The Voice ကေနအနားယူၿပီးၿပီး မိသားစုကို အခ်ိန္ေပးေနတဲ့ Adam Levine

Pay Phone , Girl like you သီခ်င္းေတြနဲ႕ ျမန္မာပရိသတ္ေတြသိလာတဲ့ Maroon 5 က အဆိုေတာ့ Adam Levine ကိုအထူးတလည္ မိတ္ဆက္ေပးေနစရာလိုပါဘူး ။ The Voice America လို ကမာၻ႔အေအာင္ျမင္ဆုံး အဆိုၿပိဳင္ပြဲတစ္ခုမွာ လည္း ဒိုင္အျဖစ္ season ေတြ အမ်ားႀကီး တာ၀န္ယူ လုပ္ကိုင္ခဲ့ေသးပါတယ္ ။ အဲ့ဒီမွာလည္း ပရိသတ္ေတြ ရဲ႕ အႀကိဳက္ ၿပိဳင္ပြဲဝင္ေတြကို အေရာင္အေသြးေတာက္ပလာေအာင္ ေသြးနိုင္သူတစ္ဦးပါ ။ဒါေပမယ့္ adam ကေတာ့ေမလတုန္းက The Voice ရဲ႕ ဒိုင္တစ္ဦးအျဖစ္ကေန ႏုတ္ထြက္ခဲ့ပါတယ္ ။

အဲဒီလိုႏုတ္ထြက္ခဲ့ၿပီးေနာက္ပိုင္းမွာ Adam က ကင္မရာေတြရဲ႕ေရွ႕ကေန ေပ်ာက္ကြယ္သြားခဲ့ပါတယ္ ။ သူအဲ့ဒီေပ်ာက္ကြယ္သြားရျခင္းရဲ႕ အေၾကာင္းကေတာ့ သူဟာ သူနဲ႕သူ႔ခ်စ္သူ Behati Prinsloo တို႔ရဲ႕ သမီးေလးအတြက္သာ အခ်ိန္ေပးၿပီး အေဖတစ္ေယာက္ရဲ႕ တာဝန္ေတြကို ျဖည့္ဆည္းေပးေနတာ ျဖစ္ပါတယ္။ အသက္ ၄၀ အရြယ္ရိွေနၿပီျဖစ္တဲ့ Adman က Ellen DeGeneres နဲ႔ ေအာက္တိုဘာ လ ၇ ရက္ တနလၤာေန႔က ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးအစီစဥ္မွာေတာ့ “ က်ေနာ္ဖန္တီးရယူလိုက္တဲ့ အခုခ်ိန္တိုတိုေလးကေတာ့ တကယ့္ကို က်ေနာ့္ဘဝ အတြက္ အေကာင္းဆံုးအခ်ိန္ေတြပါပဲ က်ေနာ့္မိသားစုေလးအတြက္ အစားထိုးလို႔မရတဲ့အခ်ိန္ေတြေပါ့”ဆိုၿပီးေျပာသြားခဲ့ပါတယ္။



သူမွာ တစ္ခ်ိန္က်ရင္ မိသားစုအတြက္ အခ်ိန္ေပးၿပီး ဘဝကို ေအးေအးလူလူျဖတ္သန္းသြားခ်င္ေၾကာင္းကိုလည္း ဒီအခ်ိန္ေတြမတိုင္ခင္က ေျပခဲ့ဖူးပါေသးတယ္။ သီခ်င္းဆိုရတဲ့ဘဝမွာ သိပ္မေပ်ာ္ရႊင္ေတာ့ဘူးဆိုတဲ့ Adam တစ္ေယာက္ကေတာ့ ဒီလုိမိသားစုေလးပိုင္ဆိုင္ထားရတာဟာ သူ႔အတြက္ တကယ့္ကို နိဗၺာန္ဘံုပါပဲ။ တစ္ခ်ိန္ခ်ိန္က်ရင္ေတာ့ ေဖ်ာ္ေျဖေရးေလာကထဲကို ျပန္ဝင္လာပါဦးမယ္လို႔လည္း ေျပာသြားပါေသးတယ္။ Adam တစ္ေယာက္ ေပ်ာ္ရႊင္စရာမိသားစုေလးကိုပိုင္ဆိုင္ႏိုင္ရံုမကဘဲ အႏုပညာအလုပ္ေတြကိုလည္း အရိွန္နဲ႔ ဆက္လက္လုပ္ကိုင္သြားပါေစလို႔လည္း သူ႔ပရိသတ္ေတြက ဆုေတာင္းေနၾကပါတယ္။




