Let It Go လိုပဲ ပရိသတ္ေတြအၾကိဳက္ေတြ႕ဦးမယ့္ Frozen 2 ဇာတ္ဝင္သီခ်င္းအသစ္ “Into the Unknown”

2013 မွာ ထြက္ရွိခဲ့တဲ့ Frozen ဇာတ္ကားဟာ တစ္ကမၻာလံုးက ပရိသတ္ေတြရဲ႕ နွလံုးသားကုိ အပုိင္သိမ္းသြားခဲ့တဲ့ ဇာတ္ကားတစ္ကားပါ။ Elsa နဲ႔ Anna တို႔ၾကားက ညီအစ္မသံေယာဇဥ္နဲ႔ Elsa ရဲ႕ သူ႔ ကုိယ္တြြင္းက power ေတြကုိဘယ္လိုထိန္းခ်ဳပ္ျပီးရင္ဆုိင္သြားလဲဆိုတာကုိ ရုိ္က္ျပထားတဲ့ animation ကားတစ္ကားဆိုတာထက္ပုိတဲ့အဓိပၸါယ္ေတြအမ်ားၾကီးရွိတဲ့ Frozen ဇာတ္ကားဟာ Box Offfice ဝင္ေငြအမ်ားဆံုးဇာတ္ကားေတြထဲမွာတစ္ကားအပါအဝင္ျဖစ္ခဲ့ျပီး လူၾကိဳက္အမ်ားဆံုးဇာတ္ကားတစ္ကားလည္းျဖစ္ခဲ့ပါတယ္။

Frozen ရဲ႕ ပရိသတ္ေတြက Frozen Movie ထြက္ျပီးကတည္းက ေနာက္ထပ္ sequel ထပ္ထြက္ဖို႔ုကုိေမွ်ာ္လင့္ေနခဲ့ၾကတာျဖစ္ျပီးအဲဒီေမွ်ာ္လင့္ခ်က္ဟာ နွစ္အေတာ္ၾကာမွပဲ ျပည့္လာခဲ့တယ္လု႔ိဆိုရမွာပါ။ မၾကာခင္အခ်ိန္ကပဲ Trailer ထြက္ရွိလာျပီးျဖစ္သလို လာမယ့္ နိုဝင္ဘာမွာရံုတင္ေတာ့မယ့္ Frozen 2 ဟာ ပရိသတ္စိတ္ဝင္စားမႈျမင့္တက္ေနျပီး Trailer အရလည္း ပရိသတ္ေတြနွစ္အၾကာၾကီးေစာင့္လာရက်ိဳးနပ္ေအာင္ စိတ္လႈပ္ရွားရင္ခုန္ဖြယ္ေကာင္းတဲ့ကားတစ္ကားျဖစ္မယ္ဆိုတာ ေျမၾကီးလက္ခတ္မလြဲပါပဲ။ ဒါ့အျပင္ အေရွ႕က Frozen ကားမွာ ဇာတ္ဝင္ေတးသီခ်င္းေတြအမ်ားၾကီးၾကားကမွ Let it Go သီခ်င္းနဲ႔ For The First Time In Forever သီခ်င္းေတြက ေပါက္သြားခဲ့သလိုပဲ အခု Frozen 2 မွာလည္း ဇာတ္ဝင္ေတးသီခ်င္းအလန္းစားေတြပါဝင္တယ္လို႔ၾကားသိရပါတယ္။



Frozen 2 မွာပါဝင္တဲ့သီခ်င္းေတြက စုစုေပါင္း 11 ပုဒ္ေက်ာ္ျပီး အရင္ Frozen Movie ထဲက သီခ်င္းအခ်ိဳ႕လည္းျပန္လည္ပါဝင္လာတာကုိျမင္ရပါတယ္။ အခု Frozen 2 Trailer ထဲမွာ Feature ထားတဲ့သီခ်င္းကေတာ့ Idina Menzel ရဲ႕ အသံပါဝါအားေကာင္းေကာင္းနဲ႔ သီဆိုထားတဲ့ Into The Unknown သီခ်င္းပဲျဖစ္ပါတယ္။ နဂိုကတည္းက တစ္ကမၻာလံုးက ပရိသတ္ေတြရဲ႕အားေပးျခင္းကုိ ရထားတဲ့ Into The Unknown သီခ်င္းဟာ Frozen 2 Trailer ထြက္ျပီးသိပ္မၾကာခင္မွာပဲ Youtube မွာ ၾကည့္ရႈႏႈန္းေတြေၾကာက္ခမန္းလိိလိတက္သြားခဲ့ပါတယ္။




Into The Unknown သီခ်င္းဟာ Idina Menzel ရဲ႕ေအာင္ျမင္မႈအၾကီးအက်ယ္ရတဲ့သီခ်င္းတစ္ပုဒ္ျဖစ္လာခဲ့ျပီး Disney က အဲဒီသီခ်င္းကုိ Preorder နဲ႔ ေရာင္းေနတာလည္းျဖစ္လို႔ Frozen 2 ရံုတင္ဖို႔ေစာင့္ေနတဲ့အခ်ိန္မွာ ပရိသတ္ေတြက ရေသ့စိတ္ေျဖအေနနဲ႔ Into The Unknown သီခ်င္းကိုနားေထာင္ထားဖို႔အခြင့္အေရးရေနတယ္လို႔ဆိုရမွာပါ။ Into The Unknown ဟာ အရင္ Frozen ရဲ႕ Let It Go သီခ်င္းလို ကမၻာအနွံ႔ေအာင္ျမင္မႈေတြရရွိလာမယ့္သီခ်င္းတစ္ပုဒ္ျဖစ္လာေတာ့မယ္လို႔ ပရိသတ္ေတြက ခန္႔မွန္းထားၾကပါတယ္။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ Frozen 2 Trailer ကုိၾကည့္ျပီးျပီလား။ Trailer ထဲက Into The Unknown သီခ်င္းကိုေရာ ၾကိဳက္နွစ္သက္ၾကလား။ေျပာခဲ့ၾကပါဦး။

