Sulli ရဲ႕အျဖစ္အပ်က္ကုိမယံုနိုင္ေအာင္ခံစားေနရတဲ့ F4 မင္းသမီးရဲ႕ခင္ပြန္း Ahn Jae Hyun

Ahn Jae Hyun ဟာ F4 မင္းသမီး Ku Hye Sun နဲ႔ ကြာရွင္းခြင့္ေတာင္းထားျပီး လက္တေလာမွာ သတင္းမီဒီယာေတြရဲ႕ အာရံုစုိုက္ျခင္းခံေနရတဲ့မင္းသားတစ္လက္လည္းျဖစ္သလုိ ပရိသတ္အားေပးမႈမ်ားစြာရရွိထားတဲ့သရုပ္ေဆာင္ေကာင္းတစ္ဦးပါ။ Ahn Jae Hyun က လြန္ခဲ့တဲ့နွစ္ေပါင္းမ်ားစြာကတည္းက Sulli နဲ႔ ရင္းနွီးတဲ့သူငယ္ခ်င္းေတြျဖစ္ျပီး Sulli က Ahn Jae Hyun ကုိ သံေယာဇဥ္ၾကီးခဲ့တယ္လို႔လည္းသိရပါတယ္။

ျပီးခဲ့တဲ့ တနလၤာေန႔မနက္ပုိင္းက ရုတ္တရက္ထြက္လာတဲ့ Sulli ရဲ႕သတင္းေတြဟာ ပရိသတ္ေတြကုိ ရုတ္တရက္ထိတ္လန္႔ေစခဲ့ျပီး ခ်စ္ဖို႔ေကာင္းျပီး ဘဝမွာ စိတ္ဓာတ္တက္ၾကြမႈအျပည့္နဲ႔ လွပထက္ျမက္တဲ့ ေငြၾကယ္ပြင့္ေလးျဖစ္တဲ့ Sulli ကုိဒီလိုမ်ိဳးရုတ္တရက္ျဖစ္သြားခဲ့ခ်ိန္မွာ တစ္ကမၻာလံုးကပရိသတ္ေတြမယံုနုိင္ေအာင္အံ့ၾသခဲ့ရျပီး ဝမ္းနည္းခဲ့ၾကရပါတယ္။ Sulli ဟာ ငယ္ငယ္ကတည္းက စိတ္ဒဏ္ရာေတြရခဲ့တဲ့ ဘဝအေျခအေနမ်ိဳးနဲ႔ရင္ဆိုင္ေက်ာ္ျဖတ္ခဲ့ရျပီးအသက္ၾကီးလာျပီး Idol ျဖစ္လာခဲ့ခ်ိန္မွာလည္း တစ္ကမၻာလံုးက ပရိသတ္ေတြရဲ႕အားေပးမႈကုိခံရသလို ေဝဖန္မႈေတြ၊ ထိုးနွက္တို္က္ခိုက္မႈေတြကုိလည္း အရြယ္နဲ႔မမွ်ေအာင္ခါးစည္းျပီးခံခဲ့ရတာပါ။ ဒါ့အျပင္ Sulli ဒီလိုျဖစ္မသြားခင္ သူမရဲ႕ လူမႈကြန္ယက္ေတြမွာ live ေတြလႊင့္ခဲ့ျပီးအဲဒီ live ေတြထဲမွာ Sulli ဟာ အလြန္အမင္းဝမ္းနည္းတဲ့ပံုေပါက္္ေနျပီး သူမအရမ္းအထီးက်န္ေနေၾကာင္း ရင္ဖြင့္ခဲ့ေပမယ့္ Sulli ရဲ႕ သူငယ္ခ်င္းေတြအပါအဝင္ ဘယ္သူကမွဂရုမစိုက္ခဲ့ၾကဘူးလို႔သိရပါတယ္။



