ထက်မြက်နိုင်ဇင်ကို ချီးကျူးလိုက်တဲ့ ဒါရိုက်တာညွှန့်မြန်မာညီညီအောင်

0
65

ထာဝရထက်နှစ်ဆဇာတ်ကားကြီးဟာ Bollywood ဇာတ်ကား Sanam Teri Kasam ကို ဒဲ့ကြီးကူးချထားတယ်ဆိုတဲ့ ဝေဖန်သံတွေက အခုရက်ပိုင်းလူမှုကွန်ယက်တွေပေါ်မှာ ဆူဆူညံညံကိုထွက်လာနေခဲ့တာပါ။ အဲဒါနဲ့ပတ်သက်ပြီးအလုပ်အရမ်းများတဲ့ မင်းသားတွေဖြစ်တဲ့ မြင့်မြတ်နဲ့မင်းမော်ကွန်းတို့ကတော့ မသိဘူးလို့ငြင်းခဲ့ကြပါတယ်။ ဇာတ်ညွှန်းရေးသူ ထက်မြက်နိုင်ဇင်ကတော့ အနုပညာထက် ပိုက်ဆံကပိုအရေးကြီးတယ်လို့ ခံယူထားတဲ့ပုံနဲ့ သိန်းနှစ်ဆယ်ပေးလို့ရေးတယ်လို့ လူမှုကွန်ယက်မှာ အကျယ်တဝင့်ဖြေရှင်းထားခဲ့ပြီး ပရိသတ်တော်တော်များများကတော့ စော်ကားခံရတယ်လို့ ဝေဖန်ပြောဆိုနေခဲ့ကြတာဖြစ်ပါတယ်။ အခုတစ်ဖန် ဇာတ်ကားအတွက်တာဝန်အရှိဆုံသူတွေထဲကတစ်ယောက်ဖြစ်တဲ့ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်ကတော့ မကြာသေးမီက မီဒီယာတွေနဲ့ အင်တာဗျူးမှာ ရှင်းပြလာခဲ့ပါတယ်။

ဒါရိုက်တာညွှန့်မြန်မာညီညီအောင်က မြန်မာနိုင်ငံရဲ့သမိုင်းမှာလည်း ကော်ပီကားတွေရှိခဲ့ကြောင်းနဲ့ နိုင်ငံတကာမှာလည်းဒီလိုပဲကူးနေတာပဲဖြစ်ကြောင်း “ကျွန်တော်တို့ ငယ်ငယ်ကဆောင်းအိပ်မက်ဆိုတဲ့ ဇာတ်ကားရှိတယ်။အဲဒီကားလည်း နိုင်ငံခြားကားပါ။ နောက်ပြီးတော့ အရမ်းနာမည်ကြီးတဲ့ကားတစ်ကားရှိတယ်။ သီတာရေစင်ဆိုတာ အဲဒါလည်း မှီငြမ်းကားပဲ နိုင်ငံခြားကားပဲ။ F4 ဆိုတာ နိုင်ငံတကာမှာအရမ်းနာမည်ကြီးတယ်။ အဲ့တော့ Hollywood က Bollywood, Bollywood က Hollywood, ဂျပန် အဲ့လိုတွေသွားနေတဲ့အချိန်မှာ ဒီဟာကို ဘာကြောင့် highlight လုပ်ချင်တာလဲ”လို့ ပြောထားပါတယ်။

ဒါ့အပြင် ကူးတယ်ဆိုပေမယ့် Adapt လုပ်လိုက်တာမဟုတ်ပဲ တင်ပြတဲ့ presentation လုံးဝမတူပဲ ပြန်ရိုက်ထားတာပါလို့လည်း “ဒီကားကြည့်ဖူးတဲ့သူတွေလည်းရှိမှာပါ။ ရုပ်ရှင်ကြည့်လိုက်ရင်တော့ ရှင်းသွားမှာပါ။ တင်ပြတဲ့ presentation လုံးဝမတူအောင် ကျွန်တော့်စိတ်ကူးနဲ့ကျွန်တော်ရိုက်ထားတာ”လို့ ရှင်းပြထားပြီး ဇာတ်ညွှန်းရေးပေးတဲ့ ထက်မြက်နိုင်ဇင်ကိုလည်း “ဇာတ်ညွှန်းရေးဆရာကောင်းတာလည်းပါတာပေါ့နော်။ စကားလုံးတွေကအစ၊တင်ပြပုံကအစ”လို့ လည်း ချီးကျူးထားပါသေးတယ်။

နိုင်ငံခြားကားကိုကူးတာက သိပ်များအရေးကြီးနေလားလို့လည်း ဒါရိုက်တာက “ဒီအကြောင်းအရာသည် သိပ်များအရေးကြီးနေလား။ ကျွန်တော်မတိုင်ခင်ကတည်းကလည်း ဒီကားတွေရိုက်နေကြတာပဲ။ ကျွန်တော်က ဒါတောင်မှလုံးဝ Adapt မလုပ်ထားပါဘူး။ ကျွန်တော့်ရဲ့တင်ပြပုံနဲ့လုပ်ထားတာ။ ကျွန်တော့်အသိညဏ်လောက်နဲ့ပါ။ ဒီသတင်းက လူထဲရောက်သွားလည်းသိပ်ကြီးကျယ်မှာတော့မဟုတ်ပါဘူး”လို့ ရှင်းလင်းပြောဆိုထားတာလည်းတွေ့ရပါတယ်။

ဝေဖန်နေကြတဲ့ပရိသတ်တွေကိုလည်း ရုပ်ရှင်လာကြည့်ကြည့်ဖို့ဖိတ်ခေါ်ထားပါသေးတယ်။ “ကူးလို့ဘာညာပြောနေတဲ့ ပရိသတ်အပေါင်းကိုလည်း ရုပ်ရှင်လာကြည့်ကြည့်ပါဦးလို့ ဖိတ်ခေါ်ချင်ပါတယ်။ ရန်ကုန်မှာရိုက်ရင် ဒီ location ပဲမြင်ရမှာလေ။ နေပြည်တော်မှာသွားရိုက်ရင် ရုပ်ရှင်တွေမှာမမြင်ဖူးတဲ့ Location ကိုပါပြချင်လို့ သွားရိုက်တာပါ။ ဝေဖန်မှုတွေကြားထဲက ကျွန်တော်တို့တင်ပြထားတဲ့ ရုပ်ရှင်လေးကိုလာကြည့်စေချင်ပါတယ်လို့ပြောချင်ပါတယ်”လို့လည်း ဖိတ်ခေါ်သွားခဲ့ပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဒါရိုက်တာညွှန့်မြန်မာညီညီအောင်ကိုအားပေးကြလား။ ထာဝရထက်နှစ်ဆကားကြီးက မူရင်း Bollywood ကားကိုမီပါ့မလား။ ထာဝရထက်နှစ်ဆကားကြီးရုံတင်ရင်ရောသွားကြည့်ကြမှာလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say