Unicode



2013 မှာ ထွက်ရှိခဲ့တဲ့ Frozen ဇာတ်ကားဟာ တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့ နှလုံးသားကို အပိုင်သိမ်းသွားခဲ့တဲ့ ဇာတ်ကားတစ်ကားပါ။ Elsa နဲ့ Anna တို့ကြားက ညီအစ်မသံယောဇဉ်နဲ့ Elsa ရဲ့ သူ့ ကိုယ်တွွင်းက power တွေကိုဘယ်လိုထိန်းချုပ်ပြီးရင်ဆိုင်သွားလဲဆိုတာကို ရို်က်ပြထားတဲ့ animation ကားတစ်ကားဆိုတာထက်ပိုတဲ့အဓိပ္ပါယ်တွေအများကြီးရှိတဲ့ Frozen ဇာတ်ကားဟာ Box Offfice ဝင်ငွေအများဆုံးဇာတ်ကားတွေထဲမှာတစ်ကားအပါအဝင်ဖြစ်ခဲ့ပြီး လူကြိုက်အများဆုံးဇာတ်ကားတစ်ကားလည်းဖြစ်ခဲ့ပါတယ်။

Frozen ရဲ့ ပရိသတ်တွေက Frozen Movie ထွက်ပြီးကတည်းက နောက်ထပ် sequel ထပ်ထွက်ဖို့ုကိုမျှော်လင့်နေခဲ့ကြတာဖြစ်ပြီးအဲဒီမျှော်လင့်ချက်ဟာ နှစ်အတော်ကြာမှပဲ ပြည့်လာခဲ့တယ်လို့ဆိုရမှာပါ။ မကြာခင်အချိန်ကပဲ Trailer ထွက်ရှိလာပြီးဖြစ်သလို လာမယ့် နိုဝင်ဘာမှာရုံတင်တော့မယ့် Frozen 2 ဟာ ပရိသတ်စိတ်ဝင်စားမှုမြင့်တက်နေပြီး Trailer အရလည်း ပရိသတ်တွေနှစ်အကြာကြီးစောင့်လာရကျိုးနပ်အောင် စိတ်လှုပ်ရှားရင်ခုန်ဖွယ်ကောင်းတဲ့ကားတစ်ကားဖြစ်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ။ ဒါ့အပြင် အရှေ့က Frozen ကားမှာ ဇာတ်ဝင်တေးသီချင်းတွေအများကြီးကြားကမှ Let it Go သီချင်းနဲ့ For The First Time In Forever သီချင်းတွေက ပေါက်သွားခဲ့သလိုပဲ အခု Frozen 2 မှာလည်း ဇာတ်ဝင်တေးသီချင်းအလန်းစားတွေပါဝင်တယ်လို့ကြားသိရပါတယ်။

Frozen 2 မှာပါဝင်တဲ့သီချင်းတွေက စုစုပေါင်း 11 ပုဒ်ကျော်ပြီး အရင် Frozen Movie ထဲက သီချင်းအချို့လည်းပြန်လည်ပါဝင်လာတာကိုမြင်ရပါတယ်။ အခု Frozen 2 Trailer ထဲမှာ Feature ထားတဲ့သီချင်းကတော့ Idina Menzel ရဲ့ အသံပါဝါအားကောင်းကောင်းနဲ့ သီဆိုထားတဲ့ Into The Unknown သီချင်းပဲဖြစ်ပါတယ်။ နဂိုကတည်းက တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့အားပေးခြင်းကို ရထားတဲ့ Into The Unknown သီချင်းဟာ Frozen 2 Trailer ထွက်ပြီးသိပ်မကြာခင်မှာပဲ Youtube မှာ ကြည့်ရှုနှုန်းတွေကြောက်ခမန်းလိိလိတက်သွားခဲ့ပါတယ်။

Into The Unknown သီချင်းဟာ Idina Menzel ရဲ့အောင်မြင်မှုအကြီးအကျယ်ရတဲ့သီချင်းတစ်ပုဒ်ဖြစ်လာခဲ့ပြီး Disney က အဲဒီသီချင်းကို Preorder နဲ့ ရောင်းနေတာလည်းဖြစ်လို့ Frozen 2 ရုံတင်ဖို့စောင့်နေတဲ့အချိန်မှာ ပရိသတ်တွေက ရသေ့စိတ်ဖြေအနေနဲ့ Into The Unknown သီချင်းကိုနားထောင်ထားဖို့အခွင့်အရေးရနေတယ်လို့ဆိုရမှာပါ။ Into The Unknown ဟာ အရင် Frozen ရဲ့ Let It Go သီချင်းလို ကမ္ဘာအနှံ့အောင်မြင်မှုတွေရရှိလာမယ့်သီချင်းတစ်ပုဒ်ဖြစ်လာတော့မယ်လို့ ပရိသတ်တွေက ခန့်မှန်းထားကြပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော Frozen 2 Trailer ကိုကြည့်ပြီးပြီလား။ Trailer ထဲက Into The Unknown သီချင်းကိုရော ကြိုက်နှစ်သက်ကြလား။ပြောခဲ့ကြပါဦး။