Miley ကုိ Liam နဲ႔ေဝးေဝးေနဖို႔သတိေပးလိုက္တဲ့ Chris Hemsworth တို႔ ဇနီးေမာင္နွံ

Miley Cyrus နဲ႔ Liam Hemsworth တို႔ဟာ နွစ္ေတြအၾကာၾကီးတြဲလိုက္ျပတ္လိုက္တဲ့ ခ်စ္လာခဲ့ၾကတာ တစ္ကမၻာလံုးက ပရိသတ္ေတြမ်က္ျမင္ပါပဲ။ Liam ဟာ Miley ကုိ တတ္နုိင္သမွ်သည္းခံေပးခဲ့သလုိ Miley ကလည္း Liam ကုိ အရူးအမူးခ်စ္ျပီး Liam သည္သာသူ႔ဘဝ၊Liam သည္သာသူ႔ကမၻာ၊ Liam ကလြဲရင္ ဖြဲနဲ႔ဆန္ကြဲ၊ Liam နဲ႔ ျပတ္စဲေနခ်ိန္ေတြဆိုလမ္းေတြေပ်ာက္ျပီး ပ်က္စီးျခင္းငါးပါးဆိုက္ေနတဲ့အထိကုိ အသည္းေတြကြဲခဲ့ဖူးတာပါ။ Hollywood ရဲ႕ ျပတ္လုိက္တြဲလုိက္ျဖစ္ေနျပီး တစ္ေယာက္နဲ႔တစ္ေယာက္အရမ္းခ်စ္ေပမယ့္ တစ္ေယာက္နဲ႔တစ္ေယာက္ Toxic ျဖစ္ေစတဲ့ စံုတြဲေတြထဲမွာ Justin နဲ႔ Selena ျပီးရင္ Liam နဲ႔ Miley တို႔လည္းအပါအဝင္ပါ။

Liam နဲ႔ Miley ဟာ 2008 ခုနွစ္မွာ Nicolas Sparks ရဲ႕ Film Adaptation တစ္ခုျဖစ္တဲ့ The Last Song ရုပ္ရွင္ကုိရိုက္ေနရင္း တစ္ေယာက္နဲ႔တစ္ေယာက္ခ်စ္ကြ်မ္းဝင္ခဲ့ၾကတာပါ။အဲဒီေနာက္မွာေတာ့ မခြဲနုိ္င္မခြာရက္ခ်စ္ၾကတဲ့သူတို႔နွစ္ဦးဟာ 2012 မွာ ေစ့စပ္ခဲ့ၾကျပီး 2013 မွာေတာ့ ျပတ္စဲခဲ့ၾကပါတယ္။ 2014 မွာ Miley ဟာ မမွတ္မိနုိ္င္ေလာက္ေအာင္ေျပာင္းလဲသြားခဲ့ျပီး အျခားသူေတြနဲ႔လည္းဒိတ္ခဲ့သလုိ အသည္းေတြကြဲျပီး ခံစားခဲ့ရတဲ့အခ်ိန္ေတြျဖစ္ခဲ့ပါတယ္။ 2016 မွာေတာ့ သူတုိ႔နွစ္ဦးျပန္လည္လက္တြဲခဲ့ၾကျုပီးရန္ျဖစ္လိုက္ျပန္ခ်စ္လိုက္နဲ႔ နွစ္ကာလေတြကုိ အရင္လိုပဲ ျဖတ္သန္းျပီး 2018 December 23 မွာ လက္ထပ္ခဲ့ၾကတာျဖစ္ပါတယ္။ အားလံုးက သူတု႔ိနွစ္ဦးရဲ႕အခ်စ္စစ္အတြက္ေပ်ာ္ရႊင္ခဲ့ၾကျပီး ဆုမြန္ေကာင္းေတြေတာင္းခဲ့ၾကပါတယ္။ ဒါေပမယ့္ 2019 မွာေတာ့ သူတို႔နွစ္ဦးဟာ ျပတ္စဲခဲ့ၾကျပန္ပါတယ္။



