Miley Cyrus နဲ႔ကြာရွင္းရမွာကို ဆုိရွယ္မီဒီယာမွာေတြ႕မွသိခဲ့ရတဲ့ Liam Hemsworth

ေဟာလိဝုဒ္သရုပ္ေဆာင္ Liam Hemsworth ဟာ နာမည္ေက်ာ္သရုပ္ေဆာင္အဆုိေတာ္ Miley Cyrus နဲ႔ သူ႕ရဲ႕ ၇ လၾကာ အိမ္ေထာင္ေရးအဆုံးသတ္ရေတာ့မယ္ဆုိတဲ့သတင္းကို Miley ဆီက အရင္ၾကားရတာမဟုတ္ဘဲ ဆုိရွယ္မီဒီယာမွာ တင္ထားတဲ့ပုိစ့္ကိုျမင္မွ သိခဲ့ရတာျဖစ္တယ္လို႔ ဝန္ခံလိုက္ပါတယ္။

အသက္ ၂၉ ႏွစ္ရွိၿပီျဖစ္တဲ့ သရုပ္ေဆာင္ဟာ အသက္ ၂၆ အရြယ္ Miley ရဲ႕ ကြာရွင္းေတာ့မယ့္အေၾကာင္း ေၾကညာခ်က္ထုတ္ျပန္စဥ္မွာ ၾသစေၾတးလ်ႏုိင္ငံမွာ ေရာက္ေနခဲ့ၿပီး လုံးဝႀကိဳမသိခဲ့ရဘူးလို႔ ဆုိပါတယ္။ ၾသဂုတ္ ၁၀ ရက္ေန႔က Miley ကိုယ္စားလွယ္ ထုတ္ျပန္တဲ့ထဲမွာေတာ့ သူတုိ႔စုံတြဲဟာ ႏွစ္ဦးသေဘာတူ လမ္းခြဲဖို႔ သေဘာတူညီၿပီးျဖစ္တယ္လို႔ ေၾကညာခဲ့တာပါ။ ထိုျဖစ္ရပ္မတုိင္ခင္မွာ Miley ဟာ သူမရဲ႕လက္ရွိ အမ်ဳိးသမီး ခ်စ္သူ Kaitlynn Carter နဲ႔ နမ္းရႈံ႕ေနပုံေတြ အြန္လိုင္းေပၚေရာက္လာခဲ့ပါတယ္။



Miley ရဲ႕အတြင္းလူတစ္ေယာက္ကလည္း Miley ဟာ Liam က ကြာရွင္းခြင့္မေလွ်ာက္တင္ခင္ အခ်ိန္ထိ သူတုိ႔အိမ္ေထာင္ေရးကို မပ်က္စီးဖို႔ ႀကိဳးစားလိုခဲ့တယ္လို႔ ဆိုခဲ့ပါေသးတယ္။ ဒါေပမယ့္ Liam ကေတာ့ ဒီအခ်ိန္ေတြအတြင္းမွာ တိတ္တိတ္ေလးပဲ ေနခဲ့ပါတယ္။

ျပတ္စဲျခင္းနဲ႔ပတ္သက္လို႔ သူ႕ရဲ႕တစ္ခုတည္းေသာ တုံ႔ျပန္မႈက အင္စတာဂရမ္ပုိစ့္ေလးတစ္ခုပဲျဖစ္ၿပီး Miley နဲ႔ ရည္းစားသစ္ Kaitlynn တုိ႔ရဲ႕ အီတလီက ပုံေတြထြက္ေပၚလာၿပီးေနာက္မွာပါ။ “Miley နဲ႔ ကၽြန္ေတာ္တုိ႔ မၾကာေသးခင္က ခြဲခြာေနထိုင္ၾကတယ္ဆုိတာေလးကို ေျပာခ်င္လို႔ပါ၊ သူမကို ေရွ႕ဆက္ၿပီး က်န္းမာေပ်ာ္ရႊင္ဖို႔ ဆုေတာင္းေပးရုံကလြဲၿပီး ဘာမွမေျပာလိုပါဘူး၊ ဒါက ကိုယ္ေရးကုိယ္တာကိစၥတစ္ခုပါ” လို႔ သူက ၾသဂုတ္ ၁၃ ရက္ေန႔မွာ ေရးတင္ခဲ့ပါတယ္။