Unicode

Pay Phone , Girl like you သီချင်းတွေနဲ့ မြန်မာပရိသတ်တွေသိလာတဲ့ Maroon 5 က အဆိုတော့ Adam Levine ကိုအထူးတလည် မိတ်ဆက်ပေးနေစရာလိုပါဘူး ။ The Voice America လို ကမ္ဘာ့အအောင်မြင်ဆုံး အဆိုပြိုင်ပွဲတစ်ခုမှာ လည်း ဒိုင်အဖြစ် season တွေ အများကြီး တာဝန်ယူ လုပ်ကိုင်ခဲ့သေးပါတယ် ။ အဲ့ဒီမှာလည်း ပရိသတ်တွေ ရဲ့ အကြိုက် ပြိုင်ပွဲဝင်တွေကို အရောင်အသွေးတောက်ပလာအောင် သွေးနိုင်သူတစ်ဦးပါ ။ဒါပေမယ့် adam ကတော့မေလတုန်းက The Voice ရဲ့ ဒိုင်တစ်ဦးအဖြစ်ကနေ နုတ်ထွက်ခဲ့ပါတယ် ။



အဲဒီလိုနုတ်ထွက်ခဲ့ပြီးနောက်ပိုင်းမှာ Adam က ကင်မရာတွေရဲ့ရှေ့ကနေ ပျောက်ကွယ်သွားခဲ့ပါတယ် ။ သူအဲ့ဒီပျောက်ကွယ်သွားရခြင်းရဲ့ အကြောင်းကတော့ သူဟာ သူနဲ့သူ့ချစ်သူ Behati Prinsloo တို့ရဲ့ သမီးလေးအတွက်သာ အချိန်ပေးပြီး အဖေတစ်ယောက်ရဲ့ တာဝန်တွေကို ဖြည့်ဆည်းပေးနေတာ ဖြစ်ပါတယ်။ အသက် ၄၀ အရွယ်ရှိနေပြီဖြစ်တဲ့ Adman က Ellen DeGeneres နဲ့ အောက်တိုဘာ လ ၇ ရက် တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီစဉ်မှာတော့ “ ကျနော်ဖန်တီးရယူလိုက်တဲ့ အခုချိန်တိုတိုလေးကတော့ တကယ့်ကို ကျနော့်ဘဝ အတွက် အကောင်းဆုံးအချိန်တွေပါပဲ ကျနော့်မိသားစုလေးအတွက် အစားထိုးလို့မရတဲ့အချိန်တွေပေါ့”ဆိုပြီးပြောသွားခဲ့ပါတယ်။

သူမှာ တစ်ချိန်ကျရင် မိသားစုအတွက် အချိန်ပေးပြီး ဘဝကို အေးအေးလူလူဖြတ်သန်းသွားချင်ကြောင်းကိုလည်း ဒီအချိန်တွေမတိုင်ခင်က ပြေခဲ့ဖူးပါသေးတယ်။ သီချင်းဆိုရတဲ့ဘဝမှာ သိပ်မပျော်ရွှင်တော့ဘူးဆိုတဲ့ Adam တစ်ယောက်ကတော့ ဒီလိုမိသားစုလေးပိုင်ဆိုင်ထားရတာဟာ သူ့အတွက် တကယ့်ကို နိဗ္ဗာန်ဘုံပါပဲ။ တစ်ချိန်ချိန်ကျရင်တော့ ဖျော်ဖြေရေးလောကထဲကို ပြန်ဝင်လာပါဦးမယ်လို့လည်း ပြောသွားပါသေးတယ်။ Adam တစ်ယောက် ပျော်ရွှင်စရာမိသားစုလေးကိုပိုင်ဆိုင်နိုင်ရုံမကဘဲ အနုပညာအလုပ်တွေကိုလည်း အရှိန်နဲ့ ဆက်လက်လုပ်ကိုင်သွားပါစေလို့လည်း သူ့ပရိသတ်တွေက ဆုတောင်းနေကြပါတယ်။

Tags:

Leave a Reply