Marvel ကုိ တရားစြဲသြားဖို႔ရွိတဲ့ Deadpool ဖန္တီးရွင္ Rob Liefeld

Rob Liefeld ဆုိတာက Marvel ရဲ႕ Superheroes Character ေတာ္ေတာ္မ်ားမ်ားကုိ ဖန္တီးခဲ့သူျဖစ္ျပီး သူဖန္တီးခဲ့တဲ့ ကာရုိုက္တာေတြမွာ Deadpool, Cable နဲ႔အျခားေသာ ကာရိုက္တာေတြလည္းပါဝင္ပါတယ္။ Rob ဟာ 1990 ျပည့္နွစ္မ်ားက Marvel ကေန အတိအလင္းႏႈတ္ထြက္သြားခဲ့ျပီး ကုိယ္ပုိင္ Image Comics ကုိ တည္ေထာင္ခဲ့ပါတယ္။ Marvel နဲ႔ Rob ၾကားမွာ ျပႆနာေတြရွိခဲ့တယ္ဆိုတဲ့ ေကာလဟလေတြထြက္လာခဲ့ေသးေပမယ့္ ဘာရယ္လို႔အေသအခ်ာေတာ့မသိခဲ့ၾကရပါဘူး။

ဒါေပမယ့္ ျပီးခဲ့တဲ့ တနလၤာေန႔က Rob Liefeld က သူ႔ရဲ႕ Twitter မွာ Mavel ကုိ တရားစြဲဆိုသြားဖု႔ိရွိတယ္ဆိုတဲ့ အရိပ္အျမြက္ေတြတင္လာခဲ့ပါတယ္။ Rob က “ကြ်န္ေတာ့္ေရွ႕ေနနဲ႔ စကားေတြအမ်ားၾကီးေျပာခဲ့တယ္။ Marvel ရဲ႕အေမွာင္ထဲက လုပ္ရပ္ေတြအတြက္ အေၾကာင္းသိေအာင္ျပရမယ့္အခ်ိန္ပဲ”လို႔ ေရးထားျပီး Disney ရဲ႕ ဥကၠဌ Robert Iger ကုိလည္း Mention ေခၚထားခဲ့ေသးတာေၾကာင့္ Disney နဲ႔ Rob တို႔ေပါင္းျပီး Marvel ကို တရားဥပေဒအရရင္ဆိုင္ဖို႔ျပင္ေနျပီလားဆိုတာကုိ တစ္ကမၻာလံုးက ပရိသတ္ေတြကသိခ်င္ေနၾကပါတယ္။



Rob ဟာလည္း Marvel နဲ႔အတိတ္မွာျပႆနာေတြရွိခဲ့တယ္လို႔ေကာလဟလေတြထြက္ထားျပီး Disney ကလည္း Spiderman ကိစၥနဲ႔ Marvel နဲ႔အၾကိတ္အနယ္ ေဆြးေႏြးျငင္းခုန္မႈေတြျပဳထားတာေၾကာင့္လည္း သူတို႔နွစ္ဦးေပါင္းျပီး Marvel နဲ႔ ဘယ္လိုျပႆနာေတြရွင္းမလဲဆုိတာက စိတ္ဝင္စားစရာပါပဲ။ Rob ရဲ႕ Tweet ထဲမွာလည္း Marvel ရဲ႕ မသန္႔စင္တဲ့လုပ္ရပ္ေတြလို႔သာေျပာထားျပီးဘယ္လိုလုပ္ရပ္မ်ိဳးလို႔ေျပာထားျခင္းေတာ့မရွိေသးတာမို႔ Marvel ပရိသတ္ေတြအဖို႔မွာ စိုးရိမ္ေနၾကရတယ္ဆိုရင္လည္းမမွားပါဘူး။




လက္ရွိမွာ Marvel ရဲ႕ MCU အေနနဲ႔ လာမယ့္နွစ္ေတြမွာ WandaVision, Black Widow, The Eternals နဲ႔ Spiderman ဇာတ္ကားေတြအျပင္ စိတ္ဝင္စားစရာေကာင္းတဲ့ဇာတ္ကားေတာ္ေတာ္မ်ားမ်ား ထြက္ရွိဖို႔ရွိတယ္လို႔သိရလိို႔ လာမယ့္ 2020 မွာေတာ့ Marvel ပရိသတ္ေတြအတြက္ စိတ္လႈပ္ရွားစရာေတြနဲ႔ျပည့္ေနတဲ့ နွစ္တစ္နွစ္ျဖစ္လာဖို႔ေသခ်ာသေလာက္ရွိေနျပီလုိ႔ဆိုရမွာပါ။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ Rob Liefeld ေျပာတဲ့ Marvel ရဲ႕လုပ္ရပ္ေတြဟာ ဘာေတြျဖစ္မယ္ထင္လဲ။ ထင္ျမင္ခ်က္ေတြေျပာခဲ့ပါဦး။