တစ္ကမၻာလံုးက Liam နဲ႔ Miley ကုိ ျပန္လက္တြဲေစခ်င္ေနၾကေပမယ့္ အဲဒီထဲမွာမပါတာကေတာ့ Liam ရဲ႕ အစ္ကုိျဖစ္သူ Chris တို႔ဇနီးေမာင္နွံပါ။ Chris Hemsworth နဲ႔ Elasa Pataky ဟာ Miley ကုိ မိသားစုထဲကုိ ေႏြးေထြးစြာၾကိဳဆိုခဲ့ၾကေပမယ့္ Miley ရဲ႕ မရင့္က်က္တဲ့ ရိုင္းတဲ့အျပဳအမူေတြက သူတို႔ကုိစိတ္အေနွာက္အယွက္ျဖစ္ေစတယ္လို႔ဆိုပါတယ္။လက္ရွိမွာ Liam ဟာ Chris တို႔နဲ႔အတူတူျပန္လည္ေနထုိ္င္ျပီး အသည္းကြဲဒဏ္ရာကုိကုစားေနတယ္လို႔သိရသလို Miley ကလည္း Liam ကုိ စာေတြပို႔ေနဆဲျဖစ္ေၾကာင္းသိရျပီး Chris တို႔က Miley ကုိ Liamနဲ႔ေဝးေဝးေနဖို႔ ျပတ္သားတဲ့သတိေပးစာတစ္ေစာင္ပို႔ခဲ့ေၾကာင္းလည္း Radar Online သတင္းဌာနက ေဖာ္ျပထားပါတယ္။




ဒါေပမယ့္ Miley ကေတာ့ အဲဒီစာကုိ ဂရုစိုက္ျခင္းမရွိပဲ Liam ဆီကုိစာေတြပို႔ေနဆဲပါတဲ့။ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ Liam  နဲ႔ Miley ဟာ အရင္အၾကိမ္ေတြလုိပဲ စိတ္အခန္႔မသင့္လို႔ကြဲသြားတာျဖစ္ျပီး မၾကာခင္မွာျပန္ေပါင္းထုပ္မယ္ထင္လား။ ဒီတစ္ၾကိမ္မွာေရာ ခ်စ္သူဆိုးေလး Miley ကုိ Liam က ခြင့္လႊတ္ျပီးျပန္လည္လက္ခံျပီးခ်စ္ေပးဦးမွာလား။ေျပာခဲ့ၾကပါဦး။

Unicode



Miley Cyrus နဲ့ Liam Hemsworth တို့ဟာ နှစ်တွေအကြာကြီးတွဲလိုက်ပြတ်လိုက်တဲ့ ချစ်လာခဲ့ကြတာ တစ်ကမ္ဘာလုံးက ပရိသတ်တွေမျက်မြင်ပါပဲ။ Liam ဟာ Miley ကို တတ်နိုင်သမျှသည်းခံပေးခဲ့သလို Miley ကလည်း Liam ကို အရူးအမူးချစ်ပြီး Liam သည်သာသူ့ဘဝ၊Liam သည်သာသူ့ကမ္ဘာ၊ Liam ကလွဲရင် ဖွဲနဲ့ဆန်ကွဲ၊ Liam နဲ့ ပြတ်စဲနေချိန်တွေဆိုလမ်းတွေပျောက်ပြီး ပျက်စီးခြင်းငါးပါးဆိုက်နေတဲ့အထိကို အသည်းတွေကွဲခဲ့ဖူးတာပါ။ Hollywood ရဲ့ ပြတ်လိုက်တွဲလိုက်ဖြစ်နေပြီး တစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် Toxic ဖြစ်စေတဲ့ စုံတွဲတွေထဲမှာ Justin နဲ့ Selena ပြီးရင် Liam နဲ့ Miley တို့လည်းအပါအဝင်ပါ။