Ahn Jae Hyun က Sulli ရဲ႕အျဖစ္အပ်က္နဲ႔ပတ္သက္ျပီးမယံုနို္င္ေအာင္ခံစားေနရျပီး သူ႕ရဲ႕ Instagram မွာ တင္ထားခဲ့ပါတယ္။ Ahn Jae Hyun က “ဒီဟာ အမွန္မဟုတ္ဘူးမဟုတ္လား။ အင္တာနက္ေပၚမွာက ဒီလုိသတင္းအမွားေတြပ်ံ႕ေနၾကပါ။ ဒီသတင္းေတြက တစ္ခုမွမမွန္ဘူး။ ဒါမွမဟုတ္ ငါ ေဆးေတြအမ်ားၾကီးေသာက္လို႔ ေၾကာင္ေနတာမဟုတ္လား။ ဟုတ္တယ္မလား.. ငါကမူမမွန္တာပါ”လို႔ ေရးထားခဲ့ျပီး အဲဒီစကားလံုးေတြထဲမွာ Sulli နဲ႔ပတ္သက္ျပီး မေဖာ္ျပနိုင္ေအာင္ခံစားေနရတာဟာ အတုိင္းသားေပၚလြင္ေနပါတယ္။ ပရိသတ္ေတာ္ေတာ္မ်ားမ်ားကေတာ့ အဲဒီပို႔စ္ေအာက္မွာ Ahn Jae Hyun ကုိ အားေပးထားၾကတာလည္းေတြ႕ရပါတယ္။




ဘယ္လိုပဲျဖစ္ျဖစ္ Sulli ကေတာ့ သူ႔ုကိုခ်စ္တဲ့ သူေတြေရာ မုန္းတဲ့လူေတြေရာနဲ႔ ေဝးရာကုိတကယ္ပဲထြက္သြားခဲ့ပါျပီ။ ပရိသတ္ေတြက ဒီျဖစ္ရပ္အတြက္ ယူၾကံဳးမရျဖစ္ေနၾကသလို အျခားေသာ Korea Idol ေတြရဲ႕ ပရိသတ္ေတြကလည္း သူတု႔ိရဲ႕ Idol ကုိ စိတ္က်ေရာဂါေတြမဝင္ေအာင္၊ စိတ္ထိခိုက္တာမ်ိဳးေတြဘဝကိုအရံႈးေပးခ်င္စိတ္ေတြမျဖစ္ေအာင္ အားေပးေနၾကတာကုိလည္းေတြ႕ရပါတယ္။ ကုိရီးယားအနုပညာေလာကတစ္ခုလံုးကေရာ တစ္ကမၻာလံုးက အနုပညာရွင္ေတြပရိသတ္ေတြကပါ အရာအားလံုးကုိ အရံႈးေပးျပီးထြက္သြားတဲ့ Sulli အတြက္ ဝမ္းနည္းေၾကကြဲေနၾကရပါတယ္။

