က Cody ကိုတော့ အရာရာဖွင့်ဟတိုင်ပင်တတ်တယ်လို့သိရပါတယ်။ Miley ရဲ့ ချစ်သူတွေနဲ့တွဲနေစဉ်အချိန်တစ်လျှောက်လုံးမှာလည်း Cody က သူငယ်ချင်းအနေနဲ့ရှိနေပေးခဲ့ပြီး အရာအားလုံးကိုမျှဝေခံစားခဲ့ပါတယ်တဲ့။

မကြာသေးမီရက်ပိုင်းက Los Angeles က Smoothie ဆိုင်တစ်ဆိုင်မှာ Miley နဲ့ Cody က အအေးသောက်ရင်းအတူပျော်ရွှင်နေကြပြီး နမ်းနေကြတာကိုတွေ့ခဲ့ရတယ်လို့ ပရိသတ်တွေက Twitter မှာတင်လာခဲ့ကြပါတယ်။ ဒါ့အပြင်အခြားနေရာတွေတော်တော်များများမှာလည်း သူတို့ချစ်သူနှစ်ဦးအချစ်နာလန်ထနေတာကိုမြင်လို်က်ရတဲ့ပရိသတ်တွေအတော်များများရှိတယ်ဆိုပါတယ်။ ကြည့်ရတာ Miley က လူချောလေး Cody ကို သူငယ်ချင်းအဖြစ်က အဆင့်တက်ပေးလိုက်ပြီထင်တယ်လို့ဝေဖန်နေကြပြီး ပရိသတ်တော်တော်များများက ဒီသတင်းကို Liam သာကြားရင် ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုလည်းသိချင်နေကြပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော Miley နဲ့ Cody ကို သဘောတူကြလား။ မကြာခင်မှာထွက်ရှိလာတော့မယ့် Miley ရဲ့သီချင်းအသစ်တွေကိုရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။