Troll ကြတဲ့ ပုံလေးကို ဘောင်နဲ့ထည့်ပြီး သိမ်းထားတ်ယဆိုတဲ့ Mary

0
62

သူများတွေနဲ့မတူပဲ ကွဲထွက်နေတဲ့ သီချင်းဆိုဟန်လေးရယ်၊ ချစ်စရာကောင်းတဲ့ ရုပ်ရည်သွင်ပြင်လေးကြောင့် ပရိသတ်အားပေးမှု အခိုင်အမာကို ရရှိထားတဲ့ အဆိုတော်Mary ကတော့ လက်ရှိမှာ သူ့အခွေသစ်လေးကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ Mary ကတော့ မြန်မာသီချင်းကိုမှ ကိုယ်ပိုင်ဟန်နဲ့ ဆိုတတ်ပြီး သီချင်းတော်တော်များများကိုလည်း ကိုယ်တိုင်ခံစားချက်နဲ့ ရေးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အရည်အချင်းရှိတဲ့ လူငယ်တယောက်ဆိုလည်း မမှားပါဘူး။ နောက်တခုကတော့ Mary ရဲ့ ချစ်စရာပုံလေးကို Facebook ပေါ်တွေမှာ Troller တွေကတော့ Template တခုအဖြစ် အသုံးပြုနေကြတာ ဖြစ်ပြီး ယင်းကိစ္စနဲ့ ပတ်သက်လို့ Mary ကဖြေရှင်းသွားခဲ့ပါတယ်။

Mary ကတော့ 8 Day နဲ့ အင်တာဗျုးမှာတော့ ကိုယ့်ပုံကို Troll ကြတဲ့အပေါ် “Mary ကိုယ်တိုင်လည်း အဲ့လို Troll တဲ့ပုံလေးတွေကို ပြန်ထုတ်ထားတယ်။ Frame လေးထဲထည့်ပြီးတော့ Mary အခန်းထဲမှာ ထားထားပါတယ်။ အဲ့လို Troll တဲ့အတွက်လည်း Mary ကိုအမြဲတွေ့နေရတယ်ပေါ့နော်။ ပြီးတော့ ဟာသတခုလည်း ဖြစ်မှာပါ”

သရုပ်ဆောင်လုပ်ဖို့ရော အစီအစဉ်ရှိလားဆိုတဲ့အပေါ် “အဆိုပိုင်းပဲ အားသာပါတယ်။ သီချင်းဆိုနေရရင် ပျော်ပါတယ်။ အဆိုပိုင်းပဲ များများလုပ်သွားမှာပါ။ ဒီကြားထဲတော့ ကြော်ငြာတွေ ဘာတွေ ရိုက်သွားဖို့ ရှိပါတယ်။ ဟိုအရင်က ရုပ်ရှင်တွေ ကမ်းလှမ်းတာရှိပါတယ်။ ဒါပေမယ့်လည်း အဆင်သင့်မဖြစ်သေးတာကြောင့် မလုပ်တတ်ဘူးဆိုပြီး ငြင်းဖူးပါတယ်။ အခုနောက်ပိုင်းမှာတော့ ကမ်းလှမ်းတာတွေ မရှိပါဘူး။ ကိုယ်မလုပ်နိုင်တဲ့အရာကြီးကိုလည်း လက်မခံချင်ဘူးပေါ့နော်။ အရင်ဆုံး ကြော်ငြာလေးတွေ MTV တွေထဲမှာ နည်းနည်း သရုပ်ဆောင်ပြီးရင်တော့ သရုပ်ဆောင်ပိုင်းကို သွားဖို့ အစီအစဉ်ရှိပါတယ်”

“Depression ကတော့ လူတိုင်းမှာ ဝင်တတ်ပါတယ်။ Mary ကျတော့ Depression ဝင်လာပြီဆိုရင်တော့ သူများကို ရင်ဖွင့်နေမယ့် အစား သီချင်းတွေ ချရေးလိုက်တယ်။ အဲ့ဒါကြောင့်လည်း သီချင်းလေးတွေက အလို ပုံလေးတွေ ထွက်နေတယ် ထင်ပါတယ်။ အိမ်မက်တွေနဲ့ကတော့ ထပ်တူမကျသေးပါဘူး။ Mary က အားလုံးကို ညီတူညီမျှဖြစ်ချင်ပါတယ်။ အခုက အဲ့လိုမဖြစ်သေးတော့ အများကြီး ကြိုးစားဖို့ လိုပါသေးတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here