Unicode



Ahn Jae Hyun ဟာ F4 မင်းသမီး Ku Hye Sun နဲ့ ကွာရှင်းခွင့်တောင်းထားပြီး လက်တလောမှာ သတင်းမီဒီယာတွေရဲ့ အာရုံစိုုက်ခြင်းခံနေရတဲ့မင်းသားတစ်လက်လည်းဖြစ်သလို ပရိသတ်အားပေးမှုများစွာရရှိထားတဲ့သရုပ်ဆောင်ကောင်းတစ်ဦးပါ။ Ahn Jae Hyun က လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက Sulli နဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်ပြီး Sulli က Ahn Jae Hyun ကို သံယောဇဉ်ကြီးခဲ့တယ်လို့လည်းသိရပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့မနက်ပိုင်းက ရုတ်တရက်ထွက်လာတဲ့ Sulli ရဲ့သတင်းတွေဟာ ပရိသတ်တွေကို ရုတ်တရက်ထိတ်လန့်စေခဲ့ပြီး ချစ်ဖို့ကောင်းပြီး ဘဝမှာ စိတ်ဓာတ်တက်ကြွမှုအပြည့်နဲ့ လှပထက်မြက်တဲ့ ငွေကြယ်ပွင့်လေးဖြစ်တဲ့ Sulli ကိုဒီလိုမျိုးရုတ်တရက်ဖြစ်သွားခဲ့ချိန်မှာ တစ်ကမ္ဘာလုံးကပရိသတ်တွေမယုံနိုင်အောင်အံ့သြခဲ့ရပြီး ဝမ်းနည်းခဲ့ကြရပါတယ်။ Sulli ဟာ ငယ်ငယ်ကတည်းက စိတ်ဒဏ်ရာတွေရခဲ့တဲ့ ဘဝအခြေအနေမျိုးနဲ့ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပြီးအသက်ကြီးလာပြီး Idol ဖြစ်လာခဲ့ချိန်မှာလည်း တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့အားပေးမှုကိုခံရသလို ဝေဖန်မှုတွေ၊ ထိုးနှက်တို်က်ခိုက်မှုတွေကိုလည်း အရွယ်နဲ့မမျှအောင်ခါးစည်းပြီးခံခဲ့ရတာပါ။ ဒါ့အပြင် Sulli ဒီလိုဖြစ်မသွားခင် သူမရဲ့ လူမှုကွန်ယက်တွေမှာ live တွေလွှင့်ခဲ့ပြီးအဲဒီ live တွေထဲမှာ Sulli ဟာ အလွန်အမင်းဝမ်းနည်းတဲ့ပုံပေါက််နေပြီး သူမအရမ်းအထီးကျန်နေကြောင်း ရင်ဖွင့်ခဲ့ပေမယ့် Sulli ရဲ့ သူငယ်ချင်းတွေအပါအဝင် ဘယ်သူကမှဂရုမစိုက်ခဲ့ကြဘူးလို့သိရပါတယ်။

Ahn Jae Hyun က Sulli ရဲ့အဖြစ်အပျက်နဲ့ပတ်သက်ပြီးမယုံနို်င်အောင်ခံစားနေရပြီး သူ့ရဲ့ Instagram မှာ တင်ထားခဲ့ပါတယ်။ Ahn Jae Hyun က “ဒီဟာ အမှန်မဟုတ်ဘူးမဟုတ်လား။ အင်တာနက်ပေါ်မှာက ဒီလိုသတင်းအမှားတွေပျံ့နေကြပါ။ ဒီသတင်းတွေက တစ်ခုမှမမှန်ဘူး။ ဒါမှမဟုတ် ငါ ဆေးတွေအများကြီးသောက်လို့ ကြောင်နေတာမဟုတ်လား။ ဟုတ်တယ်မလား.. ငါကမူမမှန်တာပါ”လို့ ရေးထားခဲ့ပြီး အဲဒီစကားလုံးတွေထဲမှာ Sulli နဲ့ပတ်သက်ပြီး မဖော်ပြနိုင်အောင်ခံစားနေရတာဟာ အတိုင်းသားပေါ်လွင်နေပါတယ်။ ပရိသတ်တော်တော်များများကတော့ အဲဒီပို့စ်အောက်မှာ Ahn Jae Hyun ကို အားပေးထားကြတာလည်းတွေ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Sulli ကတော့ သူ့ုကိုချစ်တဲ့ သူတွေရော မုန်းတဲ့လူတွေရောနဲ့ ဝေးရာကိုတကယ်ပဲထွက်သွားခဲ့ပါပြီ။ ပရိသတ်တွေက ဒီဖြစ်ရပ်အတွက် ယူကြုံးမရဖြစ်နေကြသလို အခြားသော Korea Idol တွေရဲ့ ပရိသတ်တွေကလည်း သူတို့ရဲ့ Idol ကို စိတ်ကျရောဂါတွေမဝင်အောင်၊ စိတ်ထိခိုက်တာမျိုးတွေဘဝကိုအရှုံးပေးချင်စိတ်တွေမဖြစ်အောင် အားပေးနေကြတာကိုလည်းတွေ့ရပါတယ်။ ကိုရီးယားအနုပညာလောကတစ်ခုလုံးကရော တစ်ကမ္ဘာလုံးက အနုပညာရှင်တွေပရိသတ်တွေကပါ အရာအားလုံးကို အရှုံးပေးပြီးထွက်သွားတဲ့ Sulli အတွက် ဝမ်းနည်းကြေကွဲနေကြရပါတယ်။