Sexy ဆိုရင် ဈေးမြှင့်ထားတယ်ဆိုတဲ့ သင်ဇာဝင့်ကျော်

0
73

သင်ဇာဝင့်ကျော်ဟာဆိုရင် ဟိုးလွန်ခဲ့တဲ့နှစ်တွေ မင်းသမီးစဖြစ်ကာစကတည်းက ထောင်ထောင်မောင်းမောင်း ဒေါင်ကောင်းကောင်းနဲ့ မင်းသမီးတွေအချင်းချင်းတောင် အားကျရလောက်တဲ့ အလှတရားနဲ့ မင်းသမီးတစ်လက်ဖြစ်ခဲ့တာပါ။ နောက်ပိုင်းကာလတွေမှာ Gym တွေကစားလိုက်ပြီးတော့ ပိုမိုတောင့်တင်းလှပလာတယ်ဆိုရင်လည်းမမှားပါဘူး။ သင်ဇာက အခုနောက်ပိုင်းမှာ အရမ်းကိုဟော့ပြီးမိုက်တဲ့ ဒီဇိုင်းတွေကို သတ္တိရှိရှိနဲ့ဝတ်ဆင်လာခဲ့တာ ပရိသတ်တွေအားလုံးသတိထားမိကြမှာပါ။ သင်ဇာက မကြာသေးမီက မီဒီယာတွေနဲ့ အင်တာဗျူးမှာ အဲဒီလို ဆက်စီကျကျဝတ်ဆင်မှုတွေနဲ့ ပတ်သက်ပြီး ဖြေကြားပေးသွားပါတယ်။

သင်ဇာက အဖိတ်ခံရတဲ့ ပွဲလမ်းတွေမှာ အမြဲလိုလို ဖက်ရှင်ကျကျဝတ်ဆင်တတ်ပေမယ့် ဆက်စီဆန်ဆန်ဝတ်စေချင်ရင်တော့ ဈေးမြှင့်ထားကြောင်း “ဆက်စီဆို သင်ဇာက ဈေးမြှင့်ထားတယ်လေ။ ရိုးရိုးဝတ်စုံနဲ့တော့မတူဘူးပေါ့နော်။ ကိုယ်တောင်းတဲ့ဈေးပေးရင် ရိုက်မယ်။ ကိုယ့်အတွက်လည်းအများကြီး ထိခိုက်နစ်နာမယ့်ဟာမျိုးမဟုတ်ရင်တော့ပေါ့နော်။ ဆက်စီဆိုပေမယ့် လစ်မစ်ထားထားတယ်လေ။ အရမ်းကြီးတော့မဝတ်ပါဘူး”လို့ ပြောပြထားပါတယ်။ဆွဲဆောင်မှုရှိပြီး ဆက်စီကျတဲ့ ဝတ်စုံတွေကို သင်ဇာက ဘယ်လိုရွေးချယ်လဲဆိုတော့ “ကိုယ်ဝတ်ကြည့်လိုက်လို့ ကိုယ်လှတယ်လို့ စိတ်ထဲမှာထင်မှဝတ်တာလေ။ မလှဘူး အရမ်းကြီးတစ်မျိုးကြီးဖြစ်နေတယ်။ ရွံစရာကောင်းနေတယ်လို့စိတ်ထဲမှာထင်ရင် သင်ဇာမဝတ်ပါဘူး။ ကိုယ့်ကို confidence ရှိစေမယ့် ဝတ်စုံမျိုးပဲ သင်ဇာဝတ်တာ။ Confidence မရှိစေဘူး စိတ်မလုံခြုံဖြစ်နေတယ်ဆိုရင် မဝတ်ပါဘူး”လို့ ပြောပြထားပါတယ်။

အရင်တစ်ခေါက်က 119 ဖွင့်ပွဲမှာ သင်ဇာဝတ်ချလိုက်တဲ့ ဝတ်စုံက နိုင်ငံခြားက ဝတ်စုံဒီဇိုင်းခိုးထားတာဆိုတဲ့ ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး “နိုင်ငံခြားက ဒီဇိုင်နာနဲ့ အပ်ရမှာလား။ ဒီပွဲမှာရတဲ့ ပိုက်ဆံနဲ့ကိုက်တယ်။ သူတို့ကလည်း အဲဒီဒီဇိုင်နာနဲ့အပ်လို့ရတဲ့ amount ပေးနိုင်တယ်ဆိုရင်တော့ အပ်ပေးမယ်လေ။ ဘာလို့ဆို ဒီ ဒီဇိုင်းက နိုင်ငံခြားက ထုတ်ထားတဲ့အတွက် ဒီ ဒီဇိုင်းကိုပြဖို့အတွက် မော်ဒယ်နဲ့ဝတ်ပြီးရိုက်ထားတဲ့ပုံတော့ရှိမှာပဲလေ။ ကိုယ်က စက်ရုံထုတ်ပဲ ဝတ်နိုင်တာလေ။ ဒါကြောင့် ပုံစံတူကတော့ ရှိမှာပဲလေ မဟုတ်ဘူးလား”လို့ ဖြေရှင်းထားပါတယ်။

သင်ဇာက အချစ်ရေးနဲ့ပတ်သက်ပြီး “ချစ်သူမရှိပါဘူး။ Single ပါပဲ။ တစ်ယောက်တည်းပါပဲ။ သူငယ်ချင်းတွေကိုလည်းပိုပြီးအချိန်ပေးဖြစ်တယ်။ မိဘတွေကိုလည်းပိုပြီးဂရုစိုက်ဖြစ်တယ်”လို့ပြောပြထားသလို ပရိသတ်ကောင်မလေးတွေအတွက် ချစ်သူရွေးမယ်ဆိုရင် “ဒါကတော့ တစ်ယောက်နဲ့တစ်ယောက် ကံချင်းမတူဘူးပေါ့နော်။ နားလည်ပေးနိုင်တဲ့ချစ်သူရှိသလို နားမလည်ပေးနိုင်ပဲအရမ်းကိုချုပ်ချယ်သဝန်တိုတဲ့သူလည်းရှိတယ်ပေါ့။ နားလည်ပေးနိုင်တဲ့သူမျိုးရရင်တော့ ပါဖက်ပဲပေါ့။ နားလည်မပေးနိုင်တဲ့ချစ်သူဆိုရင်တော့ ကိုယ့်ဘဝတက်လမ်းလည်းပိတ်တယ်။ဒါကြောင့်နားလည်ပေးနိုင်တဲ့ချစ်သူမျိုးကိုပဲရွေးချယ်စေချင်တယ်”လို့ အကြံပေးထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော သင်ဇာကိုချစ်ကြလား။ သင်ဇာရဲ့ ဖက်ရှင်ကျတဲ့ဝတ်စားဆင်ယင်မှုတွေကိုရော သဘောကျကြလား။ သင်ဇာရဲ့အနုပညာလှုပ်ရှားမှုတွေကိုရော ဆက်လက်အားပေးကြမှာလား။ပြောခဲ့ကြဦးနော်။

Can’t Wait To Say