The Dark Knight ရဲ႕ အျမင့္ဆံုးစံခ်ိန္ေတြကိုခ်ိဳးဖ်က္ႏိုင္ေျခရိွေနတဲ့ Joker 2019

အခုက်ေနာ္တို႔ ေဖာ္ျပေပးသြားမယ့္ သတင္းေလးကေတာ့ ၾကည့္ရႈသူေတြကို တကယ္ကို ပြဲဆူေစခဲ့တဲ့ DC ရဲ႕ Comic ဇာတ္ေကာင္ေတြကို အေျခခံရိုက္ကူးထားတဲ့ ဇာတ္ကားႏွစ္ကားဟာ မယံုၾကည္ႏိုင္ေလာက္ေအာင္ကိုပဲ MIDB ရဲ႕ Rating သတ္မွတ္ခ်က္ေတြထဲမွာ တကယ့္ကို စံခ်ိန္ေကာင္းေတြ ရေနတဲ့ ဇာတ္ကား ႏွစ္ကား အေၾကာင္းကို အနည္းငယ္စီေဖာ္ျပေပးသြားမွာပဲ ျဖစ္ပါတယ္။ ဒီအေၾကာင္းကို မေျပာခင္အခ်ိန္ကတည္း ဘယ္ဇာတ္လမ္းေတြလဲဆိုတာကိုေတာ့ ေခါင္းစဥ္မွာ သိရိွၿပီးျဖစ္မွာပါ ။ က်ေနာ္တို႔ ေျပာျပသြားတဲ့ အေၾကာင္းအရာေလးကို ဖတ္ရႈၿပီးသြားရင္လည္း မိတ္ေဆြတုိ႔ရဲ႕ အျမင္ေတြကို ေအာက္မွာ ဆက္လက္ေဆြးေနြးသြားလို႔ ရပါေနာ္။

The Dark Knight ဆိုတဲ့ နာမည္ကိုၾကားလိုက္တာနဲ႔ Christopher Nolan ရဲ႕ စိတ္ကူးယဥ္ဖန္တီးမႈေတြနဲ႔ ၾကည့္ရႈသူေတြကို ဖမ္းစားႏိုင္ခဲ့တဲ့ Batman Trilogy ထဲက တစ္ကားဆိုတာကို ေကာင္းေကာင္းႀကီးသိၾကၿပီးသား ျဖစ္ပါတယ္။ ဒီဇာတ္လမ္းရဲ႕ အရိွန္ဝါကေတာ့ တကယ္ကို မေသးလွပါဘူး ။ Christian Bale ရဲ႕ Batman နဲ႔ Heath Ledger ရဲ႕ Joker ဇာတ္ရုပ္ေတြကေတာ့ တကယ္ကို ေျပာစမွတ္တြင္ေလာက္ေအာင္ ေကာင္းမြန္ခဲ့ပါတယ္။ အဲ့ဒီလိုေကာင္းမြန္မႈေတြအျပင္ MIDB ရဲ႕ အၾကည့္သင့္ဆံုး ရုပ္ရွင္ေတြထဲမွာလည္း စာရင္းသြင္းခံထားရတဲ့ ဇာတ္ကားေကာင္း တစ္ကားပါ။ ေနာက္ပိုင္းေတြမွာ Joker (Suicide Squad) ဇာတ္ေကာင္တစ္ခုကို ထုတ္ျပခဲ့ေပမယ့္လည္း HL ရဲ႕ Joker နဲ႔ မီးေမာင္းထိုးၿပီး ေပတံလုပ္တိုင္းတာျခင္းကို ခံခဲ့ရၿပီး တကယ္ကို စုတ္ျပတ္သတ္ေနေအာင္ ေဝဖန္ခံခဲ့ရပါတယ္။



အခု ဒီႏွစ္ထဲမွာ ရံုတင္မယ္ ၾကားကတည္းက ေဝဖန္သံေတြ ဆူညံေနခဲ့ေပမယ့္ တကယ္ ရံုေတြေပၚေရာက္လာခ်ိန္မွာ ေဝဖန္သံေတြ တိတ္သြားေစခဲ့တဲ့ Jouaquin Phoenix ရဲ႕ Joker ကိုလည္း The Dark Knight ထဲက Joker နဲ႔ ႏိႈင္းယွဥ္ေဖာ္ျပျခင္းေတြကို ခံခဲ့ရပါေသးတယ္။ ဒါေပမယ့္ အဲ့ဒီလို ေဝဖန္ေနၾကတဲ့ သူေတြဟာ ဘဝႀကီးထဲမွာ ရုပ္ရွင္တကားရဲ႕ လႊမ္းမိုးျခင္းကို ႏွစ္ေပါင္းအေတာ္ၾကာေအာင္ ခံထားရတဲ့ လူေတြပဲ ဆိုတာကေတာ့ က်ေနာ္တို႔ အလြယ္ေလးသိႏိုင္ပါတယ္။ JP ရဲ႕ Joker ကလည္း မတူညီတဲ့ လမ္းကလာၿပီး အခုခ်ိန္မွာ ေအာင္ျမင္မႈေတြ ဆက္တိုက္ရယူႏိုင္ေနၿပီး Rating ၾကမ္းၾကမ္းႀကီးေတြရထားတဲ့ ဇာတ္ကားေကာင္းတစ္ကားပါ ။ ဒီလို ဇာတ္ကားေကာင္းတစ္ကားကေတာ့ MIDB ရဲ႕ Rating သတ္မွတ္ခ်က္စည္းကမ္းေတြအရ ၈ ရက္ ေအာက္တိုဘာလ ၂၀၁၉ ခုႏွစ္ရက္ေန႔မွာ သြားတူေနခဲ့ပါတယ္။ ဒါေပမယ့္ အခုလက္ရိွအခ်ိန္မွာေတာ့ ဒီကိန္းဂဏန္းဟာ အနည္းငယ္ ေျပာင္းလဲသြားနိုင္ပါတယ္။ေနာက္ၿပီး အခ်ိန္တစ္ခုေရာက္တဲ့အခါမွာ Joker 2019 ကပဲ စံခ်ိန္ေကာင္းေတြကို ရယူသြားႏိုင္မလားဆိုတာကေတာ့ စိတ္ဝင္စားစရာပါပဲ ။ ဒီဇာတ္ကား ႏွစ္ကားလံုးဟာ DCEU ထဲက ဇာတ္ကားေတြမဟုတ္တဲ့အတြက္ တစ္ခုခုဆိုရင္ေတာ့ Comic Theory ႀကီးနဲ႔တိုင္းတာၿပီး ဆံုးျဖတ္ေဝဖန္ရမယ့္ ဇာတ္ကားေတြေတာ့ မဟုတ္ၾကပါဘူး ။




Unicode

အခုကျနော်တို့ ဖော်ပြပေးသွားမယ့် သတင်းလေးကတော့ ကြည့်ရှုသူတွေကို တကယ်ကို ပွဲဆူစေခဲ့တဲ့ DC ရဲ့ Comic ဇာတ်ကောင်တွေကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားနှစ်ကားဟာ မယုံကြည်နိုင်လောက်အောင်ကိုပဲ MIDB ရဲ့ Rating သတ်မှတ်ချက်တွေထဲမှာ တကယ့်ကို စံချိန်ကောင်းတွေ ရနေတဲ့ ဇာတ်ကား နှစ်ကား အကြောင်းကို အနည်းငယ်စီဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒီအကြောင်းကို မပြောခင်အချိန်ကတည်း ဘယ်ဇာတ်လမ်းတွေလဲဆိုတာကိုတော့ ခေါင်းစဉ်မှာ သိရှိပြီးဖြစ်မှာပါ ။ ကျနော်တို့ ပြောပြသွားတဲ့ အကြောင်းအရာလေးကို ဖတ်ရှုပြီးသွားရင်လည်း မိတ်ဆွေတို့ရဲ့ အမြင်တွေကို အောက်မှာ ဆက်လက်ဆွေးနွေးသွားလို့ ရပါနော်။



