Rဇာနည်ကို မင်းသားမလုပ်ခိုင်းတော့ဘူးဆိုတဲ့ ဝမ်း

0
87

နှစ်တော်တော်ကြာကြာ ပရိသတ်တွေရဲ့ အားပေးမှု ချစ်ခင်မှုကို အခိုင်အမာရရှိထားတဲ့ အဆိုတော် Rဇာနည်နဲ့ ဝမ်းတို့ စုံတွဲလေးကတော့ လက်ရှိချိန်ထိကို ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိနေဆဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး အားကျချင်စရာကောင်းလှပါတယ်။ လက်ရှိမှာလည်း သူ့ရဲ့သားလေး မွေးနေ့ပွဲကို ပျော်ပျော်ရွှင်ရွှင်ကျင်းပပေးခဲ့ပြီး သူ့တို့ရဲ့သားလေးတွေကိုလည်း ပရိသတ်တွေက ချစ်ကြတာကို တွေ့ရပါတယ်။ သူတို့အနေနဲ့ သူတို့နှစ်ယောက်ရဲ့ အမှတ်တရလေးတွေကို ပြန်ပြောပြပြီး လတ်တလောလှုပ်ရှားမှုတွေကို ပြောပြခဲ့ပါတယ်။

Rဇာနည် နဲ့ ဝမ်း ကတော့ အင်တာဗျူးတွင် သားလေးရှေ့မှာ ရန်ဖြစ်ခဲ့တဲ့ အပေါ် “အမတို့ အိမ်ထောင်စပြီးတော့ ကျတဲ့အချိန်မှာ အရမ်းစကားများ ရန်ဖြစ်ကြတယ်။ ငယ်လည်းငယ်သေးတော့လေ။ ပြီးတော့ အိမ်ထောင်သက် ၅ နှစ်မှာမှ သားလေးကို ယူဖြစ်ကြတာ။ ပြီးတော့ သားလေးရဲ့ ရှေ့မှာတော့ ဘယ်တော့မှာ ရန်မဖြစ်ဘူးလို့ ရည်ရွယ်ထားတာ။ ရည်ရွယ်ထားပေမယ့် လွန်ခဲ့တဲ့ ၄ နှစ်ကျော်လောက် ဖြစ်မယ်ထင်တယ်။ စကားများရင်းများရင်း သူရှေ့မှာ ရန်ဖြစ်မိသွားတာ။ အဲ့ဒါကို သူအခုထိ ဆွဲပြီးပြောနေတာ ဆိုတော့ အမ တကယ်ကို စိတ်မကောင်းဘူး။ စိတ်ထဲမှာလည်း သိရဲ့သားနဲ့ ဘာလို့မထိန်းနိုင်ခဲ့တာလဲဆိုပြီး တော်တော်ကို စိတ်ကောင်းဖြစ်နေတာ အခုဆိုရင် သားအကြီးအတွက်ပေါ့။ အငယ်အတွက်ကတော့ အမတို့အနေနဲ့ အသက်အရွယ်အရရော သေချာပေါက် ဆင်ခြင်သွားမှာ ဖြစ်တဲ့အတွက် သေချာပေါက် မဖြစ်တော့ဘူးလို့ ထင်ပါတယ်။ အဲ့လိုလည်း ဆုံးဖြတ်ထားပါတယ်။သားအကြီးကလည်း ငယ်သေးတော့ သူဒီထက်ကြီးလာတဲ့အချိန်မှာ အသိတရားတွေ ရလာပြီးတော့ ပိုလည်း နားလည်သွားမှာပေါ့လေ”

အရင်ကထက် အခုပိုခန့်လာတယ်ဆိုတဲ့ ပရိသတ်တွေ စကားအပေါ်မှာတော့ Rဇာနည်ကတော့ “နဂိုကတည်းကတော့ ချောပြီးသားပါ။ အားနည်းချက်ကတော့ ချောနေတာပဲ” ဝမ်းကတော့ “ အမကတော့ သူ့ကိုအရင်ကတည်းက သဝန်မတိုဘူး။ အေးဆေးပဲ။ ပြီးတော့ အမတို့ ရန်ဖြစ်ကြတာကလည်း သဝန်တိုတာကြောင့် မဟုတ်ဘူး။ တခြားအရာတွေကြောင့် များတယ်။ အခုသူပိုခန့်လာလည်း ဘာမဖြစ်ပါဘူး”

ပရိသတ်တွေက မင်းသားလုပ်ပါလားလို့ Rဇာနည်ကို ပြောကြတဲ့အပေါ်မှာတော့ ဇနီးဖြစ်သူ ဝမ်းက “မင်းသားကတော့ သူမလုပ်တော့ဘူး။ သူ့ကို ဒီထက်ငယ်တဲ့အရွယ်မှာ ကတည်းက မင်းသားလုပ်ခိုင်းလာတာ။ ဒီအရွယ်ကျမှသူမင်းသားမလုပ်တော့ပါဘူး။ ဘီးကျဲပဲ လုပ်တော့မယ်”

စုံတွဲတွေ အားလုံးအတွက် အကြံပေးစကားအပေါ် “တယောက်နဲ့ တယောက် ကျေးဇူးရှင်လို့ အပြန်အလှန်နားလည်လိုက်တာက အေးချမ်းသွားမှာပါ။ အဲ့ဒါအပြင် လူ့ဘဝမှာ အချက် ၄ ချက်နဲ့ နေထိုင်ရမယ်။ ပညာရှိရမယ်။ စီးပွားရှာရမယ်။ ကိုယ့်ကိုကိုယ် ဂုဏ်သရေရှိအောင် နေရမယ်။ မိတ်ဆွေ အပေါင်းအသင်းများအောင် နေထိုင်ရပါမယ်။ ကိုယ်တွေလည်း အဲ့အတိုင်းပဲ ရှေ့ဆက်ကြမှာပါ” ဟု ပြောကြားသွား ခဲ့ပါတယ်။