Liam နဲ့ Miley ဟာ 2008 ခုနှစ်မှာ Nicolas Sparks ရဲ့ Film Adaptation တစ်ခုဖြစ်တဲ့ The Last Song ရုပ်ရှင်ကိုရိုက်နေရင်း တစ်ယောက်နဲ့တစ်ယောက်ချစ်ကျွမ်းဝင်ခဲ့ကြတာပါ။အဲဒီနောက်မှာတော့ မခွဲနို်င်မခွာရက်ချစ်ကြတဲ့သူတို့နှစ်ဦးဟာ 2012 မှာ စေ့စပ်ခဲ့ကြပြီး 2013 မှာတော့ ပြတ်စဲခဲ့ကြပါတယ်။ 2014 မှာ Miley ဟာ မမှတ်မိနို်င်လောက်အောင်ပြောင်းလဲသွားခဲ့ပြီး အခြားသူတွေနဲ့လည်းဒိတ်ခဲ့သလို အသည်းတွေကွဲပြီး ခံစားခဲ့ရတဲ့အချိန်တွေဖြစ်ခဲ့ပါတယ်။ 2016 မှာတော့ သူတို့နှစ်ဦးပြန်လည်လက်တွဲခဲ့ကြြုပီးရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ နှစ်ကာလတွေကို အရင်လိုပဲ ဖြတ်သန်းပြီး 2018 December 23 မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ အားလုံးက သူတို့နှစ်ဦးရဲ့အချစ်စစ်အတွက်ပျော်ရွှင်ခဲ့ကြပြီး ဆုမွန်ကောင်းတွေတောင်းခဲ့ကြပါတယ်။ ဒါပေမယ့် 2019 မှာတော့ သူတို့နှစ်ဦးဟာ ပြတ်စဲခဲ့ကြပြန်ပါတယ်။

တစ်ကမ္ဘာလုံးက Liam နဲ့ Miley ကို ပြန်လက်တွဲစေချင်နေကြပေမယ့် အဲဒီထဲမှာမပါတာကတော့ Liam ရဲ့ အစ်ကိုဖြစ်သူ Chris တို့ဇနီးမောင်နှံပါ။ Chris Hemsworth နဲ့ Elasa Pataky ဟာ Miley ကို မိသားစုထဲကို နွေးထွေးစွာကြိုဆိုခဲ့ကြပေမယ့် Miley ရဲ့ မရင့်ကျက်တဲ့ ရိုင်းတဲ့အပြုအမူတွေက သူတို့ကိုစိတ်အနှောက်အယှက်ဖြစ်စေတယ်လို့ဆိုပါတယ်။လက်ရှိမှာ Liam ဟာ Chris တို့နဲ့အတူတူပြန်လည်နေထို်င်ပြီး အသည်းကွဲဒဏ်ရာကိုကုစားနေတယ်လို့သိရသလို Miley ကလည်း Liam ကို စာတွေပို့နေဆဲဖြစ်ကြောင်းသိရပြီး Chris တို့က Miley ကို Liamနဲ့ဝေးဝေးနေဖို့ ပြတ်သားတဲ့သတိပေးစာတစ်စောင်ပို့ခဲ့ကြောင်းလည်း Radar Online သတင်းဌာနက ဖော်ပြထားပါတယ်။

ဒါပေမယ့် Miley ကတော့ အဲဒီစာကို ဂရုစိုက်ခြင်းမရှိပဲ Liam ဆီကိုစာတွေပို့နေဆဲပါတဲ့။ပြောချင်လွန်းလို့ပရိသတ်ကြီးရော Liam နဲ့ Miley ဟာ အရင်အကြိမ်တွေလိုပဲ စိတ်အခန့်မသင့်လို့ကွဲသွားတာဖြစ်ပြီး မကြာခင်မှာပြန်ပေါင်းထုပ်မယ်ထင်လား။ ဒီတစ်ကြိမ်မှာရော ချစ်သူဆိုးလေး Miley ကို Liam က ခွင့်လွှတ်ပြီးပြန်လည်လက်ခံပြီးချစ်ပေးဦးမှာလား။ပြောခဲ့ကြပါဦး။