Unicode



Rob Liefeld ဆိုတာက Marvel ရဲ့ Superheroes Character တော်တော်များများကို ဖန်တီးခဲ့သူဖြစ်ပြီး သူဖန်တီးခဲ့တဲ့ ကာရိုုက်တာတွေမှာ Deadpool, Cable နဲ့အခြားသော ကာရိုက်တာတွေလည်းပါဝင်ပါတယ်။ Rob ဟာ 1990 ပြည့်နှစ်များက Marvel ကနေ အတိအလင်းနှုတ်ထွက်သွားခဲ့ပြီး ကိုယ်ပိုင် Image Comics ကို တည်ထောင်ခဲ့ပါတယ်။ Marvel နဲ့ Rob ကြားမှာ ပြဿနာတွေရှိခဲ့တယ်ဆိုတဲ့ ကောလဟလတွေထွက်လာခဲ့သေးပေမယ့် ဘာရယ်လို့အသေအချာတော့မသိခဲ့ကြရပါဘူး။

ဒါပေမယ့် ပြီးခဲ့တဲ့ တနင်္လာနေ့က Rob Liefeld က သူ့ရဲ့ Twitter မှာ Mavel ကို တရားစွဲဆိုသွားဖို့ရှိတယ်ဆိုတဲ့ အရိပ်အမြွက်တွေတင်လာခဲ့ပါတယ်။ Rob က “ကျွန်တော့်ရှေ့နေနဲ့ စကားတွေအများကြီးပြောခဲ့တယ်။ Marvel ရဲ့အမှောင်ထဲက လုပ်ရပ်တွေအတွက် အကြောင်းသိအောင်ပြရမယ့်အချိန်ပဲ”လို့ ရေးထားပြီး Disney ရဲ့ ဥက္ကဌ Robert Iger ကိုလည်း Mention ခေါ်ထားခဲ့သေးတာကြောင့် Disney နဲ့ Rob တို့ပေါင်းပြီး Marvel ကို တရားဥပဒေအရရင်ဆိုင်ဖို့ပြင်နေပြီလားဆိုတာကို တစ်ကမ္ဘာလုံးက ပရိသတ်တွေကသိချင်နေကြပါတယ်။

Rob ဟာလည်း Marvel နဲ့အတိတ်မှာပြဿနာတွေရှိခဲ့တယ်လို့ကောလဟလတွေထွက်ထားပြီး Disney ကလည်း Spiderman ကိစ္စနဲ့ Marvel နဲ့အကြိတ်အနယ် ဆွေးနွေးငြင်းခုန်မှုတွေပြုထားတာကြောင့်လည်း သူတို့နှစ်ဦးပေါင်းပြီး Marvel နဲ့ ဘယ်လိုပြဿနာတွေရှင်းမလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။ Rob ရဲ့ Tweet ထဲမှာလည်း Marvel ရဲ့ မသန့်စင်တဲ့လုပ်ရပ်တွေလို့သာပြောထားပြီးဘယ်လိုလုပ်ရပ်မျိုးလို့ပြောထားခြင်းတော့မရှိသေးတာမို့ Marvel ပရိသတ်တွေအဖို့မှာ စိုးရိမ်နေကြရတယ်ဆိုရင်လည်းမမှားပါဘူး။

လက်ရှိမှာ Marvel ရဲ့ MCU အနေနဲ့ လာမယ့်နှစ်တွေမှာ WandaVision, Black Widow, The Eternals နဲ့ Spiderman ဇာတ်ကားတွေအပြင် စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားတော်တော်များများ ထွက်ရှိဖို့ရှိတယ်လို့သိရလိို့ လာမယ့် 2020 မှာတော့ Marvel ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာတွေနဲ့ပြည့်နေတဲ့ နှစ်တစ်နှစ်ဖြစ်လာဖို့သေချာသလောက်ရှိနေပြီလို့ဆိုရမှာပါ။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော Rob Liefeld ပြောတဲ့ Marvel ရဲ့လုပ်ရပ်တွေဟာ ဘာတွေဖြစ်မယ်ထင်လဲ။ ထင်မြင်ချက်တွေပြောခဲ့ပါဦး။

Tags: