The Rock နဲ႕သူနဲ႕ နပန္းသတ္ရင္ က်ေနာ္ပဲ ရႈံးမွာပါဆိုတဲ့ John Cena

အေမရိကန္ လူမ်ိဳး ပေရာဖက္ရွင္နယ္ နပန္းသမား ၊ Rapper ၊သ႐ုပ္ေဆာင္ အစီစဥ္တင္ဆက္သူ တစ္ေယာက္ အျဖစ္နဲ႕ လူသိမ်ားတဲ့ John Cena ႀကီးကိုေတာ့ အားလုံးလည္း သိၾကမယ္ထင္ပါတယ္။သူကေတာ့ ၁၉၉၉ခုႏွစ္ကတည္းကေန နပန္းေလာက ကိုစတင္ဝင္ေရာက္ခဲ့သူတစ္ဦးလည္းျဖစ္ပါတယ္။ သူရဲ႕ နပန္းစင္ျမင္ေပၚတက္လာတဲ့ သီခ်င္းကိုလည္း သူကိုယ္တိုင္ေရးစပ္သီကုံး ထားၿပီး မင္းတို႔အခ်ိန္ေတြကုန္ဆုံး သြားၿပီး အခုကငါ့အခ်ိန္ပဲ ဆိုတဲ့ စာသားေတြကေတာ့ သူနဲ႕ တကယ္ကို လိုက္ဖက္လွပါတယ္။ နပန္းခ်ံပီယံတစ္ေယာက္ ျဖစ္တဲ့ သူကေတာ့ သ႐ုပ္ေဆာင္ဘက္မွာ ေခသူမဟုတ္ပါဘူး ။

သူကေတာ့ E News နဲ႕ အင္တာဗ်ဳးတစ္ခုမွာေတာ့ သူယွဥ္ၿပိဳင္ထိုးသတ္ခ်င္တဲ့ သူတစ္ေယာက္ကို ထုတ္ေဖာ္ေျပာျပသြားပါတယ္။ သူကေတာ့ နပန္းေလာကရဲ႕ God လို႔ေတာင္ တင္စားေခၚေဝၚရတဲ့ The Rock ႀကီးနဲ႕ တပြဲေလာက္ ေရကုန္ေရခန္း ယွဥ္ၿပိဳင္ခ်င္ပါသတဲ့ ။ ဒါေပမယ့္ အေတြး‌နဲ႕ေတာင္ The Rock ကို အနိုင္ယူဖို႔ မလြယ္ကူပါဘူးတဲ့ ။ က်ေနာ္ ရႈံးေတာင္ ရႈံးသြားနိုင္တယ္ လို႔ေျပာထားပါတယ္ ။

src=”https://cantwait2say.com/wp-content/uploads/2019/10/1-44.jpg” alt=”” width=”800″ height=”533″ class=”aligncenter size-full wp-image-32618″ />



The Rock ကေတာ့ တခ်ိန္တုန္းက ကမာၻ႔အေကာင္းဆုံး နပန္းသမားအျဖစ္သတ္မွတ္ခံထားရသူျဖစ္ၿပီး ခ်န္ပီယံလည္းအႀကိမ္ႀကိမ္ရဖူးတဲ့သူပါ။ Scorpion King ႐ုပ္ရွင္နဲ႕ သ႐ုပ္ေဆာင္ေလာကကို‌ ေျခခ်ခဲ့ၿပီး အခုေနာက္ပိုင္းမွာ အက္ရွင္အသားေပးဇာတ္လမ္းေတြမွာ ပါဝင္သ႐ုပ္ေဆာင္ရိုက္ကူးေန႐ုံသာမက ဟာသ ၊ Animation႐ုပ္ရွင္ေတြမွာ ေနာက္ခံ အသံသ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ေရာ ႐ုပ္ရွင္သီခ်င္းေတြကိုပါ သီဆိုေနသူတစ္ေယာက္ ျဖစ္ပါတယ္ ။ တကယ္လို႔မ်ား John Cena နဲ႕ The Rock ႀကီးသာ တစ္ပြဲေလာက္ထိုးသတ္ၾကမယ္ ဆိုရင္ ဘယ္သူက ခ်န္ပီယံျဖစ္ၿပီး အနိုင္ယူသြားနိုင္မလဲဆိုတာက စိတ္ဝင္စား စရာပါပဲ ။ မိတ္ေဆြတို႔ရဲ႕ အျမင္ေလးေတြကိုလည္း ျပန္လည္ေဝမွ်သြားၾကပါဦး ခင္ဗ်ာ ။




