Miss မပြိုင်တော့ပဲ Hollywood ပဲသွားတော့မယ့် ရွှေအိမ်စည်

0
38

မြန်မာပရိသတ်တွေကြားမှာ Miss International တယောက်အနေနဲ့ လူသိများလာတဲ့ အလှမယ် ရွှေအိမ်စည်ကတော့ လက်ရှိ ပြိုင်ပွဲမှာလည်း အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပြီး Crown တော့မရရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း သူ့ကိုထောက်ခံအားပေးတဲ့ ပရိသတ်တွေကတော့ အများအပြားရှိနေသေးပါတယ်။ သူကိုယ်တိုင်ကလည်း ပြိုင်ပွဲမှာ အခက်ခဲတွေ အများကြီးရှိခဲ့ပေမယ့်လည်း အကောင်းဆုံး လုပ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ထို့နောက်သူကတော့ နောက်ပိုင်းတွေမှာ Miss ပြိုင်ပွဲတွေကို ပြိုင်ဖို့ စိတ်ကူးမရှိတော့ဘူးလို့ ပြောကြားသွားခဲ့ကာ Hollywood ကိုပဲသွားဖို့ အစီအစဉ်ရှိကြောင်း ပြောကြားလာခဲ့ပါတယ်။ ဒါကြောင့် ရွှေအိမ်စည်က ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဘာပြောခဲ့လဲဆိုတာကိုတော့ ပြောချင်လွန်းလို့ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

ရွှေအိမ်စည်ကတော့ MC နဲ့ အင်တာဗျူးမှာတော့ သူ့ကိုကြိုဆိုပြီး အားပေးကြတဲ့အပေါ် “အရမ်းပျော်ပါတယ်။ အများကြီးလဲ လာကြိုတယ်။ နှင်းဆီပန်းတွေလည်း အများကြီးရတော့ အရမ်းကျေနပ်မှုရှိပါတယ်”
“ပြိုင်ပွဲမှာတော့ အခက်ခဲတွေက အများကြီးပေါ့နော်။ ဒါပေမယ့်လည်း အိမ်စည်အနေနဲ့ တနေ့နဲ့ တနေ့ ပြန်လာချင်တာပဲ သိတယ်။ ဒါပေမယ့် နောက်ဆုံးတော့ လုပ်နိုင်ခဲ့တယ်။ အိမ်စည်အနေနဲ့ ဘာမှတော့ မရခဲ့ဘူး။ ဒါပေမယ့် အကောင်းဆုံးလုပ်နိုင်ခဲ့တယ်လို့ အိမ်စည်မြင်တယ်”

“နောက်ဆိုလည်း Miss မပြိုင်တော့ဘူး။ ပရိသတ်ကြီးရဲ့ စိတ်နဲ့တူတူပါပဲ။ ကိုယ်နိုင်ငံကို ကိုယ်စားပြုပြီး သွားပြီလေ။ အိမ်စည်က အဲ့ထက်ပိုပြီးတော့ ရချင်တာလေ။ အကောင်းဆုံးလည်း လုပ်ခဲ့တယ်။ ကြည့်တဲ့သူတွေ သိတယ်။ အိမ်စည် ရရမရရ အကောင်းဆုံးလုပ်ပြခွင့် ရခဲ့တယ်။ ဘာပဲပြောပြော မြန်မာကို အထင်သေးလို့ မရတော့ဘူးဆိုတာကို သိသွားတာပေါ့။ ဘာပဲပြောပြော အိမ်စည်ကတော့ ကျေနပ်တယ်”

အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ရွှေအိမ်စည်က “အိမ်စည်အနုပညာနဲ့ ပတ်သက်ပြီး အများကြီး လုပ်သွားမှာပါ။ အခုတော့ ပျော်လိုက်ပါဦးမယ်။ အိမ်စည်ကို အားပေးတဲ့သူတွေကလည်း အများကြီးဆိုတော့။ အဲ့လောက်ထိ များနေမယ်လို့ အိမ်စည် မထင်ထားဘူး”

Hollywood အထိသွားဖို့ အစီစဉ်ရှိလားဆိုတဲ့ အပေါ် “သွားဖို့ ရှိတာပေါ့။ အိမ်စည်ကတော့ အဆုံးထိရောက်အောင် လုပ်မယ်။ အကောင်းဆုံး ကြိုးစားသွားမယ်။ အိမ်စည်ပြန်လာတုန်းကတော့ အားတင်းထားရမယ်။ ပြုံးထားရမယ်တွေးထားပေမယ့်လည်း ဒီရောက်တော့ အလိုလိုပြုံးပျော်သွားတာပဲလေ”

“ပရိသတ်တွေ Vote ပေးခဲ့တဲ့အတွက် သူများတွေ rehearsals လုပ်နေတဲ့အချိန်မှာ အိမ်စည်က အနှိပ်ခန်းထဲမှာ သာသာယာယာပဲ။ ကျေနပ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ အိမ်စည်ပြိုင်နေတာလား။ ပရိသတ်တွေ ပြိုင်နေတာလား မသဲကွဲပါဘူး။ အရမ်းပျော်ပါတယ်”

“အိမ်စည်က Miss ရရ မရရ မပြိုင်တော့ဘူးလို့ ဆုံးဖြတ်ပြီးပြီ။ ဘာလို့လဲဆိုတော့ အိမ်စည်က Miss ပြိုင်ပွဲတွေကို ဝါသနာပါတဲ့ သူမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် အိမ်စည် ဂုဏ်ဆောင်ချင်တယ်လေ။ အခုအိမ်စည် ဂုဏ်ဆောင်ခွင့်ရခဲ့တယ်။ နောက်ပိုင်းတော့ ဆက်ပြီး ပြိုင်ဖို့မရှိတော့ပါဘူး။ သရုပ်ဆောင်ထက် Model ပိုင်းကို ပိုလုပ်သွားဖို့ ရှိပါတယ်။ သရုပ်ဆောင်ဆိုရင်လည်း အိမ်စည်အနေနဲ့ တကယ်ကို ကျေနပ်မှုရှိတဲ့ ကာရိုက်တာမှပဲ အိမ်စည်လုပ်သွားဖို့ ရှိပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here