The Dark Knight ဆိုတဲ့ နာမည်ကိုကြားလိုက်တာနဲ့ Christopher Nolan ရဲ့ စိတ်ကူးယဉ်ဖန်တီးမှုတွေနဲ့ ကြည့်ရှုသူတွေကို ဖမ်းစားနိုင်ခဲ့တဲ့ Batman Trilogy ထဲက တစ်ကားဆိုတာကို ကောင်းကောင်းကြီးသိကြပြီးသား ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အရှိန်ဝါကတော့ တကယ်ကို မသေးလှပါဘူး ။ Christian Bale ရဲ့ Batman နဲ့ Heath Ledger ရဲ့ Joker ဇာတ်ရုပ်တွေကတော့ တကယ်ကို ပြောစမှတ်တွင်လောက်အောင် ကောင်းမွန်ခဲ့ပါတယ်။ အဲ့ဒီလိုကောင်းမွန်မှုတွေအပြင် MIDB ရဲ့ အကြည့်သင့်ဆုံး ရုပ်ရှင်တွေထဲမှာလည်း စာရင်းသွင်းခံထားရတဲ့ ဇာတ်ကားကောင်း တစ်ကားပါ။ နောက်ပိုင်းတွေမှာ Joker (Suicide Squad) ဇာတ်ကောင်တစ်ခုကို ထုတ်ပြခဲ့ပေမယ့်လည်း HL ရဲ့ Joker နဲ့ မီးမောင်းထိုးပြီး ပေတံလုပ်တိုင်းတာခြင်းကို ခံခဲ့ရပြီး တကယ်ကို စုတ်ပြတ်သတ်နေအောင် ဝေဖန်ခံခဲ့ရပါတယ်။

အခု ဒီနှစ်ထဲမှာ ရုံတင်မယ် ကြားကတည်းက ဝေဖန်သံတွေ ဆူညံနေခဲ့ပေမယ့် တကယ် ရုံတွေပေါ်ရောက်လာချိန်မှာ ဝေဖန်သံတွေ တိတ်သွားစေခဲ့တဲ့ Jouaquin Phoenix ရဲ့ Joker ကိုလည်း The Dark Knight ထဲက Joker နဲ့ နှိုင်းယှဉ်ဖော်ပြခြင်းတွေကို ခံခဲ့ရပါသေးတယ်။ ဒါပေမယ့် အဲ့ဒီလို ဝေဖန်နေကြတဲ့ သူတွေဟာ ဘဝကြီးထဲမှာ ရုပ်ရှင်တကားရဲ့ လွှမ်းမိုးခြင်းကို နှစ်ပေါင်းအတော်ကြာအောင် ခံထားရတဲ့ လူတွေပဲ ဆိုတာကတော့ ကျနော်တို့ အလွယ်လေးသိနိုင်ပါတယ်။ JP ရဲ့ Joker ကလည်း မတူညီတဲ့ လမ်းကလာပြီး အခုချိန်မှာ အောင်မြင်မှုတွေ ဆက်တိုက်ရယူနိုင်နေပြီး Rating ကြမ်းကြမ်းကြီးတွေရထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ ။ ဒီလို ဇာတ်ကားကောင်းတစ်ကားကတော့ MIDB ရဲ့ Rating သတ်မှတ်ချက်စည်းကမ်းတွေအရ ၈ ရက် အောက်တိုဘာလ ၂၀၁၉ ခုနှစ်ရက်နေ့မှာ သွားတူနေခဲ့ပါတယ်။ ဒါပေမယ့် အခုလက်ရှိအချိန်မှာတော့ ဒီကိန်းဂဏန်းဟာ အနည်းငယ် ပြောင်းလဲသွားနိုင်ပါတယ်။နောက်ပြီး အချိန်တစ်ခုရောက်တဲ့အခါမှာ Joker 2019 ကပဲ စံချိန်ကောင်းတွေကို ရယူသွားနိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ ။ ဒီဇာတ်ကား နှစ်ကားလုံးဟာ DCEU ထဲက ဇာတ်ကားတွေမဟုတ်တဲ့အတွက် တစ်ခုခုဆိုရင်တော့ Comic Theory ကြီးနဲ့တိုင်းတာပြီး ဆုံးဖြတ်ဝေဖန်ရမယ့် ဇာတ်ကားတွေတော့ မဟုတ်ကြပါဘူး ။