Unicode

အမေရိကန် လူမျိုး ပရောဖက်ရှင်နယ် နပန်းသမား ၊ Rapper ၊သရုပ်ဆောင် အစီစဉ်တင်ဆက်သူ တစ်ယောက် အဖြစ်နဲ့ လူသိများတဲ့ John Cena ကြီးကိုတော့ အားလုံးလည်း သိကြမယ်ထင်ပါတယ်။သူကတော့ ၁၉၉၉ခုနှစ်ကတည်းကနေ နပန်းလောက ကိုစတင်ဝင်ရောက်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ သူရဲ့ နပန်းစင်မြင်ပေါ်တက်လာတဲ့ သီချင်းကိုလည်း သူကိုယ်တိုင်ရေးစပ်သီကုံး ထားပြီး မင်းတို့အချိန်တွေကုန်ဆုံး သွားပြီး အခုကငါ့အချိန်ပဲ ဆိုတဲ့ စာသားတွေကတော့ သူနဲ့ တကယ်ကို လိုက်ဖက်လှပါတယ်။ နပန်းချံပီယံတစ်ယောက် ဖြစ်တဲ့ သူကတော့ သရုပ်ဆောင်ဘက်မှာ ခေသူမဟုတ်ပါဘူး ။

သူကတော့ E News နဲ့ အင်တာဗျုးတစ်ခုမှာတော့ သူယှဉ်ပြိုင်ထိုးသတ်ချင်တဲ့ သူတစ်ယောက်ကို ထုတ်ဖော်ပြောပြသွားပါတယ်။ သူကတော့ နပန်းလောကရဲ့ God လို့တောင် တင်စားခေါ်ဝေါ်ရတဲ့ The Rock ကြီးနဲ့ တပွဲလောက် ရေကုန်ရေခန်း ယှဉ်ပြိုင်ချင်ပါသတဲ့ ။ ဒါပေမယ့် အတွေး‌နဲ့တောင် The Rock ကို အနိုင်ယူဖို့ မလွယ်ကူပါဘူးတဲ့ ။ ကျနော် ရှုံးတောင် ရှုံးသွားနိုင်တယ် လို့ပြောထားပါတယ် ။



The Rock ကတော့ တချိန်တုန်းက ကမ္ဘာ့အကောင်းဆုံး နပန်းသမားအဖြစ်သတ်မှတ်ခံထားရသူဖြစ်ပြီး ချန်ပီယံလည်းအကြိမ်ကြိမ်ရဖူးတဲ့သူပါ။ Scorpion King ရုပ်ရှင်နဲ့ သရုပ်ဆောင်လောကကို‌ ခြေချခဲ့ပြီး အခုနောက်ပိုင်းမှာ အက်ရှင်အသားပေးဇာတ်လမ်းတွေမှာ ပါဝင်သရုပ်ဆောင်ရိုက်ကူးနေရုံသာမက ဟာသ ၊ Animationရုပ်ရှင်တွေမှာ နောက်ခံ အသံသရုပ်ဆောင်တစ်ယောက်အဖြစ်ရော ရုပ်ရှင်သီချင်းတွေကိုပါ သီဆိုနေသူတစ်ယောက် ဖြစ်ပါတယ် ။ တကယ်လို့များ John Cena နဲ့ The Rock ကြီးသာ တစ်ပွဲလောက်ထိုးသတ်ကြမယ် ဆိုရင် ဘယ်သူက ချန်ပီယံဖြစ်ပြီး အနိုင်ယူသွားနိုင်မလဲဆိုတာက စိတ်ဝင်စား စရာပါပဲ ။ မိတ်ဆွေတို့ရဲ့ အမြင်လေးတွေကိုလည်း ပြန်လည်ဝေမျှသွားကြပါဦး ခင်ဗျာ ။