Naill Horan နဲ့ချစ်သူတွေဖြစ်နေတာမဟုတ်ကြောင်း ပြန်ရှင်းလိုက်တဲ့ Selena Gomez
မကြာသေးမီက တစ်ကမ္ဘာလုံးမှာပျံ့နှံ့လာတဲ့ သတင်းတွေကတော့ Selena နဲ့ One Direction ရဲ့ Nail Horan တို့ချစ်သူတွေဖြစ်နေကြပြီဆိုတဲ့သတင်းပါပဲ။ ဒီသတင်းထွက်ပေါ်လာပုံကလည်း မပြေးသော်ကန်ရာရှိဆိုသလို Selena နဲ့ Naill Horan ဟာသူငယ်ချင်းတွေနဲ့ ညစာအတူစားပြီးရိုက်ထားတဲ့ဓာတ်ပုံမှာ Nail က Selena ကို ပခုံးဖက်ထားခဲ့ပြီး Selena ကလည်း Naill ရဲ့ရင်ခွင်ထဲမှာပျော်ရွှင်နေတာကြောင့်တစ်ကမ္ဘာလုံးကပရိသတ်တွေက
Unicode
မကြာသေးမီက တစ််ကမ္ဘာလုံးမှာပျံ့နှံ့လာတဲ့ သတင်းတွေကတော့ Selena နဲ့ One Direction ရဲ့ Nail Horan တို့ချစ်သူတွေဖြစ်နေကြပြီဆိုတဲ့သတင််းပါပဲ။ ဒီသတင်းထွက်ပေါ်လာပုံကလည်း မပြေးသော်ကန်ရာရှိဆိုသလို Selena နဲ့ Naill Horan ဟာသူငယ်ချင်းတွေနဲ့ ညစာအတူစားပြီးရိုက်ထားတဲ့ဓာတ်ပုံမှာ Nail က Selena ကို ပခုံးဖက်ထားခဲ့့ပြီး Selena ကလည်း Naill ရဲ့ရင်ခွင်ထဲမှာပျော်ရွှင်နေတာကြောင့်တစ်ကမ္ဘာလုံးကပရိသတ်တွေကSelena တော့ Naill နဲ့ချစ်သူတွေဖြစ်ပြီးပျော်ရွှင်နေပြီလို့ထင်ခဲ့ကြတာပါ။ ဒါပေမယ့်အဲဒီအထင်တွေက တက်တက်စင်အောင်လွဲမှားနေခဲ့ပါတယ်။
Selena ဘက်က Naill နဲ့ ချစ်သူတွေမဟုတ်ပဲ သူငယ်ချင်းကောင်းတွေသာဖြစ်ကြောင်းပြောကြားထားတယ်လို့ Elle က ဖော်ပြထားပါတယ်။Selena နဲဲ့ Naill ဟာ အရမ်းခင်တဲ့သူငယ်ချင်းကောင်းတွေသာဖြစ်ပြီးတစ်ယောက်နဲ့တစ်ယောက် အာပေးထောက်ပံ့မှုတွေလည်းလုပ်ပြီးခိုင်မြဲတဲ့သံယောဇဉ်ကြိုးတွေနဲ့ချည်နှောင်ထားတယ်လို့ဆိုပါတယ်။ ဒါ့အပြင်သူတို့နှစ်ဦးဟာ နှစ်ယောက်အတူတူ သီချင်းလုပ်ဖို့လည်းရှိတယ်လို့ဆိုတာကြောင့်နှစ်ယောက်လုံးကိုအားပေးတဲ့ပရိသတ်တွေအတွက်တော့ ဝမ်းသာစရာပါပဲ။ လက်ရှိအချိန်မှာတော့ Selena ဟာ တစ်ယောက်တည်းဖြစ်ပြီး သူမရဲ့ ကျန်းမာရေးနဲ့စိတ်ချမ်းသာမှုကိုရှေးရှုနေပြီး သူငယ်ချင်းတွေနဲ့မိသားစုတွေကို အချိန်ပိုပေးနေသလို အနုပညာအသစ်တွေဖန်တီးဖို့လည်းအာရုံစိုက်နေတယ်လို့ဆိုပါတယ်။
ဒါပေမယ့်သူမ ဘာပဲလုပ်လုပ် လွန်ခဲ့တဲ့နှစ်တွေမှာလိုပဲ Naill က သူမကိုအားပေးဖို့အမြဲတမ်းအသင့်ရှိနေဆဲဖြစ်ပြီး Selena ကို ဂရုတစိုက်ရှိနေဆဲပါ။ ဒါပေမယ့် Selena ကNaill  ကို ၂၀၁၅ မှာတုန်းကလည်း Entertainment Tonight နဲ့အင်တာဗျူးမှာ သူတို့နှစ်ဦးအကြောင်းအမေးခံရချိန်မှာ ချစ်သူတွေမဟုတ်ဘဲ သူငယ်ချင်းတွေသာဖြစ်တယ်လို့အတိအလင်း ဖရန့်ဇုန်သွင်းခဲ့ဖူးပါတယ်။ အခုလည်း Selena က သူငယ်ချင်းလေးပါပဲလို့ဆိုလေတော့ ကြည့်ရတာ Naill ခမျာ အခုထိ ဖရန့်ဇုန်ကရုန်းမထွက်နိုင်သေးတဲ့ပုံပါပဲ။ဒါပေမယ့်Selena က Naill ရဲ့အသစ်ထွက်တဲ့သီချင်းကိုတော့ သူမရဲ့ လူမှုကွန်ယက်တွေမှာကြော်ငြာပေးပြီး အားပေးမှုအပြည့်အဝလည်းပေးတာတွေ့ရပါတယ်။
သတင်းကောင်းကတော့ Selena ရဲ့ နှစ်ပေါင်းများစွာ အချိန်ယူပြင်ဆင်နေတဲ့ သီချင်း Album ဟာ သိပ်မကြာခင်မှာထွက်လာတော့မယ်ဆိုတာပါပဲ။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော Selena ရဲ့သီချင်းအသစ်ထွက်ရင်အားပေးကြမှာလား။ Selena ကိုရောချစ်ကြလား.. Naill Horan နဲ့ သဘောတူကြလား။ပြောခဲ့ပါဦး။
Leave a Reply