Paris Fashion Week မှာ အလှဆုံးဝတ်စုံတွေနဲ့ ပွဲတက်ခဲ့ကြတဲ့ အာရှကြယ်ပွင့်များ
Jennie
NANA KOMATSU
Xin Zhilei
PARK SOO-JOO
YUNA
Unicode
လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းက ကျင်းပပြီးစီးခဲ့တဲ့ Paris Fashion Week ကတော့ ကမ္ဘာ့အနှံ့ က အနုပညာရှင်တွေ တက်ရောက်ခဲ့ကြတာဟာ တကယ့်ကို ပန်းခင်းကြီး တစ်ခင်းလို သောက်သောက်လဲ များပြားခဲ့ပါတယ်။ အဲ့ဒီကိုသွားရောက် ခွင့်ရခဲ့တဲ့ အထဲမှာ မြန်မာနိုင်ငံက နာမည်ကျော်နှစ်ယောက် ဖြစ်တဲ့ M ဆိုင်းလု နဲ့ နေခြည်ဦးတို့လည်းပါဝင်ခဲ့တဲ့ဆိုတာ အွန်လိုင်းသုံးစွဲသူတွေ သိပြီးဖြစ်မှာပါ ။ အခုကျနော်တို့ ပြောချင်လွန်းလို့ မိတ်ဆွေတွေကို တင်ဆက်ပေးချင်တဲ့အကြောင်းအရာလေးကတော့ ခမ်းနားတဲ့ ဖက်ရှင်အပြင်အဆင်တွေနဲ့ အဲ့ဒီပွဲတက်ရောက်ခဲ့တဲ့ အာရှတိုက်ထဲက ကြယ်ပွင့်တွေပဲ ဖြစ်ပါတယ်။ ဘယ်သူတွေ ပါဝင်နေလဲဆိုတာကိုတော့ အောက်မှာ ဆက်လက်ကြည့်ရှုလိုက်ပါဦး ။
Jennie
ဒီစာရင်းမှာ ထိပ်ဆုံး ပါဝင်နေတဲ့ သူကတေ့ာ Black Pink အဖွဲ့ဝင် Jennie ပဲဖြစ်ပါတယ်။ သူကိုတော့ ဇန်နဝါရီလ ၁၆ ရက် ၁၉၉၆ ခုနှစ်မှာ တောင်ကိုရီးယားနိုင်ငံမှာမွေးဖွားခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ်ရှိတဲ့ Jennie တစ်ယောက်ကတော့ ဒီစာရင်းမှာ ထိပ်ဆုံးကပါဝင်နေတာကတော့ တကယ့်ကို ဂုဏ်ယူစရာပါပဲ ။ Black Pink အဖွဲ့ကလည်း စစ်တမ်းကောင်းတွေမှာ မပါမဖြစ်ပါနေတဲ့ ကိုရီးယားအဖွဲ့တစ်ဖွဲ့ပါပဲ။
NANA KOMATSU
ဂျပန်နိုင်ငံက နာမည်ကြီး သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့ NANA KOMATSU ကတော့ ဒီစာရင်းရဲ့ နံပါတ် ၂နေရာမှာ ရောက်နေပါတယ်။ တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ ပွဲမျိုးမှာ ဒီလိုစာရင်းဝင်ရဖို့ဆိုတာကတော့ တကယ့်ကို မလွယ်လှတဲ့ ကိစ္စပါပဲ ။ နာနာကတော့ အမေရိကန် ရုပ်ရှင်တစ်ခုစြဖ်တဲ့ Silence မှာလည်း ပါဝင်သရုပ်ဆောင်ထားသူတစ်ယောက်ဖြစ်ပါတယ်။
Xin Zhilei
နောက်ထပ်ဒီစာရင်းမှာ ပါဝင်နေတဲ့ သူကတော့ တရုတ်မင်းသမီးတစ်ယောက်ဖြစ်တဲ့ Xin Zhilei ပဲဖြစ်ပါတယ်။ Brotherhood of Blades II: The Infernal Battlefield ရုပ်ရှင်ထဲမှာ ပါဝင်သရုပ်ဆောင်ထားပြီး ပရိတ်တွေကို စွဲဆောင်နိုင်တဲ့ မင်းသမီးတလက်ဖြစ်ပါတယ်။ အခုဒီစာရင်းမှာတော့ နံပါတ်၃နေရာကနေပါဝင်နေတာပဲ ဖြစ်ပါတယ် ။ သူကလည်း တကယ့်ကို ဒိတ်ဒိတ်ကြဲ သရုပ်ဆောင်တစ်ယောက် ပါ။
PARK SOO-JOO
ဒီစာရင်းမှာ နောက်ထပ်ပါဝင်လာတဲ့ သူတစ်ယောက်ကတော့ Soo Joo Park ဆိုတဲ့ ကိုရီးယားအမေရိကန် လူမျိုး DJ နဲ့ ဖက်ရှင်မော်ဒယ်တစ်ယောက် ဖြစ်တဲ့ Soo Joo Park ပဲဖြစ်ပါတယ်။ L’O’real ရဲ့ ပင်တိုင်မော်ဒယ်တစ်ယောက် ဖြစ်ပြီး Channel ရဲ့ ကမ်ပိန်းတွေမှာ လှုပ်ရှားခဲ့တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ကတော့ လက်ရှိမှာတော့ အသက် ၃၃ နှစ်အရွယ်ရှိပါပြီ။
YUNA
ဒီစာရင်းမှာ နံပါတ် ၅နေရာမှာ ရပ်တည်ခဲ့တဲ့ အနုပညာရှင်ကတော့ မလေးရှားနိုင်ငံက အဆိုတော် သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့ YUNA ပဲ ဖြစ်ပါတယ်။ သူကတော့ မလေးရှားနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲအဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ Usher နဲ့ သူသီဆိုထားတဲ့Crush ဆိုတဲ့ သီချင်းကတော့ အမေရိကန် Billboard မှာ နံပါတ် ၃ ထိရောက်ခဲ့ပါတယ်။