၂၀၁၀ ခုႏွစ္တည္းက ခ်စ္လိုက္ျပတ္လိုက္နဲ႔ အၾကိမ္ၾကိမ္ျဖစ္ခဲ့တဲ့ အတြဲဟာ တကယ္တမ္း လက္ထပ္ခဲ့ရာမွာလည္း ၈ လနီးပါးသာ ခံခဲ့ပါတယ္။

Unicode



ဟောလိဝုဒ်သရုပ်ဆောင် Liam Hemsworth ဟာ နာမည်ကျော်သရုပ်ဆောင်အဆိုတော် Miley Cyrus နဲ့ သူ့ရဲ့ ၇ လကြာ အိမ်ထောင်ရေးအဆုံးသတ်ရတော့မယ်ဆိုတဲ့သတင်းကို Miley ဆီက အရင်ကြားရတာမဟုတ်ဘဲ ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ပိုစ့်ကိုမြင်မှ သိခဲ့ရတာဖြစ်တယ်လို့ ဝန်ခံလိုက်ပါတယ်။

အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ သရုပ်ဆောင်ဟာ အသက် ၂၆ အရွယ် Miley ရဲ့ ကွာရှင်းတော့မယ့်အကြောင်း ကြေညာချက်ထုတ်ပြန်စဉ်မှာ သြစတြေးလျနိုင်ငံမှာ ရောက်နေခဲ့ပြီး လုံးဝကြိုမသိခဲ့ရဘူးလို့ ဆိုပါတယ်။ သြဂုတ် ၁၀ ရက်နေ့က Miley ကိုယ်စားလှယ် ထုတ်ပြန်တဲ့ထဲမှာတော့ သူတို့စုံတွဲဟာ နှစ်ဦးသဘောတူ လမ်းခွဲဖို့ သဘောတူညီပြီးဖြစ်တယ်လို့ ကြေညာခဲ့တာပါ။ ထိုဖြစ်ရပ်မတိုင်ခင်မှာ Miley ဟာ သူမရဲ့လက်ရှိ အမျိုးသမီး ချစ်သူ Kaitlynn Carter နဲ့ နမ်းရှုံ့နေပုံတွေ အွန်လိုင်းပေါ်ရောက်လာခဲ့ပါတယ်။

Miley ရဲ့အတွင်းလူတစ်ယောက်ကလည်း Miley ဟာ Liam က ကွာရှင်းခွင့်မလျှောက်တင်ခင် အချိန်ထိ သူတို့အိမ်ထောင်ရေးကို မပျက်စီးဖို့ ကြိုးစားလိုခဲ့တယ်လို့ ဆိုခဲ့ပါသေးတယ်။ ဒါပေမယ့် Liam ကတော့ ဒီအချိန်တွေအတွင်းမှာ တိတ်တိတ်လေးပဲ နေခဲ့ပါတယ်။

ပြတ်စဲခြင်းနဲ့ပတ်သက်လို့ သူ့ရဲ့တစ်ခုတည်းသော တုံ့ပြန်မှုက အင်စတာဂရမ်ပိုစ့်လေးတစ်ခုပဲဖြစ်ပြီး Miley နဲ့ ရည်းစားသစ် Kaitlynn တို့ရဲ့ အီတလီက ပုံတွေထွက်ပေါ်လာပြီးနောက်မှာပါ။ “Miley နဲ့ ကျွန်တော်တို့ မကြာသေးခင်က ခွဲခွာနေထိုင်ကြတယ်ဆိုတာလေးကို ပြောချင်လို့ပါ၊ သူမကို ရှေ့ဆက်ပြီး ကျန်းမာပျော်ရွှင်ဖို့ ဆုတောင်းပေးရုံကလွဲပြီး ဘာမှမပြောလိုပါဘူး၊ ဒါက ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုပါ” လို့ သူက သြဂုတ် ၁၃ ရက်နေ့မှာ ရေးတင်ခဲ့ပါတယ်။

၂၀၁၀ ခုနှစ်တည်းက ချစ်လိုက်ပြတ်လိုက်နဲ့ အကြိမ်ကြိမ်ဖြစ်ခဲ့တဲ့ အတွဲဟာ တကယ်တမ်း လက်ထပ်ခဲ့ရာမှာလည်း ၈ လနီးပါးသာ ခံခဲ့ပါတယ်။